တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ မတ် ၂၄ ရက်မှစတင်ထုတ်ယူနိုင်

0
96

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ မတ် ၂၄ ရက်မှစတင်ထုတ်ယူနိုင်

ကျင်းပမည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများအား သက်ဆိုင်ရာကျောင်းများနှင့်စာစစ်ဌာနများ၌ မတ် ၂၄ ရက်မှစတင်၍ ထုတ်ယူနိုင်ကြောင်း ပညာရေးဝန်ကြီး ဌာန၊မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

တိုင်းနှင့်ပြည်နယ်များရှိ စာစစ်ဌာနအသီးသီး၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများသည် မိမိတို့ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲဖြေဆိုခွင့်ကတ်ပြား(Identity Card)များကို ထုတ်ယူရမည်ဖြစ်သည်။

ထိုသို့ ထုတ်ယူရာတွင် အခြေခံပညာအထက် တန်းကျောင်း၊(ကျောင်းခွဲ)နှင့်(တွဲဖက်)အခြေခံ ပညာအထက်တန်းကျောင်း၊ကိုယ်ပိုင်အထက် တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများ သည် မိမိတို့ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူရမည်ဖြစ်သည်။

ထိုပြင် ပြင်ပဖြေဆိုသူများမှာ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား(Identity Card)များအား မိမိတို့ဖြေဆိုမည့် စာစစ်ဌာန၊ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူရမည်ဖြစ်သည်။

စာမေးပွဲဖြေဆိုခွင့်ကတ်ပြား(Identity Card)များ ထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊မြို့နယ်ပညာရေးမှူးများနှင့်မြန်မာနိုင်ငံစာစစ်ဦးစီးဌာနများထံသို့ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်အထိကျင်းပသွားမည်ဖြစ်သည်။

Zaw Gyi

တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုခြင့္ကတ္ျပားမ်ား မတ္ ၂၄ ရက္မွစတင္ထုတ္ယူႏိုင္

က်င္းပမည့္ ၂၀၂၂ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုခြင့္ကတ္ျပားမ်ားအား သက္ဆိုင္ရာေက်ာင္းမ်ားႏွင့္စာစစ္ဌာနမ်ား၌ မတ္ ၂၄ ရက္မွစတင္၍ ထုတ္ယူႏိုင္ေၾကာင္း ပညာေရးဝန္ႀကီး ဌာန၊ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ သိရသည္။

တိုင္းႏွင့္ျပည္နယ္မ်ားရွိ စာစစ္ဌာနအသီးသီး၌ တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုမည့္ ေက်ာင္းသား၊ေက်ာင္းသူမ်ားသည္ မိမိတို႔ ဓာတ္ပုံကပ္ထားသည့္ ခုံအမွတ္စဥ္ပါေသာ စာေမးပြဲေျဖဆိုခြင့္ကတ္ျပား(Identity Card)မ်ားကို ထုတ္ယူရမည္ျဖစ္သည္။

ထိုသို႔ ထုတ္ယူရာတြင္ အေျခခံပညာအထက္ တန္းေက်ာင္း၊(ေက်ာင္းခြဲ)ႏွင့္(တြဲဖက္)အေျခခံ ပညာအထက္တန္းေက်ာင္း၊ကိုယ္ပိုင္အထက္ တန္းေက်ာင္းမွ ေက်ာင္းသား၊ေက်ာင္းသူမ်ား သည္ မိမိတို႔ေက်ာင္းအုပ္ႀကီးမ်ားထံမွ ထုတ္ယူရမည္ျဖစ္သည္။

ထိုျပင္ ျပင္ပေျဖဆိုသူမ်ားမွာ စာေမးပြဲေျဖဆိုခြင့္ကတ္ျပား(Identity Card)မ်ားအား မိမိတို႔ေျဖဆိုမည့္ စာစစ္ဌာန၊ႀကီးၾကပ္ေရးမႉးမ်ားထံမွ ထုတ္ယူရမည္ျဖစ္သည္။

စာေမးပြဲေျဖဆိုခြင့္ကတ္ျပား(Identity Card)မ်ား ထုတ္ယူရာတြင္ အခက္အခဲရွိပါက သက္ဆိုင္ရာေက်ာင္းအုပ္ႀကီးမ်ား၊စာစစ္ဌာနႀကီးၾကပ္ေရးမႉးမ်ား၊ၿမိဳ႕နယ္ပညာေရးမႉးမ်ားႏွင့္ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမ်ားထံသို႔ တိုက္႐ိုက္စုံစမ္းေမးျမန္းႏိုင္ေၾကာင္း သိရသည္။

၂၀၂၂ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲအား တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ မတ္ ၃၁ ရက္မွ ဧၿပီ ၉ ရက္အထိက်င္းပသြားမည္ျဖစ္သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here