မန္တလေး-မြစ်ကြီးနားသွားကားလမ်းတွင် ခရီးသည်တင်ကား ၃ စီးနှင့်ကိုယ်ပိုင်ကားတစ်စီး ပစ် ခတ်ခံရ ၂ ဦးသေဆုံး

0
240

(Unicode)

မန္တလေး-မြစ်ကြီးနားသွားကားလမ်းတွင် ခရီးသည်တင်ကား ၃ စီးနှင့်ကိုယ်ပိုင်ကားတစ်စီး ပစ် ခတ်ခံရ ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊(၁၁)ပေါက်ကျေး ရွာအနီး၊မန္တလေး-မြစ်ကြီးနားသွားကားလမ်းတွင် မတ် ၁၅ ရက်ည ၁၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

ဖြစ်စဥ်တွင် “သစ္စာလှိုင်”ခရီးသည်တင်ကား၊ “မနောမန္တလာ” ခရီးသည်ကား၊မုံရွာ-နန့်တော်-ကသာပြေးဆွဲသည့် “ချမ်းသာအောင်”ယာဉ်လိုင်းမှခရီးသည်တင် AD Van ကားနှင့် PARADO ကိုယ် ပိုင်ကားတို့ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ ကား ၄ စီးအား လူဦးရေ ၄၀ ဦးခန့်ပါရှိသည့် လက်နက်ကိုင်အဖွဲ့မှ ကန့်ဘလူမြို့နယ်၊(၁၁) ပေါက်ကျေးရွာအထွက်၌ လမ်းဘေး ဝဲ၊ယာမှ တူမီးသေနတ်များဖြင့်ပစ်ခတ်ကာ လမ်းဘေးတွင်ထောင်ထားသည့် လက်လုပ်မိုင်းများဖြင့် ဖောက် ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ခံရမှုကြောင့် “မနောမန္တလာ”ခရီးသည်တင်ကား၊ ယာဉ်နောက်လိုက်ကိုမင်းခန့်(၂၁)နှစ် နှင့်“ချမ်းသာအောင်”ခရီးသည်တင်ကားလိုင်းမှ AD Van ယာဉ်မောင်းတို့သည် တူမီးကျည်ထိမှန်ဒဏ်ရာများဖြင့်သေဆုံးခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

ထို့ပြင် “သစ္စာလှိုင်”ခရီးသည်တင်ကားမောင်းသူ ဦးဇော်ဇော်နိုင်(၄၇)နှစ်၊မောင်ယာဉ်နောက်လိုက် ကိုကျော်မင်းထွန်း(၂၃)နှစ်၊“မနောမန္တလာ”ခရီး သည်တင်ကားမှ ယာဉ်မောင်းဦးရဲဇော်ကို(၃၄)နှစ်၊အကူကားမောင်းသူ ကိုဇော်မျိုးဦး(၃၀)နှစ်၊ယာဉ်မယ် မဇာနော(၁၉)နှစ်၊ခရီးသည်များဖြစ်သည့် ကိုမျိုးသူထွန်း(၂၂)နှစ်၊မမာဌေး(၂၁)နှစ်နှင့်မရီရီရွှေ (၃၁)နှစ်တို့တွင် တူမီးကျည်ထိမှန်ဒဏ်ရာများနှင့်မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ကား ၄ စီးတွင်လည်း မိုင်းစနှင့်တူမီးကျည်များထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံ ရေးအဖွဲ့ဝင်များက ဆေးရုံသို့ဆေးကုသရန်ပို့ ဆောင်ခဲ့ကြပြီး ပြစ်မှုကျူးလွန်သူများအား ဥပ ဒေအရအရေးယူနိုင်ရန် နယ်မြေခံလုံခြုံရေးအဖွဲ့များနှင့်ပူးပေါင်း၍ ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

(Zawgyi)

မႏၲေလး-ျမစ္ႀကီးနားသြားကားလမ္းတြင္ ခရီးသည္တင္ကား ၃ စီးႏွင့္ကိုယ္ပိုင္ကားတစ္စီး ပစ္ ခတ္ခံရ ၂ ဦးေသဆုံး

စစ္ကိုင္းတိုင္း၊ကန္႔ဘလူၿမိဳ႕နယ္၊(၁၁)ေပါက္ေက်း ႐ြာအနီး၊မႏၲေလး-ျမစ္ႀကီးနားသြားကားလမ္းတြင္ မတ္ ၁၅ ရက္ည ၁၁ နာရီခြဲခန္႔က ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း နစက မွထုတ္ျပန္ခဲ့သည္။

ျဖစ္စဥ္တြင္ “သစၥာလႈိင္”ခရီးသည္တင္ကား၊ “မေနာမႏၲလာ” ခရီးသည္ကား၊မုံ႐ြာ-နန႔္ေတာ္-ကသာေျပးဆြဲသည့္ “ခ်မ္းသာေအာင္”ယာဥ္လိုင္းမွခရီးသည္တင္ AD Van ကားႏွင့္ PARADO ကိုယ္ ပိုင္ကားတို႔ ပစ္ခတ္ခံခဲ့ရျခင္းျဖစ္သည္။

အဆိုပါ ကား ၄ စီးအား လူဦးေရ ၄၀ ဦးခန္႔ပါရွိသည့္ လက္နက္ကိုင္အဖြဲ႕မွ ကန႔္ဘလူၿမိဳ႕နယ္၊(၁၁) ေပါက္ေက်း႐ြာအထြက္၌ လမ္းေဘး ဝဲ၊ယာမွ တူမီးေသနတ္မ်ားျဖင့္ပစ္ခတ္ကာ လမ္းေဘးတြင္ေထာင္ထားသည့္ လက္လုပ္မိုင္းမ်ားျဖင့္ ေဖာက္ ခြဲတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ပစ္ခတ္ခံရမႈေၾကာင့္ “မေနာမႏၲလာ”ခရီးသည္တင္ကား၊ ယာဥ္ေနာက္လိုက္ကိုမင္းခန႔္(၂၁)ႏွစ္ ႏွင့္“ခ်မ္းသာေအာင္”ခရီးသည္တင္ကားလိုင္းမွ AD Van ယာဥ္ေမာင္းတို႔သည္ တူမီးက်ည္ထိမွန္ဒဏ္ရာမ်ားျဖင့္ေသဆုံးခဲ့သည္ဟု နစက မွထုတ္ျပန္ခဲ့သည္။

ထို႔ျပင္ “သစၥာလႈိင္”ခရီးသည္တင္ကားေမာင္းသူ ဦးေဇာ္ေဇာ္ႏိုင္(၄၇)ႏွစ္၊ေမာင္ယာဥ္ေနာက္လိုက္ ကိုေက်ာ္မင္းထြန္း(၂၃)ႏွစ္၊“မေနာမႏၲလာ”ခရီး သည္တင္ကားမွ ယာဥ္ေမာင္းဦးရဲေဇာ္ကို(၃၄)ႏွစ္၊အကူကားေမာင္းသူ ကိုေဇာ္မ်ိဳးဦး(၃၀)ႏွစ္၊ယာဥ္မယ္ မဇာေနာ(၁၉)ႏွစ္၊ခရီးသည္မ်ားျဖစ္သည့္ ကိုမ်ိဳးသူထြန္း(၂၂)ႏွစ္၊မမာေဌး(၂၁)ႏွစ္ႏွင့္မရီရီေ႐ႊ (၃၁)ႏွစ္တို႔တြင္ တူမီးက်ည္ထိမွန္ဒဏ္ရာမ်ားႏွင့္မိုင္းစထိမွန္ဒဏ္ရာမ်ားရရွိခဲ့ၿပီး ကား ၄ စီးတြင္လည္း မိုင္းစႏွင့္တူမီးက်ည္မ်ားထိမွန္ပ်က္စီးခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွ ထိခိုက္ဒဏ္ရာရရွိသူမ်ားအား လုံၿခဳံ ေရးအဖြဲ႕ဝင္မ်ားက ေဆး႐ုံသို႔ေဆးကုသရန္ပို႔ ေဆာင္ခဲ့ၾကၿပီး ျပစ္မႈက်ဴးလြန္သူမ်ားအား ဥပ ေဒအရအေရးယူႏိုင္ရန္ နယ္ေျမခံလုံၿခဳံေရးအဖြဲ႕မ်ားႏွင့္ပူးေပါင္း၍ ရွာေဖြစစ္ေဆးမႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here