ဒေါက်တာအောင်မိုးညိုအား ရွေးကောက်ပွဲမလျှော်သြဇာသုံးသည်ဟုဆိုကာ စွဲဆိုထားသော အမှုအတွက် စွဲချက်တင်အမိန့်ချမှတ်

0
116

(Unicode)

ဒေါက်တာအောင်မိုးညိုအား ရွေးကောက်ပွဲမလျှော်သြဇာသုံးသည်ဟုဆိုကာ စွဲဆိုထားသော အမှုအတွက် စွဲချက်တင်အမိန့်ချမှတ်

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညိုအား ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မလျှော်သြဇာသုံး၍ မဲမသမာမှု ပြုလုပ်သည်ဟုဆိုကာ စွဲဆိုထားသော အမှုအတွက် ပွင့်ဖြူမြို့နယ်တရားရုံးက မတ်လ ၁၄ ရက်တွင် စွဲချက်တင်အမိန့် ချမှတ်ခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သူ အသိုင်းအဝိုင်းထံမှ သိရသည်။

အဆိုပါ အမှုအတွက် မတ်လ ၁၄ ရက်နေ့၌ စွဲချက်တင်အမိန့်ချမှတ်ရန် တင်သင့်/မတင်သင့် လျှောက်လဲကြားနာမည့်နေ့၌ပင် ပုဒ်မ ၁၇၁-စဖြင့် တရားရုံးက စွဲချက်အမိန့် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ သူ့ကို (ဒေါက်တာ အောင်မိုးညို) ကို စွဲချက်တင်အမိန့်ချမှတ်လိုက်တာ မှန်ပါတယ်။ လာမယ့် ရုံးချိန်းမှာတော့ အခြားသက်သေတွေကို စစ်ဆေးဖို့ရှိပါတယ်။ အမှုနဲ့ ပတ်သက်လို့ အခြားကိစ္စတွေက သူ့ရှေ့နေမှဘဲ သိပါလိမ့်မယ်။ မြင်တွေ့ရတဲ့ ရုပ်ပိုင်းဆိုင်ရာအရ ကျန်းမာရေးကောင်းတာတော့ မြင်ရပါတယ်။” ဟုဆိုသည်။

ဒေါက်တာ အောင်မိုးညိုအနေဖြင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲကာလမတိုင်ခင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရှိ အဖွဲ့ဝင်နေရာ၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၏ မိသားစုဝင်တစ်ဦးကို ခန့်အပ်ထားခဲ့သည်ဟုဆိုကာ ခရိုင်ကော်မရှင်မှ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းသည် နိုင်ငံတော်အကြည်ညို ပျက်စီးစေအောင်ပြုလုပ်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)အမှု အပါအဝင် အဂတိလိုက်စားမှုပုဒ်မ ၅၅ ဖြင့် အမှု ၆မှု စုစုပေါင်း ခုနှစ်မှု တို့အတွက် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရကြောင်း သိရသည်။

ဒေါက်တာ အောင်မိုးညိုအနေဖြင့် ယခု စွဲချက်တင်အမိန့်ချမှတ်သည့် ရွေးကောက်ပွဲဆိုင်ရာ မလျှော်သြဇာသုံးမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ပုဒ်မ ၂၅ တို့ဖြင့် ဆက်လက်တရား ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း သိရသည်။

(Zawgyi)

ေဒါက္တာေအာင္မိုးညိဳအား ေ႐ြးေကာက္ပြဲမေလွ်ာ္ၾသဇာသုံးသည္ဟုဆိုကာ စြဲဆိုထားေသာ အမႈအတြက္ စြဲခ်က္တင္အမိန႔္ခ်မွတ္

မေကြးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာေအာင္မိုးညိဳအား ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတြင္ မေလွ်ာ္ၾသဇာသုံး၍ မဲမသမာမႈ ျပဳလုပ္သည္ဟုဆိုကာ စြဲဆိုထားေသာ အမႈအတြက္ ပြင့္ျဖဴၿမိဳ႕နယ္တရား႐ုံးက မတ္လ ၁၄ ရက္တြင္ စြဲခ်က္တင္အမိန႔္ ခ်မွတ္ခဲ့ေၾကာင္း တရား႐ုံးႏွင့္နီးစပ္သူ အသိုင္းအဝိုင္းထံမွ သိရသည္။

အဆိုပါ အမႈအတြက္ မတ္လ ၁၄ ရက္ေန႔၌ စြဲခ်က္တင္အမိန႔္ခ်မွတ္ရန္ တင္သင့္/မတင္သင့္ ေလွ်ာက္လဲၾကားနာမည့္ေန႔၌ပင္ ပုဒ္မ ၁၇၁-စျဖင့္ တရား႐ုံးက စြဲခ်က္အမိန႔္ ခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ သူ႔ကို (ေဒါက္တာ ေအာင္မိုးညိဳ) ကို စြဲခ်က္တင္အမိန႔္ခ်မွတ္လိုက္တာ မွန္ပါတယ္။ လာမယ့္ ႐ုံးခ်ိန္းမွာေတာ့ အျခားသက္ေသေတြကို စစ္ေဆးဖို႔ရွိပါတယ္။ အမႈနဲ႔ ပတ္သက္လို႔ အျခားကိစၥေတြက သူ႔ေရွ႕ေနမွဘဲ သိပါလိမ့္မယ္။ ျမင္ေတြ႕ရတဲ့ ႐ုပ္ပိုင္းဆိုင္ရာအရ က်န္းမာေရးေကာင္းတာေတာ့ ျမင္ရပါတယ္။” ဟုဆိုသည္။

ေဒါက္တာ ေအာင္မိုးညိဳအေနျဖင့္ ၂၀၂၀ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲကာလမတိုင္ခင္ ၿမိဳ႕နယ္ေကာ္မရွင္အဖြဲ႕ခြဲရွိ အဖြဲ႕ဝင္ေနရာ၌ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္၏ မိသားစုဝင္တစ္ဦးကို ခန႔္အပ္ထားခဲ့သည္ဟုဆိုကာ ခ႐ိုင္ေကာ္မရွင္မွ တရားစြဲဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၎သည္ ႏိုင္ငံေတာ္အၾကည္ညိဳ ပ်က္စီးေစေအာင္ျပဳလုပ္မႈ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅(ခ)အမႈ အပါအဝင္ အဂတိလိုက္စားမႈပုဒ္မ ၅၅ ျဖင့္ အမႈ ၆မႈ စုစုေပါင္း ခုႏွစ္မႈ တို႔အတြက္ ေထာင္ဒဏ္ အႏွစ္ ၂၀ ခ်မွတ္ခံထားရေၾကာင္း သိရသည္။

ေဒါက္တာ ေအာင္မိုးညိဳအေနျဖင့္ ယခု စြဲခ်က္တင္အမိန႔္ခ်မွတ္သည့္ ေ႐ြးေကာက္ပြဲဆိုင္ရာ မေလွ်ာ္ၾသဇာသုံးမႈႏွင့္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ပုဒ္မ ၂၅ တို႔ျဖင့္ ဆက္လက္တရား ရင္ဆိုင္ေနရျခင္းျဖစ္ေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here