နွေရာသီအမီ ရွှေဓာတ်ငွေ့နှင့်ကုန်းတွင်းဓာတ်ငွေ့ အသုံးပြု၍ လျှပ်စစ်ဓာတ်အား ၂၂၅ မဂ္ဂါဝပ်အထိ တိုးတက်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိ

0
253

နွေရာသီအမီ ရွှေဓာတ်ငွေ့နှင့်ကုန်းတွင်းဓာတ်ငွေ့ အသုံးပြု၍ လျှပ်စစ်ဓာတ်အား ၂၂၅ မဂ္ဂါဝပ်အထိ တိုးတက်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ရှိ ဓာတ်အားပေးစက်ရုံစီမံကိန်းများအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးအောင်သန်းဦးမှ ကြည့်ရှုစစ်ဆေးစဥ်ကပြောကြားခဲ့ခြင်းဖြစ် သည်။

ကျောက်ဖြူမြို့နယ်ရှိ ဓာတ်အားထုတ်လုပ်မောင်းနှင်လျက်ရှိသည့် V Power Group Holdings Limited ၏ ကျောက်ဖြူ ၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့အင် ဂျင်သုံးဓာတ်အားပေးစက်ရုံနှင့် CNTIC Vpower KY-3 Limited ၏ ကျောက်ဖြူ ၁၅၀ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်သုံး ဓာတ်အားပေးစက်ရုံများ၊ Kyauk Phyu Electric Power Company Limited ၏ ကျောက်ဖြူ ၁၃၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းတို့အား သွားရောက်ကြည့်ရှုခဲ့ခြင်းဖြစ်သည်။

ရွှေဓာတ်ငွေ့အသုံးပြု၍ လျှပ်စစ်ဓာတ်အား ၁၉၅ မဂ္ဂါဝပ်နှင့်ကုန်းတွင်းဓာတ်ငွေ့ အသုံးပြု၍ ဓာတ် အား ၃၀ မဂ္ဂါဝပ် တိုးတက်ထုတ်လုပ်နိုင်သဖြင့် လျှပ်စစ်ဓာတ်အား ၂၂၅ မဂ္ဂါဝပ်အထိ တိုးတက်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကာ တာပိန်(၁)ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံ ကိန်းမှ လျှပ်စစ်ဓာတ်အား ၁၂၀ မဂ္ဂါဝပ်ခန့်အား ဝယ်ယူရန်ညှိနှိုင်းလျက်ရှိသည်။

ထို့ပြင် ဘီလူးချောင်းစက်ရုံများမှ နွေရာသီတွင်ထွက်ရှိမည့် ဓာတ်အား ၁၇၀ မဂ္ဂါဝပ်ခန့်အား ဓာတ်အားစနစ်မှတဆင့်ဖြန့်ဖြူးနိုင်ရန်နှင့်ဖောက် ခွဲဖျက်ဆီးခံထားရသည့် တာဝါတိုင် ၁၉ တိုင်ခန့်အား ပြုပြင်လျက်ရှိ၍ လုပ်ငန်းများပြီးစီးပါက ဓာတ်အားလိုအပ်ချက်ပမာဏပိုမိုဖြန့်ဖြူးပေးနိုင်မည်ဟု ပြည်ထောင်စုဝန်ကြီးဦးအောင်သန်းဦးကပြောသည်။

ထို့အတူ နွေရာသီအမီရွှေဓာတ်ငွေ့အသုံးပြု၍ ၁၉၅ မဂ္ဂါဝပ်အထိ တိုးတက်ထုတ်လုပ်ပေးနိုင်ရန်နှင့် ၁၃၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံးဓာတ်အားပေး စက်ရုံစီမံကိန်းတို့အား သတ် မှတ်ရက်များအတိုင်းပြီးစီးနိုင်ရန်အတွက် ကြိုး ပမ်းဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီးက မှာ ကြားခဲ့သည်။

ထို့အတူ အမှတ် ၄ ဓာတ်မြေသြဇာစက်ရုံ(မြောင်းတကာ)နှင့် အမှတ် ၅ ဓာတ်မြေသြဇာစက်ရုံ(ကန်ကြီးထောင့်)တို့၌နှစ်စဉ် ဧပြီလတွင် ပြုလုပ်သည့် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများအား သတ် မှတ်ချိန်ထက်စော၍ပြုလုပ်ကာ ယင်းစက်ရုံများသို့ ထောက်ပံ့ပေးထားသည့် ကုန်းတွင်းသဘာဝ ဓာတ်ငွေ့အား ရွာမဓာတ်အားပေးစက်ရုံရှိ ဓာတ် အားပေးစက်များသို့ ပြောင်းလဲထောက်ပံ့ပြီး လျှပ်စစ်ဓာတ်အား ၃၀ မဂ္ဂါဝပ်ကို ထုတ်လုပ်လျက်ရှိသည်ဟု သိရသည်။

ထို့ပြင် ကျောက်ဖြူဒေသ၌ ဓာတ်ငွေ့ဖြန့်ဖြူးပေးနေသည့် ပိုက်လိုင်းအခြေခံအဆောက်အဦးများ ၏ အနေအထားအရ ရွှေဓာတ်ငွေ့ ကုဗပေသန်း ၂၀ သာ ထုတ်ယူသုံးစွဲနိုင်သဖြင့် တစ်ရက်လျှင် ရွှေဓာတ်ငွေ့သန်း ၅၀ အထိ တိုးတက်ရယူသုံးစွဲနိုင်ရန် ပိုက်လိုင်းအခြေခံအဆောက်အဦးများအား တိုးချဲ့ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကာ မေလ၌ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်စဉ် သက်တမ်းကုန် ဆုံးသွားသည့် ၄၅ မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင်သုံးဓာတ်အားပေးစက်ရုံမှအသုံးပြုခဲ့သည့် ရွှေဓာတ် ငွေ့တစ်ရက် ကုဗပေ ၁၀ သန်းအား စက်စွမ်းရည် ပိုမိုကောင်းမွန်သည့် ၁၅၀ မဂ္ဂါဝပ် LNG to Power ဓာတ်ငွေ့အင်ဂျင်သုံးဓာတ်အားပေးစက်အစား သ ဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံသို့ ပြောင်း လဲထောက်ပံ့၍ ဖေဖော်ဝါရီ ၁၀ ရက်မှ စတင်ကာ ၅၀ မဂ္ဂါဝပ် တိုးမြှင့်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ခဲ့သည်ဟု ပြည်ထောင်စုဝန်ကြီး၏ပြောကြားချက်အရ သိရသည်။

Zaw Gyi

ေႏြရာသီအမီ ေ႐ႊဓာတ္ေငြ႕ႏွင့္ကုန္းတြင္းဓာတ္ေငြ႕ အသုံးျပဳ၍ လွ်ပ္စစ္ဓာတ္အား ၂၂၅ မဂၢါဝပ္အထိ တိုးတက္ထုတ္လုပ္ႏိုင္ေရး စီမံေဆာင္႐ြက္လ်က္ရွိ

ရခိုင္ျပည္နယ္၊ေက်ာက္ျဖဴၿမိဳ႕နယ္ရွိ ဓာတ္အားေပးစက္႐ုံစီမံကိန္းမ်ားအား လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီးဦးေအာင္သန္းဦးမွ ၾကည့္ရႈစစ္ေဆးစဥ္ကေျပာၾကားခဲ့ျခင္းျဖစ္ သည္။

ေက်ာက္ျဖဴၿမိဳ႕နယ္ရွိ ဓာတ္အားထုတ္လုပ္ေမာင္းႏွင္လ်က္ရွိသည့္ V Power Group Holdings Limited ၏ ေက်ာက္ျဖဴ ၄၅ မဂၢါဝပ္ ဓာတ္ေငြ႕အင္ ဂ်င္သုံးဓာတ္အားေပးစက္႐ုံႏွင့္ CNTIC Vpower KY-3 Limited ၏ ေက်ာက္ျဖဴ ၁၅၀ မဂၢါဝပ္ ဓာတ္ေငြ႕အင္ဂ်င္သုံး ဓာတ္အားေပးစက္႐ုံမ်ား၊ Kyauk Phyu Electric Power Company Limited ၏ ေက်ာက္ျဖဴ ၁၃၅ မဂၢါဝပ္ သဘာဝဓာတ္ေငြ႕ႏွင့္စြန္႔ပစ္အပူသုံး ဓာတ္အားေပးစက္႐ုံ စီမံကိန္းတို႔အား သြားေရာက္ၾကည့္ရႈခဲ့ျခင္းျဖစ္သည္။

ေ႐ႊဓာတ္ေငြ႕အသုံးျပဳ၍ လွ်ပ္စစ္ဓာတ္အား ၁၉၅ မဂၢါဝပ္ႏွင့္ကုန္းတြင္းဓာတ္ေငြ႕ အသုံးျပဳ၍ ဓာတ္ အား ၃၀ မဂၢါဝပ္ တိုးတက္ထုတ္လုပ္ႏိုင္သျဖင့္ လွ်ပ္စစ္ဓာတ္အား ၂၂၅ မဂၢါဝပ္အထိ တိုးတက္ထုတ္လုပ္ႏိုင္ေရး စီမံေဆာင္႐ြက္လ်က္ရွိကာ တာပိန္(၁)ေရအားလွ်ပ္စစ္ဓာတ္အားေပးစက္႐ုံစီမံ ကိန္းမွ လွ်ပ္စစ္ဓာတ္အား ၁၂၀ မဂၢါဝပ္ခန႔္အား ဝယ္ယူရန္ညႇိႏႈိင္းလ်က္ရွိသည္။

ထို႔ျပင္ ဘီလူးေခ်ာင္းစက္႐ုံမ်ားမွ ေႏြရာသီတြင္ထြက္ရွိမည့္ ဓာတ္အား ၁၇၀ မဂၢါဝပ္ခန႔္အား ဓာတ္အားစနစ္မွတဆင့္ျဖန႔္ျဖဴးႏိုင္ရန္ႏွင့္ေဖာက္ ခြဲဖ်က္ဆီးခံထားရသည့္ တာဝါတိုင္ ၁၉ တိုင္ခန႔္အား ျပဳျပင္လ်က္ရွိ၍ လုပ္ငန္းမ်ားၿပီးစီးပါက ဓာတ္အားလိုအပ္ခ်က္ပမာဏပိုမိုျဖန႔္ျဖဴးေပးႏိုင္မည္ဟု ျပည္ေထာင္စုဝန္ႀကီးဦးေအာင္သန္းဦးကေျပာသည္။

ထို႔အတူ ေႏြရာသီအမီေ႐ႊဓာတ္ေငြ႕အသုံးျပဳ၍ ၁၉၅ မဂၢါဝပ္အထိ တိုးတက္ထုတ္လုပ္ေပးႏိုင္ရန္ႏွင့္ ၁၃၅ မဂၢါဝပ္ သဘာဝဓာတ္ေငြ႕ႏွင့္စြန္႔ပစ္အပူသုံးဓာတ္အားေပး စက္႐ုံစီမံကိန္းတို႔အား သတ္ မွတ္ရက္မ်ားအတိုင္းၿပီးစီးႏိုင္ရန္အတြက္ ႀကိဳး ပမ္းေဆာင္႐ြက္ၾကရန္ ျပည္ေထာင္စုဝန္ႀကီးက မွာ ၾကားခဲ့သည္။

ထို႔အတူ အမွတ္ ၄ ဓာတ္ေျမၾသဇာစက္႐ုံ(ေျမာင္းတကာ)ႏွင့္ အမွတ္ ၅ ဓာတ္ေျမၾသဇာစက္႐ုံ(ကန္ႀကီးေထာင့္)တို႔၌ႏွစ္စဥ္ ဧၿပီလတြင္ ျပဳလုပ္သည့္ ထိန္းသိမ္းျပဳျပင္ျခင္းလုပ္ငန္းမ်ားအား သတ္ မွတ္ခ်ိန္ထက္ေစာ၍ျပဳလုပ္ကာ ယင္းစက္႐ုံမ်ားသို႔ ေထာက္ပံ့ေပးထားသည့္ ကုန္းတြင္းသဘာဝ ဓာတ္ေငြ႕အား ႐ြာမဓာတ္အားေပးစက္႐ုံရွိ ဓာတ္ အားေပးစက္မ်ားသို႔ ေျပာင္းလဲေထာက္ပံ့ၿပီး လွ်ပ္စစ္ဓာတ္အား ၃၀ မဂၢါဝပ္ကို ထုတ္လုပ္လ်က္ရွိသည္ဟု သိရသည္။

ထို႔ျပင္ ေက်ာက္ျဖဴေဒသ၌ ဓာတ္ေငြ႕ျဖန႔္ျဖဴးေပးေနသည့္ ပိုက္လိုင္းအေျခခံအေဆာက္အဦးမ်ား ၏ အေနအထားအရ ေ႐ႊဓာတ္ေငြ႕ ကုဗေပသန္း ၂၀ သာ ထုတ္ယူသုံးစြဲႏိုင္သျဖင့္ တစ္ရက္လွ်င္ ေ႐ႊဓာတ္ေငြ႕သန္း ၅၀ အထိ တိုးတက္ရယူသုံးစြဲႏိုင္ရန္ ပိုက္လိုင္းအေျခခံအေဆာက္အဦးမ်ားအား တိုးခ်ဲ႕ျပင္ဆင္ျခင္းလုပ္ငန္းမ်ားေဆာင္႐ြက္လ်က္ရွိကာ ေမလ၌ၿပီးစီးမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လုပ္ငန္းေဆာင္႐ြက္စဥ္ သက္တမ္းကုန္ ဆုံးသြားသည့္ ၄၅ မဂၢါဝပ္ ဓာတ္ေငြ႕အင္ဂ်င္သုံးဓာတ္အားေပးစက္႐ုံမွအသုံးျပဳခဲ့သည့္ ေ႐ႊဓာတ္ ေငြ႕တစ္ရက္ ကုဗေပ ၁၀ သန္းအား စက္စြမ္းရည္ ပိုမိုေကာင္းမြန္သည့္ ၁၅၀ မဂၢါဝပ္ LNG to Power ဓာတ္ေငြ႕အင္ဂ်င္သုံးဓာတ္အားေပးစက္အစား သ ဘာဝဓာတ္ေငြ႕သုံးဓာတ္အားေပးစက္႐ုံသို႔ ေျပာင္း လဲေထာက္ပံ့၍ ေဖေဖာ္ဝါရီ ၁၀ ရက္မွ စတင္ကာ ၅၀ မဂၢါဝပ္ တိုးျမႇင့္ဓာတ္အားထုတ္လုပ္ျဖန႔္ျဖဴး ေပးႏိုင္ခဲ့သည္ဟု ျပည္ေထာင္စုဝန္ႀကီး၏ေျပာၾကားခ်က္အရ သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here