မုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့် ၃ရက်အတွင်း နေပြည်တော်အပါအဝင် တိုင်းပြည်နယ်အချို့တွင် မိုးထစ်ချုန်းရွာနိုင်မည်

0
115

မုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့် ၃ရက်အတွင်း နေပြည်တော်အပါအဝင် တိုင်းပြည်နယ်အချို့တွင် မိုးထစ်ချုန်းရွာနိုင်မည်

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှမုန်တိုင်းငယ်သတိပေးချက် တစ်ရပ်ကို ယနေ့၂၀၂၂ခုနှစ်၊ မတ်လ(၂၀)ရက်နေ့ မြန်မာစံတော်ချိန်(၁၀:၃၀)နာရီအချိန်တွင် ထုတ်ပြန်ခဲ့သည်။

ယနေ့မြန်မာစံတော်ချိန်(၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် ပိုမိုအားကောင်းလာကာ၊ မုန်တိုင်းငယ်(Depression) အဖြစ်သို့ရောက်ရှိခဲ့ပါသည်။ အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၂၆၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၃၉၀)မိုင်ခန့်၊ ထားဝယ်မြို့၏ အနောက်တောင်ဘက် ရေမိုင်(၄၂၀)မိုင်ခန့်၊ ကော့သောင်းမြို့၏ အနောက်ဘက် ရေမိုင် (၃၆၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း(Nicobar Islands)၏ မြောက်-အနောက်မြောက်ဘက် ရေမိုင် (၄၀)မိုင်ခန့်နှင့် ပို့ပလဲယား(Port Blair)၏ တောင်-အနောက်တောင် ရေမိုင် (၁၁၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေဖြစ်ပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ထားသည်။

အဆိုပါမုန်တိုင်းငယ်(Depression)သည် မြောက်ဘက်သို့ရွေ့လျားပြီး၊ ပိုမိုအားကောင်းလာပြီးနောက်(၂၄)နာရီအတွင်းအားကောင်းသောမုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ လည်းကောင်း၊ နောက်(၄၈)နာရီအတွင်းဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟုခန့်မှန်းထားသည်။

ဆိုပါမုန်တိုင်းငယ်(Depression)သည်(၂၁.၃.၂၀၂၂)ရက်နေ့ ညပိုင်းတွင် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီး သို့လည်းကောင်း၊ (၂၂.၃.၂၀၂၂)ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီးသို့လည်းကောင်း၊ (၂၂.၃.၂၀၂၂)ရက်နေ့၌ ညပိုင်းတွင် ရခိုင်ကမ်းရိုးတန်းအနီးသို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။


မုန်တိုင်းငယ်(Depression)၏အရှိန်ကြောင့် ယနေ့နံနက်မှ (၂၂.၃.၂၀၂၂)ရက်နေ့ အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိတိုက်ခတ်နိုင်ပါသည်။လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။

အဆိုပါ မုန်တိုင်းငယ်(Depression)၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုနိုင်ပါရန် မိုးဇလက အသိပေးနှိုးဆော်ထားသည်။

Zaw Gyi

မုန္တိုင္းငယ္(Depression)၏အရွိန္ေၾကာင့္ ၃ရက္အတြင္း ေနျပည္ေတာ္အပါအဝင္ တိုင္းျပည္နယ္အခ်ိဳ႕တြင္ မိုးထစ္ခ်ဳန္း႐ြာႏိုင္မည္

မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွမုန္တိုင္းငယ္သတိေပးခ်က္ တစ္ရပ္ကို ယေန႔၂၀၂၂ခုႏွစ္၊ မတ္လ(၂၀)ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္(၁၀:၃၀)နာရီအခ်ိန္တြင္ ထုတ္ျပန္ခဲ့သည္။

ယေန႔ျမန္မာစံေတာ္ခ်ိန္(၀၉:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ကပၸလီပင္လယ္ျပင္ေတာင္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ ဘဂၤလားပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္းတို႔တြင္ ျဖစ္ေပၚေနေသာ အားေကာင္းေသာ ေလဖိအားနည္းရပ္ဝန္း(Well Marked Low Pressure Area)သည္ ပိုမိုအားေကာင္းလာကာ၊ မုန္တိုင္းငယ္(Depression) အျဖစ္သို႔ေရာက္ရွိခဲ့ပါသည္။ အဆိုပါ မုန္တိုင္းငယ္(Depression)သည္ ျမန္မာႏိုင္ငံ၊ ကိုကိုးကြၽန္းၿမိဳ႕(Coco Island)၏ ေတာင္-အေနာက္ေတာင္ဘက္ ေရမိုင္ (၂၆၀)မိုင္ခန႔္၊ ဟိုင္းႀကီးကြၽန္းၿမိဳ႕၏ ေတာင္-အေနာက္ေတာင္ဘက္ ေရမိုင္ (၃၉၀)မိုင္ခန႔္၊ ထားဝယ္ၿမိဳ႕၏ အေနာက္ေတာင္ဘက္ ေရမိုင္(၄၂၀)မိုင္ခန႔္၊ ေကာ့ေသာင္းၿမိဳ႕၏ အေနာက္ဘက္ ေရမိုင္ (၃၆၀)မိုင္ခန႔္၊ အိႏၵိယႏိုင္ငံ၊ နီကိုးဘားကြၽန္း(Nicobar Islands)၏ ေျမာက္-အေနာက္ေျမာက္ဘက္ ေရမိုင္ (၄၀)မိုင္ခန႔္ႏွင့္ ပို႔ပလဲယား(Port Blair)၏ ေတာင္-အေနာက္ေတာင္ ေရမိုင္ (၁၁၀)မိုင္ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနပါသည္။
မုန္တိုင္းငယ္(Depression)၏ လက္ရွိအေျခအေနမွာ ျမန္မာႏိုင္ငံဘက္သို႔ ဦးတည္ေ႐ြ႕လ်ားမည့္ အေျခအေနျဖစ္ပါသျဖင့္ လိေမၼာ္ေရာင္အဆင့္ဟု သတ္မွတ္ထားသည္။

အဆိုပါမုန္တိုင္းငယ္(Depression)သည္ ေျမာက္ဘက္သို႔ေ႐ြ႕လ်ားၿပီး၊ ပိုမိုအားေကာင္းလာၿပီးေနာက္(၂၄)နာရီအတြင္းအားေကာင္းေသာမုန္တိုင္းငယ္(Deep Depression)အျဖစ္သို႔ လည္းေကာင္း၊ ေနာက္(၄၈)နာရီအတြင္းဆိုင္ကလုန္းမုန္တိုင္း(Cyclonic Storm)အျဖစ္သို႔ ေရာက္ရွိႏိုင္သည္ဟုခန႔္မွန္းထားသည္။

ဆိုပါမုန္တိုင္းငယ္(Depression)သည္(၂၁.၃.၂၀၂၂)ရက္ေန႔ ညပိုင္းတြင္ ျမန္မာႏိုင္ငံ၊ ကိုကိုးကြၽန္းအနီး သို႔လည္းေကာင္း၊ (၂၂.၃.၂၀၂၂)ရက္ေန႔ နံနက္ပိုင္းတြင္ ဧရာဝတီတိုင္းေဒသႀကီး၊ ဟိုင္းႀကီးကြၽန္းအနီးသို႔လည္းေကာင္း၊ (၂၂.၃.၂၀၂၂)ရက္ေန႔၌ ညပိုင္းတြင္ ရခိုင္ကမ္း႐ိုးတန္းအနီးသို႔လည္းေကာင္း ေရာက္ရွိႏိုင္သည္ဟု ခန႔္မွန္းထားသည္။

မုန္တိုင္းငယ္(Depression)၏အရွိန္ေၾကာင့္ ယေန႔နံနက္မွ (၂၂.၃.၂၀၂၂)ရက္ေန႔ အတြင္း ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ အခ်ိဳ႕ေဒသမ်ားတြင္ ေဒသအလိုက္ႏွင့္ ေနရာကြက္၍ မိုးႀကီးႏိုင္ပါသည္။ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီးလႈိင္းႀကီးမည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလွ်င္ မိုင္(၄၀)အထိတိုက္ခတ္ႏိုင္ပါသည္။လႈိင္းအျမင့္မွာျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၉)ေပမွ (၁၂)ေပခန႔္ ရွိႏိုင္ပါသည္။

အဆိုပါ မုန္တိုင္းငယ္(Depression)၏ အရွိန္ေၾကာင့္ မိုး႐ြာသြန္းျခင္းႏွင့္အတူေလျပင္းတိုက္ခတ္ျခင္း၊ မိုးထစ္ခ်ဳန္းျခင္းမ်ားျဖစ္ေပၚႏိုင္ပါသျဖင့္ ႀကိဳတင္သတိျပဳေနထိုင္ၾကပါရန္ႏွင့္ ျပည္တြင္းေလေၾကာင္းပ်ံသန္းေရး၊ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ကမ္းလြန္ပင္လယ္ျပင္တို႔ရွိကမ္းနီး၊ ကမ္းေဝးငါးဖမ္းေရယာဥ္မ်ား၊‌ သေဘၤာမ်ားအေနျဖင့္လည္းႀကိဳတင္သတိျပဳႏိုင္ပါရန္ မိုးဇလက အသိေပးႏႈိးေဆာ္ထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here