“ဆွေတော်မျိုးစုံ နဂါးရုံ” ဘုရားတည်ဖို့အတွက် မတည်အလှူငွေအနေနဲ့ အလှူငွေ သိန်း၁၀၀ လှူဒါန်းခဲ့တဲ့ ရှင်ယွန်းမြတ်

0
237

“ဆွေတော်မျိုးစုံ နဂါးရုံ” ဘုရားတည်ဖို့အတွက် မတည်အလှူငွေအနေနဲ့ အလှူငွေ သိန်း၁၀၀ လှူဒါန်းခဲ့တဲ့ ရှင်ယွန်းမြတ်

ရှင်ယွန်းမြတ်ကတော့ မနေ့က မတ်လ ၁၆ရက်နေ့မှာ “ဆွေတော်မျိုးစုံ နဂါးရုံ” ဘုရားတည်ဖို့အတွက် မတည်အလှူငွေအနေနဲ့ အလှူငွေ သိန်း ၁၀၀ လှူဒါန်းခဲ့တဲ့အပြင် နဂါးရုံဘုရားကြီး
မင်္ဂလာရေကန်တော်အတွက် ကျပ် သိန်း၅၀ပါထပ်မံလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

အခုလိုလှူဒါန်းမှုနဲ့ပတ်သက်ပြီး ရှင်ယွန်းမြတ်က ” တပေါင်းလပြည့်နေ့ (၁၆-၃-၂၀၂၂)မှာ
“ဆွေတော်မျိုးစုံ နဂါးရုံ” ဘုရားတည်ဖို့
အုတ်မြစ်ချမင်္ဂလာ ပြုလုပ်ခဲ့ပါတယ်။

 

နဂါးရုံဘုရား လှုချင်လွန်းလို့၂၀၁၆ တည်းက မက်ခဲ့ရတဲ့အိပ်မက်ဟာ၂၀၂၂ မှာ ပြည့်ဝပြီး မင်္ဂလာရှိရှိအောင်အောင်မြင်မြင် အုတ်မြစ်ချလှုဒါန်းနိုင်ခဲ့ပါပြီ။ငွေရှိလည်း အုတ်မြစ်ချ လှုခွင့်မကြုံခဲ့တာနဂါးရုံဘုရားကြီးအတွက်မတည်အလှု တော်ငွေကျပ် သိန်း၁၀၀ နဲ့နဂါးရုံဘုရားကြီး
မင်္ဂလာရေကန်တော်အတွက် ကျပ် သိန်း၅၀
စုစုပေါင်းကျပ်သိန်း ၁၅၀ မတည်လှုဒါန်းထားပါတယ်။

အနုပညာအလုပ်ကရတဲ့ သန့်ရှင်းတဲ့ငွေကြေးနဲ့
လှုဒါန်းတာဖြစ်လို့ ရှင်ရှင့်ကို ချစ်ခင်ကြတဲ့
၇ ရက်သားသမီးအပေါင်း ပြုသမျှကုသိုလ်
ထပ်တူထပ်မျှ ရကြပါစေနော် ” လို့သူမလက်ရှိအသုံးပြုနေတဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

 

အခုလိုလှူဒါန်းဖြစ်တာကတော့ အနုပညာအလုပ်များမှရတဲ့ သန့်ရှင်းတဲ့ငွေကြေးများကိုစူဆောင်းပြီး လှူဒါန်းတာဖြစ်ကြောင်းဆက်လက်ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here