မြန်မာနိုင်ငံနှင့်ဆော်ဒီအာရေဗျနိုင်ငံတို့ကြား ကုန် သွယ်မှု၊ရင်းနှီးမြှုပ်နှံမှုနှင့်စွမ်းအင်ကဏ္ဍတို့၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မည်

0
83

မြန်မာနိုင်ငံနှင့်ဆော်ဒီအာရေဗျနိုင်ငံတို့ကြား ကုန် သွယ်မှု၊ရင်းနှီးမြှုပ်နှံမှုနှင့်စွမ်းအင်ကဏ္ဍတို့၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မည်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဆော်ဒီ အာရေဗျ သံအမတ်ကြီး မစ္စတာ ဆာအု(ဒ်) ဘင်အဗ္ဗဒူ(လ်)လာ အယ်လ်စုဘိုင်သည် ၎င်း၏သံအမတ်ခန့်အပ်လွှာအား နစကထံ အပ်နှင်းပြီးနောက် မတ်လ ၁၈ရက်တွင် နိုင်ငံခြားရေးဝန်ကြီး၊အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးတို့နှင့် သီးခြားစီတွေ့ဆုံခဲ့သည်။

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်နှင့် သံအမတ်ကြီး တို့တွေ့ဆုံကြရာတွင် ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာ သူများအား ပြန်လည်လက်ခံရေးအတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ဆောင်ရွက်နေမှု အခြေအနေများအား ပြည်ထောင်စုဝန်ကြီးကရှင်းလင်းခဲ့သည်ဟုသိရသည်။

ယင်းအပြင် ယုံကြည်ကိုးကွယ်မှု မတူညီ သူများအကြား သဟဇာတဖြစ်မှု၏ အရေးကြီးမှု၊ မြန်မာနိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့်စွမ်းအင် စသည့် ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး တို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်းလည်းသိရသည်။

အလားတူ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်နှင့် ထိုနေ့မှာပင် ဆော်ဒီအာရေဗျ သံအမတ်ကြီး မစ္စတာ ဆာအု(ဒ်) ဘင်အဗ္ဗဒူ(လ်)လာ အယ်လ်စုဘိုင် တို့တွေ့ဆုံကြရာဝယ် မြန်မာ
ဆော်ဒီအာရေဗျ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမို ခိုင်မာစေရေး၊ စွမ်းအင်နှင့် ကုန်သွယ်ရေးကဏ္ဍများ အပါအဝင် နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးနှင့် နိုင်ငံတကာ မျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြသည်ဟုသိရသည်။

Zaw Gyi

ျမန္မာႏိုင္ငံႏွင့္ေဆာ္ဒီအာေရဗ်ႏိုင္ငံတို႔ၾကား ကုန္ သြယ္မႈ၊ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္စြမ္းအင္က႑တို႔၌ ပူး ေပါင္းေဆာင္႐ြက္မႈျမႇင့္တင္မည္

ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ဆိုင္ရာ အထူးအာဏာကုန္လႊဲအပ္ျခင္းခံရေသာ ေဆာ္ဒီ အာေရဗ် သံအမတ္ႀကီး မစၥတာ ဆာအု(ဒ္) ဘင္အဗၺဒူ(လ္)လာ အယ္လ္စုဘိုင္သည္ ၎၏သံအမတ္ခန႔္အပ္လႊာအား နစကထံ အပ္ႏွင္းၿပီးေနာက္ မတ္လ ၁၈ရက္တြင္ ႏိုင္ငံျခားေရးဝန္ႀကီး၊အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးတို႔ႏွင့္ သီးျခားစီေတြ႕ဆုံခဲ့သည္။

အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးဦးကိုကိုလႈိင္ႏွင့္ သံအမတ္ႀကီး တို႔ေတြ႕ဆုံၾကရာတြင္ ရခိုင္ျပည္နယ္မွေနရပ္စြန႔္ခြာ သူမ်ားအား ျပန္လည္လက္ခံေရးအတြက္ ျမန္မာႏွင့္ ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံအၾကား ေဆာင္႐ြက္ေနမႈ အေျခအေနမ်ားအား ျပည္ေထာင္စုဝန္ႀကီးကရွင္းလင္းခဲ့သည္ဟုသိရသည္။

ယင္းအျပင္ ယုံၾကည္ကိုးကြယ္မႈ မတူညီ သူမ်ားအၾကား သဟဇာတျဖစ္မႈ၏ အေရးႀကီးမႈ၊ ျမန္မာႏိုင္ငံႏွင့္ ေဆာ္ဒီအာေရဗ်ႏိုင္ငံတို႔အၾကား ကုန္သြယ္မႈ၊ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္စြမ္းအင္ စသည့္ က႑တို႔တြင္ ပူးေပါင္းေဆာင္႐ြက္မႈ ျမႇင့္တင္ေရး တို႔ႏွင့္ ပတ္သက္၍ ေဆြးေႏြးခဲ့ၾကေၾကာင္းလည္းသိရသည္။

အလားတူ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဝဏၰ ေမာင္လြင္ႏွင့္ ထိုေန႔မွာပင္ ေဆာ္ဒီအာေရဗ် သံအမတ္ႀကီး မစၥတာ ဆာအု(ဒ္) ဘင္အဗၺဒူ(လ္)လာ အယ္လ္စုဘိုင္ တို႔ေတြ႕ဆုံၾကရာဝယ္ ျမန္မာ
ေဆာ္ဒီအာေရဗ် ႏွစ္ႏိုင္ငံအၾကား ရွိရင္းစြဲ ခ်စ္ၾကည္ရင္းႏွီးမႈ ပိုမို ခိုင္မာေစေရး၊ စြမ္းအင္ႏွင့္ ကုန္သြယ္ေရးက႑မ်ား အပါအဝင္ ႏွစ္ႏိုင္ငံ အက်ိဳးတူ ပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးျမႇင့္ေရးႏွင့္ ႏိုင္ငံတကာ မ်က္ႏွာစာတြင္ ပူးေပါင္းေဆာင္႐ြက္ေရး ကိစၥရပ္ မ်ားႏွင့္စပ္လ်ဥ္း၍ ေဆြးေႏြး ခဲ့ၾကသည္ဟုသိရသည္။

 


LEAVE A REPLY

Please enter your comment!
Please enter your name here