အာရှလမ်းမကြီးတွင် တွဲကား ၂ စီးမျက်နှာချင်း ဆိုင်တိုက်

0
372

အာရှလမ်းမကြီးတွင် တွဲကား ၂ စီးမျက်နှာချင်း ဆိုင်တိုက်

ကရင်ပြည်နယ်ရှိ မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်တွင် မတ် ၂၀ ရက်(ယနေ့)ညနေပိုင်းက တွဲကား ၂ စီးမျက်နှာချင်းဆိုင်တိုက်မိခဲ့ကြောင်း သင်္ဃန်းညီနောင်(မြို့သစ်)လူမှုကူညီရေးအဖွဲ့မှသိရသည်။

အာရှလမ်းမကြီး၏ ကွင်းကလေးတံတားအပေါ်ကွေ့၌ ညနေ ၄ နာရီ ၅၀ မိနစ်ခန့်က မျက်နှာချင်း ဆိုင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မိုးရွာနေတဲ့အချိန်ဆိုတော့ စလစ်ဖြစ်ပြီးတိုက်မိကြတာဖြစ်ဖို့များတယ် တွဲကား ၂ စီးလုံးမှာကကုန်တွေပါတယ် မိုးရွာနေတဲ့အတွက် တာလပတ်တွေနဲ့အုပ်ထားရတယ် အခုချိန်ထိကျွန်တော်တို့ဘက်မှာမိုးရွာနေတုန်း”ဟုသင်္ဃန်းညီနောင်(မြို့သစ်)လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌကိုစိုးမိုးဌေးကပြောသည်။

တွဲကား ၂ စီးမျက်နှာချင်းဆိုင်တိုက်မိမှုတွင် တွဲကား ၂ စီးလုံးမှာပျက်စီးမှုများရှိခဲ့ပြီး လူများထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

“မိုးကကောင်းနေတော့ အတော်သတိထားပြီးမောင်းနေရတယ် အခုလိုပူနေတဲ့အချိန်မှာ ရုတ်တ ရက်ရွာချလိုက်တာကပိုပြီးစလစ်ဖြစ်လွယ်တယ် အမြန်မောင်းရင်ပိုပြီးအန္တရာယ်များတယ် ပုံမှန်လေးပဲမောင်းတာကောင်းတယ်”ဟုခရီးသည်တင်ကားမောင်းသူ ကိုညီညီကပြောသည်။

Zaw Gyi

အာရွလမ္းမႀကီးတြင္ တြဲကား ၂ စီးမ်က္ႏွာခ်င္း ဆိုင္တိုက္

ကရင္ျပည္နယ္ရွိ ျမဝတီ-ေကာ့ကရိတ္သြား အာရွလမ္းမႀကီးေပၚတြင္ မတ္ ၂၀ ရက္(ယေန႔)ညေနပိုင္းက တြဲကား ၂ စီးမ်က္ႏွာခ်င္းဆိုင္တိုက္မိခဲ့ေၾကာင္း သဃၤန္းညီေနာင္(ၿမိဳ႕သစ္)လူမႈကူညီေရးအဖြဲ႕မွသိရသည္။

အာရွလမ္းမႀကီး၏ ကြင္းကေလးတံတားအေပၚေကြ႕၌ ညေန ၄ နာရီ ၅၀ မိနစ္ခန္႔က မ်က္ႏွာခ်င္း ဆိုင္တိုက္မိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“မိုး႐ြာေနတဲ့အခ်ိန္ဆိုေတာ့ စလစ္ျဖစ္ၿပီးတိုက္မိၾကတာျဖစ္ဖို႔မ်ားတယ္ တြဲကား ၂ စီးလုံးမွာကကုန္ေတြပါတယ္ မိုး႐ြာေနတဲ့အတြက္ တာလပတ္ေတြနဲ႔အုပ္ထားရတယ္ အခုခ်ိန္ထိကြၽန္ေတာ္တို႔ဘက္မွာမိုး႐ြာေနတုန္း”ဟုသဃၤန္းညီေနာင္(ၿမိဳ႕သစ္)လူမႈကူညီေရးအဖြဲ႕ ဥကၠ႒ကိုစိုးမိုးေဌးကေျပာသည္။

တြဲကား ၂ စီးမ်က္ႏွာခ်င္းဆိုင္တိုက္မိမႈတြင္ တြဲကား ၂ စီးလုံးမွာပ်က္စီးမႈမ်ားရွိခဲ့ၿပီး လူမ်ားထိခိုက္ဒဏ္ရာရရွိမႈမရွိခဲ့ေၾကာင္း သိရသည္။

“မိုးကေကာင္းေနေတာ့ အေတာ္သတိထားၿပီးေမာင္းေနရတယ္ အခုလိုပူေနတဲ့အခ်ိန္မွာ ႐ုတ္တ ရက္႐ြာခ်လိုက္တာကပိုၿပီးစလစ္ျဖစ္လြယ္တယ္ အျမန္ေမာင္းရင္ပိုၿပီးအႏၲရာယ္မ်ားတယ္ ပုံမွန္ေလးပဲေမာင္းတာေကာင္းတယ္”ဟုခရီးသည္တင္ကားေမာင္းသူ ကိုညီညီကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here