မုံရွာမြို့၊စက်မှုဇုန်ရှိချည်မျှင်စက်ရုံ မီးလောင်မှုဖြစ်ပွား

0
147

မုံရွာမြို့၊စက်မှုဇုန်ရှိချည်မျှင်စက်ရုံ မီးလောင်မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့၊စက်မှုဇုန်၊နယ်မြေ (၅)၊၃၉လမ်းရှိ မင်းသန့်ဇင် ချည်မျှင်စက်ရုံတွင် မတ်လ၁၉ရက်၊မွန်းလွဲ၂နာရီ၂၅မိနစ်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးညွှန်ကြားရေးမှူး ဦးသန်းထွဋ်ဦးက အနီးကပ်ကြီးကြပ်၍ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးမှုးရုံးမှအုပ်ချုပ်မှုယာဉ်များ၊မုံရွာခရိုင်မီးသတ် မုံရွာမြို့နယ်မီးသတ်တပ်ဖွဲ့နှင့်စက်မှုဇုန်မီးသတ်တပ်ဖွဲ့တို့မှမီးငြိမ်းသတ်ယာဉ်၇စီး၊ရေသယ်ယာဉ်၈စီး၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြောင်းလည်းသိရသည်။

မီးလောင်မှုကြောင့် ပေ၈၀×၂၅ပေသွပ်မိုး၊ကပ်ကာ၊အုတ်ခင်း၊အဝတ်ဖြတ်စဂိုဒေါင်တစ်လုံး၊ဂွမ်းဖတ်စက်တစ်လုံးနှင့်အဝတ်ဖြတ်စပိသာ၅၀၀ မီးလောင်ဆုံးရှုံးခဲ့ရကာ မီးလောင်ရသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်းနှင့်မီးလောင်မှုနှင့်ပတ်သက်၍ မုံရွာမြို့ နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

Zaw Gyi

မုံ႐ြာၿမိဳ႕၊စက္မႈဇုန္ရွိခ်ည္မွ်င္စက္႐ုံ မီးေလာင္မႈျဖစ္ပြား

စစ္ကိုင္းတိုင္းေဒသႀကီး၊မုံ႐ြာၿမိဳ႕၊စက္မႈဇုန္၊နယ္ေျမ (၅)၊၃၉လမ္းရွိ မင္းသန္႔ဇင္ ခ်ည္မွ်င္စက္႐ုံတြင္ မတ္လ၁၉ရက္၊မြန္းလြဲ၂နာရီ၂၅မိနစ္က မီးေလာင္မႈတစ္ခု ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

မီးေလာင္မႈျဖစ္ပြားရာသို႔ စစ္ကိုင္းတိုင္းေဒသႀကီး မီးသတ္ဦးစီးမႉးၫႊန္ၾကားေရးမႉး ဦးသန္းထြဋ္ဦးက အနီးကပ္ႀကီးၾကပ္၍ စစ္ကိုင္းတိုင္းေဒသႀကီး မီးသတ္ဦးစီးမႈး႐ုံးမွအုပ္ခ်ဳပ္မႈယာဥ္မ်ား၊မုံ႐ြာခ႐ိုင္မီးသတ္ မုံ႐ြာၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ႏွင့္စက္မႈဇုန္မီးသတ္တပ္ဖြဲ႕တို႔မွမီးၿငိမ္းသတ္ယာဥ္၇စီး၊ေရသယ္ယာဥ္၈စီး၊အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ ျပည္သူမ်ားဝိုင္းဝန္းမီးၿငိမ္းသတ္ခဲ့ေၾကာင္းလည္းသိရသည္။

မီးေလာင္မႈေၾကာင့္ ေပ၈၀×၂၅ေပသြပ္မိုး၊ကပ္ကာ၊အုတ္ခင္း၊အဝတ္ျဖတ္စဂိုေဒါင္တစ္လုံး၊ဂြမ္းဖတ္စက္တစ္လုံးႏွင့္အဝတ္ျဖတ္စပိသာ၅၀၀ မီးေလာင္ဆုံးရႈံးခဲ့ရကာ မီးေလာင္ရသည့္ အေၾကာင္းအရင္းကို စုံစမ္းစစ္ေဆးဆဲျဖစ္ေၾကာင္းႏွင့္မီးေလာင္မႈႏွင့္ပတ္သက္၍ မုံ႐ြာၿမိဳ႕ နယ္ေျမရဲစခန္းတြင္ အမႈဖြင့္အေရးယူေဆာင္႐ြက္ထားရွိေၾကာင္း မီးသတ္ဦးစီးဌာနမွ သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here