အရေးပေါ်ကာလအတွင်း ပြည်သူပြည်သားများ၏ စားဝတ်နေရေးဖူလုံရေး အတတ်နိုင်ဆုံး အကောင်အထည်ဖော်ပေးသွားမည်ဟု နစကဥက္ကဋ္ဌ ကတိပြု

0
132

(Unicode)

အရေးပေါ်ကာလအတွင်း ပြည်သူပြည်သားများ၏ စားဝတ်နေရေးဖူလုံရေး အတတ်နိုင်ဆုံး အကောင်အထည်ဖော်ပေးသွားမည်ဟု နစကဥက္ကဋ္ဌ ကတိပြု

အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂)ကို မတ်လ၁၅ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသား စီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊နစက ဥက္ကဋ္ဌ တက်ရောက် အမှာစကားပြောကြားစဉ် ကတိပြုခဲ့ခြင်းဖြစ်သည်။

လာမည့်ဘဏ္ဍာရေးနှစ်သည် ဘဏ္ဍာရေးနှစ် သစ်ဖြစ်သည့် ဧပြီလမှ မတ်လအထိကာလကို စတင်အကောင်အထည် ဖော်ဆောင်ရွက်ရမည်ဖြစ်ပြီး၊ နှစ်သစ်တွင် လုပ်ဆောင်မှုများ အားလုံးကို မှတ်တမ်းမှတ်ရာများထားရှိ၍ ရဲရဲတင်းတင်းဖြင့် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းလည်းမှာကြားသည်။

ယင်းအပြင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းသည် အမျိုးသားဖွံ့ဖြိုးမှု(၅)နှစ် စီမံကိန်းမူဘောင်ကို အခြေခံပြီးရေးဆွဲ ထားသည်ဖြစ်၍ နောင်ကာလများတွင် တာဝန်ယူ ဆောင်ရွက်မည့် အစိုးရများက ပြန်လည်သုံးသပ်ဆောင်ရွက်သွားရန်၊နစက တာဝန်ယူနေသည့် အရေးပေါ်ကာလတွင် ပြည်သူပြည်သားများ၏ စားဝတ်နေရေးဖူလုံရေးနှင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များကို တစ်ဆင့်ပြီးတစ်ဆင့်ပြီးမြောက်စေရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပြီး နိုင်ငံတော်က ချမှတ်ထားသည့် ဦးတည်ချက်များကို အတတ်နိုင်ဆုံး အကောင်အထည်ဖော် နိုင်ရေးကို လည်း ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

နစကသည် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ကိုအားပေးမြှင့်တင်မည့်အပြင် လာမည့်နှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူပြုသည့် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ပြည်သူ လူထု၏ စားဝတ်နေမှုဖူလုံစေရေးများကို အလေးထား ဦးစားပေး ဆောင်ရွက်သွားမည်ဟုလည်းပြောကြားသည်။

သက်ဆိုင်ရာဌာနများနှင့် တိုင်းဒေသကြီး / ပြည်နယ် အစိုးရများ အနေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်နိုင်မှုကို စနစ်တကျမှတ်တမ်းတင်ပြီး အစီရင်ခံရမည်ဟုပါ ထည့်သွင်းပြောကြားခဲ့သည်။

ယင်းအပြင် ဆောင်ရွက်ဆဲ စီမံကိန်းကြီးများ အမြန်ဆုံး ပြီးပြတ်စေရေးနှင့် စီမံကိန်း၏ အကျိုးရလဒ်များကို ပြည်သူများ အမြန်ဆုံးရရှိ ခံစားနိုင်စေရေးဆောင်ရွက်သွားရန်၊ ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေး လုပ်ငန်းများကို ပြန်လည်ဦးမော့စေရန် ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ဆောင်ရွက်ပေးရန်၊ရပ်ဆိုင်းထားသည့် စက်ရုံ၊ အလုပ်ရုံများကို သတ်မှတ်အချိန်အတိုင်း လည်ပတ် နိုင်ရေးနှင့် အသစ်ဝင်ရောက် ရင်းနှီးမြှုပ်နှံသူများကို ရင်းနှီးမြှုပ်နှံမှု မပြုလုပ်နိုင်ရေး အတွက် ခြိမ်းခြောက်ဟန့်တားနေမှုများကိုလည်း ဥပဒေနှင့်အညီ ဖော်ထုတ် အရေးယူ နိုင်ရေးကို ဆောင်ရွက်ကြရန်ပါ မှာကြားခဲ့သည်ဟုသိရသည်။

(Zawgyi)

အေရးေပၚကာလအတြင္း ျပည္သူျပည္သားမ်ား၏ စားဝတ္ေနေရးဖူလုံေရး အတတ္ႏိုင္ဆုံး အေကာင္အထည္ေဖာ္ေပးသြားမည္ဟု နစကဥကၠ႒ ကတိျပဳ

အမ်ိဳးသားစီမံကိန္းေကာ္မရွင္ အစည္းအေဝးအမွတ္စဥ္ (၁/၂၀၂၂)ကို မတ္လ၁၅ရက္က ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ က်င္းပရာ အမ်ိဳးသား စီမံကိန္းေကာ္မရွင္ဥကၠ႒၊နစက ဥကၠ႒ တက္ေရာက္ အမွာစကားေျပာၾကားစဥ္ ကတိျပဳခဲ့ျခင္းျဖစ္သည္။

လာမည့္ဘ႑ာေရးႏွစ္သည္ ဘ႑ာေရးႏွစ္ သစ္ျဖစ္သည့္ ဧၿပီလမွ မတ္လအထိကာလကို စတင္အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ရမည္ျဖစ္ၿပီး၊ ႏွစ္သစ္တြင္ လုပ္ေဆာင္မႈမ်ား အားလုံးကို မွတ္တမ္းမွတ္ရာမ်ားထားရွိ၍ ရဲရဲတင္းတင္းျဖင့္ ေဆာင္႐ြက္သြားၾကရန္လိုအပ္ေၾကာင္းလည္းမွာၾကားသည္။

ယင္းအျပင္ ၂၀၂၂-၂၀၂၃ ဘ႑ာေရးႏွစ္ အမ်ိဳးသားစီမံကိန္းသည္ အမ်ိဳးသားဖြံ႕ၿဖိဳးမႈ(၅)ႏွစ္ စီမံကိန္းမူေဘာင္ကို အေျခခံၿပီးေရးဆြဲ ထားသည္ျဖစ္၍ ေနာင္ကာလမ်ားတြင္ တာဝန္ယူ ေဆာင္႐ြက္မည့္ အစိုးရမ်ားက ျပန္လည္သုံးသပ္ေဆာင္႐ြက္သြားရန္၊နစက တာဝန္ယူေနသည့္ အေရးေပၚကာလတြင္ ျပည္သူျပည္သားမ်ား၏ စားဝတ္ေနေရးဖူလုံေရးႏွင့္ ႏိုင္ငံေတာ္၏ ေရွ႕လုပ္ငန္းစဥ္မ်ားကို တစ္ဆင့္ၿပီးတစ္ဆင့္ၿပီးေျမာက္ေစရန္အတြက္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ သြားမည္ျဖစ္ၿပီး ႏိုင္ငံေတာ္က ခ်မွတ္ထားသည့္ ဦးတည္ခ်က္မ်ားကို အတတ္ႏိုင္ဆုံး အေကာင္အထည္ေဖာ္ ႏိုင္ေရးကို လည္း ေဆာင္႐ြက္သြားမည္ဟု ေျပာၾကားခဲ့သည္။

နစကသည္ ျပည္တြင္းစီးပြားေရးလုပ္ငန္းမ်ား ကိုအားေပးျမႇင့္တင္မည့္အျပင္ လာမည့္ႏွစ္တြင္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ အေထာက္အကူျပဳသည့္ ကုန္ထုတ္လုပ္မႈႏွင့္ ဝန္ေဆာင္မႈလုပ္ငန္းမ်ား၊ ျပည္သူ လူထု၏ စားဝတ္ေနမႈဖူလုံေစေရးမ်ားကို အေလးထား ဦးစားေပး ေဆာင္႐ြက္သြားမည္ဟုလည္းေျပာၾကားသည္။

သက္ဆိုင္ရာဌာနမ်ားႏွင့္ တိုင္းေဒသႀကီး / ျပည္နယ္ အစိုးရမ်ား အေနျဖင့္ အေကာင္ အထည္ေဖာ္ေဆာင္႐ြက္ႏိုင္မႈကို စနစ္တက်မွတ္တမ္းတင္ၿပီး အစီရင္ခံရမည္ဟုပါ ထည့္သြင္းေျပာၾကားခဲ့သည္။

ယင္းအျပင္ ေဆာင္႐ြက္ဆဲ စီမံကိန္းႀကီးမ်ား အျမန္ဆုံး ၿပီးျပတ္ေစေရးႏွင့္ စီမံကိန္း၏ အက်ိဳးရလဒ္မ်ားကို ျပည္သူမ်ား အျမန္ဆုံးရရွိ ခံစားႏိုင္ေစေရးေဆာင္႐ြက္သြားရန္၊ ကိုဗစ္-၁၉ ေၾကာင့္ ထိခိုက္ခဲ့သည့္ စီးပြားေရး လုပ္ငန္းမ်ားကို ျပန္လည္ဦးေမာ့ေစရန္ ျဖစ္ႏိုင္သမွ် နည္းလမ္းမ်ားျဖင့္ ေဆာင္႐ြက္ေပးရန္၊ရပ္ဆိုင္းထားသည့္ စက္႐ုံ၊ အလုပ္႐ုံမ်ားကို သတ္မွတ္အခ်ိန္အတိုင္း လည္ပတ္ ႏိုင္ေရးႏွင့္ အသစ္ဝင္ေရာက္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားကို ရင္းႏွီးျမႇဳပ္ႏွံမႈ မျပဳလုပ္ႏိုင္ေရး အတြက္ ၿခိမ္းေျခာက္ဟန႔္တားေနမႈမ်ားကိုလည္း ဥပေဒႏွင့္အညီ ေဖာ္ထုတ္ အေရးယူ ႏိုင္ေရးကို ေဆာင္႐ြက္ၾကရန္ပါ မွာၾကားခဲ့သည္ဟုသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here