ပခုက္ကူမြို့ရှိ အသေးစားချေးငွေရုံးတွင် ငွေကိုင်ဝန်ထမ်းအမျိုးသမီးအား သေနတ်ပြခြိမ်းခြောက်ပြီးပစ်ခတ်ခံရ

0
224

ပခုက္ကူမြို့ရှိ အသေးစားချေးငွေရုံးတွင် ငွေကိုင်ဝန်ထမ်းအမျိုးသမီးအား သေနတ်ပြခြိမ်းခြောက်ပြီးပစ်ခတ်ခံရ

မကွေးတိုင်း၊ပခုက္ကူမြို့၊အမှတ်(၆)ရပ်ကွက်၊အောင်မင်္ဂလာလမ်းသွယ်၌ မတ် ၁၅ ရက်နေ့လည် ၁ နာရီခွဲခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

အောင်မင်္ဂလာလမ်းသွယ်ရှိ Hana Microfnance အသေးစားချေးငွေရုံးသို့ ဆိုင်ကယ်စီးလာကာ Mask များတပ်ဆင်ထားသည့် အမည်မသိအမျိုး သားနှစ်ဦးဝင်ရောက်လာပြီး ငွေကိုင်ဝန်ထမ်းဖြစ်သည့် မသီရိထွန်း(၂၉)နှစ်အား သေနတ်ပြခြိမ်း ခြောက်၍ ငွေသေတ္တာဖွင့်ပေးရန်ပြောဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ သေနတ်ပြခြိမ်းခြောက်ငွေတောင်းခံမှုကြောင့် မသီရိထွန်းမှာကြောက်လန့်၍ ရုံးအ နောက်ဘက်အခန်းသို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မသီရိထွန်းအား အမည်မသိအမျိုး သားမှ သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ခဲ့ပြီး ဆိုင်ကယ်ဖြင့်မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်တွင် မသီရိထွန်း၏ ဝဲဘက်တင်ပါး၌ ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိခဲ့သဖြင့် ပခုက္ကူမြို့ပြည်သူ့ဆေးရုံသို့ ဆေးကုသရန်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူနှစ်ဦးအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များ ပိတ်ဆို့စုံစမ်းရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Zaw Gyi

ပခုကၠဴၿမိဳ႕ရွိ အေသးစားေခ်းေငြ႐ုံးတြင္ ေငြကိုင္ဝန္ထမ္းအမ်ိဳးသမီးအား ေသနတ္ျပၿခိမ္းေျခာက္ၿပီးပစ္ခတ္ခံရ

မေကြးတိုင္း၊ပခုကၠဴၿမိဳ႕၊အမွတ္(၆)ရပ္ကြက္၊ေအာင္မဂၤလာလမ္းသြယ္၌ မတ္ ၁၅ ရက္ေန႔လည္ ၁ နာရီခြဲခန္႔ကျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း နစက မွထုတ္ျပန္ခဲ့သည္။

ေအာင္မဂၤလာလမ္းသြယ္ရွိ Hana Microfnance အေသးစားေခ်းေငြ႐ုံးသို႔ ဆိုင္ကယ္စီးလာကာ Mask မ်ားတပ္ဆင္ထားသည့္ အမည္မသိအမ်ိဳး သားႏွစ္ဦးဝင္ေရာက္လာၿပီး ေငြကိုင္ဝန္ထမ္းျဖစ္သည့္ မသီရိထြန္း(၂၉)ႏွစ္အား ေသနတ္ျပၿခိမ္း ေျခာက္၍ ေငြေသတၱာဖြင့္ေပးရန္ေျပာဆိုခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ေသနတ္ျပၿခိမ္းေျခာက္ေငြေတာင္းခံမႈေၾကာင့္ မသီရိထြန္းမွာေၾကာက္လန္႔၍ ႐ုံးအ ေနာက္ဘက္အခန္းသို႔ ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ မသီရိထြန္းအား အမည္မသိအမ်ိဳး သားမွ ေသနတ္ျဖင့္ ၂ ခ်က္ပစ္ခတ္ခဲ့ၿပီး ဆိုင္ကယ္ျဖင့္ေမာင္းႏွင္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္တြင္ မသီရိထြန္း၏ ဝဲဘက္တင္ပါး၌ က်ည္ေဖာက္ဝင္ဒဏ္ရာတစ္ခ်က္ရရွိခဲ့သျဖင့္ ပခုကၠဴၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ ေဆးကုသရန္ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွျပစ္မႈက်ဴးလြန္သူႏွစ္ဦးအား ဖမ္းဆီးရမိေရးအတြက္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ား ပိတ္ဆို႔စုံစမ္းရွာေဖြစစ္ေဆးမႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here