သန်လျင်မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ထိုင်နေသူနှစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
225

(Unicode)

သန်လျင်မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ထိုင်နေသူနှစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန်မြို့၊သန်လျင်မြို့၊အောင်ချမ်းသာရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ထိုင်နေသည့်အမျိုးသားနှစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရမှု မတ် ၁၆ ရက်ည ၇ နာရီကျော်ခန့်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှသိရသည်။

သေနတ်ဖြင့်ပစ်သတ်ခံရသူနှစ်ဦးသည် ဘုရားကုန်းကျေးရွာနေ ကိုဇင်မင်း(ခ)ဂဏန်း(၄၀)နှစ်နှင့်ဗိုလ်ချုပ်ရွာနေ ကိုထွန်းအေးနိုင်(ခ)တောသားကြီး (အသက်-စီစစ်ဆဲ)တို့ဖြစ်ကြောင်း သိရသည်။

“ရွှေပုံစား စားသောက်ဆိုင်အပေါ်ထပ်မှာပစ်ခံရတာ စားနေတုန်းပစ်ခံရတာ သူတို့ဝိုင်းရဲ့အနောက်တစ်ဝိုင်းကျော်က လူနှစ်ယောက်ကပစ်တာလို့ ကနဦးသိထားတယ်”ဟုရဲအရာရှိတစ်ဦးကပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ကိုဇင်မင်းနှင့်ကိုထွန်းအေးနိုင်တို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌သေဆုံးသွားကြောင်း သိရသည်။

“သေနတ်သံတွေကြားပြီး နည်းနည်းကြာတော့လူနာတင်ကားတွေရောက်လာတယ် အလောင်းတွေကိုဆေးရုံသယ်သွားတာတွေ့လိုက်တယ် ဘာ့ကြောင့်ပစ်ခံရတယ်ဆိုတာကတော့ မသိဘူး”ဟုအောင်ချမ်းသာရပ်ကွက်နေသူတစ်ဦးကပြောသည်။

(Zawgyi)

သန္လ်င္ၿမိဳ႕ရွိ စားေသာက္ဆိုင္တစ္ဆိုင္တြင္ ထိုင္ေနသူႏွစ္ဦး ေသနတ္ျဖင့္ပစ္သတ္ခံရ

ရန္ကုန္ၿမိဳ႕၊သန္လ်င္ၿမိဳ႕၊ေအာင္ခ်မ္းသာရပ္ကြက္ရွိ စားေသာက္ဆိုင္တစ္ဆိုင္တြင္ ထိုင္ေနသည့္အမ်ိဳးသားႏွစ္ဦး ေသနတ္ျဖင့္ပစ္သတ္ခံခဲ့ရမႈ မတ္ ၁၆ ရက္ည ၇ နာရီေက်ာ္ခန္႔က ျဖစ္ပြားခဲ့ေၾကာင္း ရန္ကုန္တိုင္းရဲတပ္ဖြဲ႕မွသိရသည္။

ေသနတ္ျဖင့္ပစ္သတ္ခံရသူႏွစ္ဦးသည္ ဘုရားကုန္းေက်း႐ြာေန ကိုဇင္မင္း(ခ)ဂဏန္း(၄၀)ႏွစ္ႏွင့္ဗိုလ္ခ်ဳပ္႐ြာေန ကိုထြန္းေအးႏိုင္(ခ)ေတာသားႀကီး (အသက္-စီစစ္ဆဲ)တို႔ျဖစ္ေၾကာင္း သိရသည္။

“ေ႐ႊပုံစား စားေသာက္ဆိုင္အေပၚထပ္မွာပစ္ခံရတာ စားေနတုန္းပစ္ခံရတာ သူတို႔ဝိုင္းရဲ႕အေနာက္တစ္ဝိုင္းေက်ာ္က လူႏွစ္ေယာက္ကပစ္တာလို႔ ကနဦးသိထားတယ္”ဟုရဲအရာရွိတစ္ဦးကေျပာသည္။

ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ ကိုဇင္မင္းႏွင့္ကိုထြန္းေအးႏိုင္တို႔တြင္ က်ည္ေဖာက္ဝင္ဒဏ္ရာမ်ား အသီးသီးရရွိခဲ့ၿပီး အခင္းျဖစ္ေနရာ၌ေသဆုံးသြားေၾကာင္း သိရသည္။

“ေသနတ္သံေတြၾကားၿပီး နည္းနည္းၾကာေတာ့လူနာတင္ကားေတြေရာက္လာတယ္ အေလာင္းေတြကိုေဆး႐ုံသယ္သြားတာေတြ႕လိုက္တယ္ ဘာ့ေၾကာင့္ပစ္ခံရတယ္ဆိုတာကေတာ့ မသိဘူး”ဟုေအာင္ခ်မ္းသာရပ္ကြက္ေနသူတစ္ဦးကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here