တောင်ကိုရီးယားသို့ မြန်မာလုပ်သားများစေလွှတ်ရေးကိစ္စ နှစ်နိုင်ငံတာဝန်ရှိသူတို့ ဆွေးနွေးကြမည်

0
269

(Unicode)

တောင်ကိုရီးယားသို့ မြန်မာလုပ်သားများစေလွှတ်ရေးကိစ္စ နှစ်နိုင်ငံတာဝန်ရှိသူတို့ ဆွေးနွေးကြမည်

တောင်ကိုရီးယားတာဝန်ရှိသူများနှင့် မြန်မာတို့ မြန်မာလုပ်သားစေလွှတ်ရေးကိစ္စအား မတ်လ ၁၈ရက်တွင် ဆွေးနွေးကြရန်ရှိနေကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးမောင်မောင်သန်းက “မတ်လ ၁၈ရက်မှာဆွေးနွေးကြဖို့ရှိတယ်။အသေးစိတ်ကတော့ အစည်းအဝေးပြီးမှပဲ သိနိုင်မယ်။ဆွေးနွေးကြမယ့် အကြောင်းအရာကတော့ မြန်မာလုပ်သားစေလွှတ်ရေးကိစ္စပါပဲ”ဟု ပြောသည်။

ဆွေးနွေးမှုကို မြန်မာနိုင်ငံတွင် ရှိနေသည့် တောင်ကိုရီးယားအစိုးရဘက်ကစေလွှတ်ထားသော ကိုယ်စားလှယ်အဖွဲ့နှင့်ဆွေးနွေးကြမည်ဟု သိရသည်။

တောင်ကိုရီးယားသည် မြန်မာလုပ်သားလက်ခံမှုအားကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားချိန် ၂၀၂၀တွင် ယာယီရပ်ဆိုင်းထားမှုရှိခဲ့ပြီး ၂၀၂၁ ဒီဇင်ဘာတွင် ပြန်လည် လက်ခံခဲ့သည်။

ယင်းနောက် တောင်ကိုရီးယားသို့ စေလွှတ်လိုက်သည့် မြန်မာလုပ်သားများထဲမှအချို့တွင် ကိုဗစ်ပိုးတွေ့မှုရှိ၍ တောင်ကိုရီးယားက မြန်မာလုပ်သားလက်ခံမှုအား ၂၀၂၂ ဖေဖော်ဝါရီနှောင်းပိုင်းတွင် ပြန်လည် ယာယီရပ်ဆိုင်းကာ ယာယီရပ်ဆိုင်းထားမှုသည် မတ်လကုန်အထိ ဖြစ်သည်ဟုသိရသည်။

(Zawgyi)

ေတာင္ကိုရီးယားသို႔ ျမန္မာလုပ္သားမ်ားေစလႊတ္ေရးကိစၥ ႏွစ္ႏိုင္ငံတာဝန္ရွိသူတို႔ ေဆြးေႏြးၾကမည္

ေတာင္ကိုရီးယားတာဝန္ရွိသူမ်ားႏွင့္ ျမန္မာတို႔ ျမန္မာလုပ္သားေစလႊတ္ေရးကိစၥအား မတ္လ ၁၈ရက္တြင္ ေဆြးေႏြးၾကရန္ရွိေနေၾကာင္း သိရသည္။

အလုပ္သမားဝန္ႀကီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ဦးေမာင္ေမာင္သန္းက “မတ္လ ၁၈ရက္မွာေဆြးေႏြးၾကဖို႔ရွိတယ္။အေသးစိတ္ကေတာ့ အစည္းအေဝးၿပီးမွပဲ သိႏိုင္မယ္။ေဆြးေႏြးၾကမယ့္ အေၾကာင္းအရာကေတာ့ ျမန္မာလုပ္သားေစလႊတ္ေရးကိစၥပါပဲ”ဟု ေျပာသည္။

ေဆြးေႏြးမႈကို ျမန္မာႏိုင္ငံတြင္ ရွိေနသည့္ ေတာင္ကိုရီးယားအစိုးရဘက္ကေစလႊတ္ထားေသာ ကိုယ္စားလွယ္အဖြဲ႕ႏွင့္ေဆြးေႏြးၾကမည္ဟု သိရသည္။

ေတာင္ကိုရီးယားသည္ ျမန္မာလုပ္သားလက္ခံမႈအားကိုဗစ္ကပ္ေရာဂါစတင္ျဖစ္ပြားခ်ိန္ ၂၀၂၀တြင္ ယာယီရပ္ဆိုင္းထားမႈရွိခဲ့ၿပီး ၂၀၂၁ ဒီဇင္ဘာတြင္ ျပန္လည္ လက္ခံခဲ့သည္။

ယင္းေနာက္ ေတာင္ကိုရီးယားသို႔ ေစလႊတ္လိုက္သည့္ ျမန္မာလုပ္သားမ်ားထဲမွအခ်ိဳ႕တြင္ ကိုဗစ္ပိုးေတြ႕မႈရွိ၍ ေတာင္ကိုရီးယားက ျမန္မာလုပ္သားလက္ခံမႈအား ၂၀၂၂ ေဖေဖာ္ဝါရီေႏွာင္းပိုင္းတြင္ ျပန္လည္ ယာယီရပ္ဆိုင္းကာ ယာယီရပ္ဆိုင္းထားမႈသည္ မတ္လကုန္အထိ ျဖစ္သည္ဟုသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here