ပုသိမ်မြို့တွင် ယနေ့နံနက်အစောပိုင်းက ဖုန်းဆိုင် ၌မီးလောင်မှုဖြစ်ပွား

0
132

ပုသိမ်မြို့တွင် ယနေ့နံနက်အစောပိုင်းက ဖုန်းဆိုင် ၌မီးလောင်မှုဖြစ်ပွား

ဧရာဝတီတိုင်း၊ပုသိမ်မြို့၊အမှတ်(၄)ရပ်ကွက်၊ရွှေစေတီလမ်းရှိ ဖုန်းဆိုင်၌ မတ် ၁၈ ရက်(ယနေ့)နံ နက်အစောပိုင်း ၁၂ နာရီ ၄၅ မိနစ်ခန့်က မီးလောင်ကျွမ်းခဲ့ခြငျးဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

မီးလောင်မှုဖြစ်စဥ်အား ဧရာဝတီတိုင်းမီးသတ်ဦးစီးမှူးရုံး၊ပုသိမ်ခရိုင်မီးသတ်စခန်း၊ပုသိမ်မြို့ နယ်မီးသတ်စခန်း၊ပုသိမ်နယ်မြေမီးသတ်စခန်း၊ငဝန်ကျွန်းသာနယ်မြေမီးသတ်စခန်းနှင့်ဘက်စုံလူမှုကူညီရေးအသင်းတို့မှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသည်။

“မီးလောင်မှုဖြစ်စဥ်ကို မီးငြိမ်းတဲ့အထိ နာရီဝက်ကျော်လောက်ကြိုးစားခဲ့ရတယ် ဘေးကပ်ရပ်မှာလည်း ဆိုင်ခန်းတွေရှိတဲ့အတွက် ဘေးဆိုင်တွေကိုမကူးအောင်လည်း သေချာလုပ်ခဲ့ရတယ် ဖြစ်စဥ်မှာထိခိုက်ဒဏ်ရာရတဲ့လူမရှိပါဘူး မီးသတ်တပ်ဖွဲ့ဝင်တစ်ယောက်ကတော့ မီးခိုးမွှန်ပြီး အသက်ရှုကြပ် သတိလစ်သွားတာပဲရှိပါတယ် အခုပြန်ကောင်းလာပါပြီ”ဟုမီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ထိုသို့ ငြိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၁ နာရီ ၂၀ မိ နစ်၌ မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့မှတာ ဝန်ရှိသူများက စစ်ဆေးတွက်ချက်လျက်ရှိကြောင်း သိရသည်။

 

Zaw Gyi

ပုသိမ္ၿမိဳ႕တြင္ ယေန႔နံနက္အေစာပိုင္းက ဖုန္းဆိုင္ ၌မီးေလာင္မႈျဖစ္ပြား

ဧရာဝတီတိုင္း၊ပုသိမ္ၿမိဳ႕၊အမွတ္(၄)ရပ္ကြက္၊ေ႐ႊေစတီလမ္းရွိ ဖုန္းဆိုင္၌ မတ္ ၁၈ ရက္(ယေန႔)နံ နက္အေစာပိုင္း ၁၂ နာရီ ၄၅ မိနစ္ခန္႔က မီးေလာင္ကြၽမ္းခဲ့ျခင်းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ဳပ္မွ သိရသည္။

မီးေလာင္မႈျဖစ္စဥ္အား ဧရာဝတီတိုင္းမီးသတ္ဦးစီးမႉး႐ုံး၊ပုသိမ္ခ႐ိုင္မီးသတ္စခန္း၊ပုသိမ္ၿမိဳ႕ နယ္မီးသတ္စခန္း၊ပုသိမ္နယ္ေျမမီးသတ္စခန္း၊ငဝန္ကြၽန္းသာနယ္ေျမမီးသတ္စခန္းႏွင့္ဘက္စုံလူမႈကူညီေရးအသင္းတို႔မွ ဝိုင္းဝန္းၿငိမ္းသတ္ခဲ့ၾကသည္။

“မီးေလာင္မႈျဖစ္စဥ္ကို မီးၿငိမ္းတဲ့အထိ နာရီဝက္ေက်ာ္ေလာက္ႀကိဳးစားခဲ့ရတယ္ ေဘးကပ္ရပ္မွာလည္း ဆိုင္ခန္းေတြရွိတဲ့အတြက္ ေဘးဆိုင္ေတြကိုမကူးေအာင္လည္း ေသခ်ာလုပ္ခဲ့ရတယ္ ျဖစ္စဥ္မွာထိခိုက္ဒဏ္ရာရတဲ့လူမရွိပါဘူး မီးသတ္တပ္ဖြဲ႕ဝင္တစ္ေယာက္ကေတာ့ မီးခိုးမႊန္ၿပီး အသက္ရႈၾကပ္ သတိလစ္သြားတာပဲရွိပါတယ္ အခုျပန္ေကာင္းလာပါၿပီ”ဟုမီးသတ္တပ္ဖြဲ႕ဝင္တစ္ဦးကေျပာသည္။

ထိုသို႔ ၿငိမ္းသတ္ခဲ့ၾကသျဖင့္ နံနက္ ၁ နာရီ ၂၀ မိ နစ္၌ မီးၿငိမ္းသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ဳပ္မွ သိရသည္။

မီးေလာင္မႈျဖစ္ပြားရသည့္ အေၾကာင္းရင္းႏွင့္ပ်က္စီးဆုံးရႈံးမႈတန္ဖိုးအား မီးသတ္တပ္ဖြဲ႕မွတာ ဝန္ရွိသူမ်ားက စစ္ေဆးတြက္ခ်က္လ်က္ရွိေၾကာင္း သိရသည္။

 


LEAVE A REPLY

Please enter your comment!
Please enter your name here