ငါးရက်ကြာကာလအတွင်း ဒုဋ္ဌဝတီမြစ်၌ ရေနစ်သေဆုံးသူ နှစ်ဦးရှိ

0
224

(Unicode)

ငါးရက်ကြာကာလအတွင်း ဒုဋ္ဌဝတီမြစ်၌ ရေနစ်သေဆုံးသူ နှစ်ဦးရှိ

ပြီးခဲ့သော မတ် ၁၂ ရက်မှ ယမန်နေ့ မတ် ၁၆ ရက် အထိ ငါးရက်ကြာကာလအတွင်း ဒုဋ္ဌဝတီမြစ်အတွင်း ရေဆင်းကူရာှ ရေနစ်သေဆုံးသူ နှစ်ဦးရှိပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့(မန္တလေး)ထံမှ သိရသည်။

ယမန်နေ့ မတ် ၁၆ ရက်က အသက် ၂၅ နှစ်အရွယ် ကိုရဲမာန်အောင်ဆိုသူမှာ ဒုဋ္ဌဝတီမြစ် (စဉ့်ကိုင်မြို့နယ်)အတွင်း ရေဆင်ကူးရာမှ ရေနစ်သေဆုံးခဲ့သည့်အတွက် အလောင်းပြန်လည်ရှာဖွေရန် မြန်မာနိုင်ငံ လူမှု ကယ်ဆယ်ရေးအဖွဲ့၊ ရေငုပ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့( SUUBA Diver Team) က ရှာဖွေဆယ်ယူခဲ့ရကြောင်း သိရသည်။

အလားတူ မတ် ၁၂ ရက်က ဒုဋ္ဌဝတီမြစ်(ရဲရွာဆည်အောက်ဘက်)၊ ၁၃ မိုင်အပန်းဖြေစခန်းတစ်ခုအနီးတွင် အသက် ၁၇ နှစ်အရွယ် ကိုဟန်ထူးလွင်မှာ ရေကစားရာမှနစ်မြှုပ်ပျောက်ဆုံးသွားကြောင်း သိရှိရသဖြင့် ရေငုပ်ကယ်ဆယ်ရေးအဖွဲ့ကပင် သွားရောက်ရှိရှာဖွေ ဆယ်ယူခဲ့ရကြောင်း သိရသည်။

လက်ရှိအချိန်သည် ပူပြင်းသော နွေရာသီကို ရောက်ရှိလာပြီဖြစ်သောကြောင့် အပန်းဖြေစခန်းများအနီးရှိ မြစ်ချောင်းများအတွင်း ရေကူးအပန်းဖြေသူများ ပိုမိုများပြားလာကြောင်း သိရသည်။

မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့(မန္တလေး)တိုင်းဒေသကြီးရုံးကို အမရပူရမြို့နယ်၊ သကျသီဟကျောင်းတိုက်၊ ပုထိုးကြီးဘုရားအနီး တောင်သမန်ကန်ပတ်လမ်းတွင် တည်ရှိပြီး၊ အရေးပေါ်ကယ်ဆယ်ရေလုပ်ငန်းများ၊ အောက်စီဂျင် လှူဒါန်းခြင်းများကို ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

(Zawgyi)

ငါးရက္ၾကာကာလအတြင္း ဒု႒ဝတီျမစ္၌ ေရနစ္ေသဆုံးသူ ႏွစ္ဦးရွိ

ၿပီးခဲ့ေသာ မတ္ ၁၂ ရက္မွ ယမန္ေန႔ မတ္ ၁၆ ရက္ အထိ ငါးရက္ၾကာကာလအတြင္း ဒု႒ဝတီျမစ္အတြင္း ေရဆင္းကူရာွ ေရနစ္ေသဆုံးသူ ႏွစ္ဦးရွိၿပီ ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံလူမႈ ကယ္ဆယ္ေရးအဖြဲ႕(မႏၲေလး)ထံမွ သိရသည္။

ယမန္ေန႔ မတ္ ၁၆ ရက္က အသက္ ၂၅ ႏွစ္အ႐ြယ္ ကိုရဲမာန္ေအာင္ဆိုသူမွာ ဒု႒ဝတီျမစ္ (စဥ့္ကိုင္ၿမိဳ႕နယ္)အတြင္း ေရဆင္ကူးရာမွ ေရနစ္ေသဆုံးခဲ့သည့္အတြက္ အေလာင္းျပန္လည္ရွာေဖြရန္ ျမန္မာႏိုင္ငံ လူမႈ ကယ္ဆယ္ေရးအဖြဲ႕၊ ေရငုပ္ရွာေဖြကယ္ဆယ္ေရးအဖြဲ႕( SUUBA Diver Team) က ရွာေဖြဆယ္ယူခဲ့ရေၾကာင္း သိရသည္။

အလားတူ မတ္ ၁၂ ရက္က ဒု႒ဝတီျမစ္(ရဲ႐ြာဆည္ေအာက္ဘက္)၊ ၁၃ မိုင္အပန္းေျဖစခန္းတစ္ခုအနီးတြင္ အသက္ ၁၇ ႏွစ္အ႐ြယ္ ကိုဟန္ထူးလြင္မွာ ေရကစားရာမွနစ္ျမႇဳပ္ေပ်ာက္ဆုံးသြားေၾကာင္း သိရွိရသျဖင့္ ေရငုပ္ကယ္ဆယ္ေရးအဖြဲ႕ကပင္ သြားေရာက္ရွိရွာေဖြ ဆယ္ယူခဲ့ရေၾကာင္း သိရသည္။

လက္ရွိအခ်ိန္သည္ ပူျပင္းေသာ ေႏြရာသီကို ေရာက္ရွိလာၿပီျဖစ္ေသာေၾကာင့္ အပန္းေျဖစခန္းမ်ားအနီးရွိ ျမစ္ေခ်ာင္းမ်ားအတြင္း ေရကူးအပန္းေျဖသူမ်ား ပိုမိုမ်ားျပားလာေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံလူမႈ ကယ္ဆယ္ေရးအဖြဲ႕(မႏၲေလး)တိုင္းေဒသႀကီး႐ုံးကို အမရပူရၿမိဳ႕နယ္၊ သက်သီဟေက်ာင္းတိုက္၊ ပုထိုးႀကီးဘုရားအနီး ေတာင္သမန္ကန္ပတ္လမ္းတြင္ တည္ရွိၿပီး၊ အေရးေပၚကယ္ဆယ္ေရလုပ္ငန္းမ်ား၊ ေအာက္စီဂ်င္ လႉဒါန္းျခင္းမ်ားကို ကူညီေဆာင္႐ြက္ေပးလွ်က္ရွိေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here