လိမ္မော်ရောင်အဆင့်မုန်တိုင်းတိုက်ခတ်မှုကြောင့် ရန်ကုန်မြို့နေရာအချို့၌ ယနေ့နံနက်အစောပိုင်းက မိုးရွာသွန်း

0
161

လိမ္မော်ရောင်အဆင့်မုန်တိုင်းတိုက်ခတ်မှုကြောင့် ရန်ကုန်မြို့နေရာအချို့၌ ယနေ့နံနက်အစောပိုင်းက မိုးရွာသွန်း

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ လိမ္မော်ရောင့်အဆင့်အဖြစ်သတ်မှတ်ထားသည့် မုန်တိုင်းငယ်(Depression)တိုက်ခတ်မှုကြောင့် မတ် ၂၁ ရက်(ယနေ့)နံနက်အစောပိုင်းတွင် ရန်ကုန်မြို့ရှိနေရာအချို့၌ မိုးရွာသွန်းမှုများဖြစ်ပေါ်ခဲ့သည်။

လိမ္မော်ရောင့်အဆင့်အဖြစ်သတ်မှတ်ထားသည့် မုန်တိုင်းငယ်(Depression)သည် လက်ရှိအခြေ အနေတွင် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွှေ့လျားလာမည့် အခြေအနေရှိကြောင်းလည်း မိုးဇလမှခန့်မှန်းထားသည်။

“မနက်အစောကြီး ၄ နာရီကျော်လောက်မှာစပြီးရွာတာ မုန်တိုင်းသတိပေးချက်အတိုင်း ရွာပြီနဲ့တူတယ် အကြာကြီးရွာမသွားသလို အများကြီးလည်းမရွာဘူး နည်းနည်းပဲ သတိပေးချက်ထဲကလိုဆိုရင်တော့အစပဲရှိသေးလို့ဖြစ်မယ်”ဟု ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊စိုက်မွေး(၁)ရပ်ကွက်နေ ကိုတင်ထွန်းအောင်ကပြောသည်။

မိုးဇလ၏ မတ် ၂၁ ရက်(ယနေ့)နံနက် ၇ ရီအချိန်တိုင်းထွာထုတ်ပြန်ချက်အရ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ နှုန်းခန့်အထိဖြစ်၍ နောက် ၂၄ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်ရောက်ရှိနိုင်ကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းငယ်(Depression)သည် ယနေ့နေ့လယ်ပိုင်း၌ မြန်မာနိုင်ငံ၊ကိုကိုးကျွန်းအနီး၊မတ် ၂၂ ရက်နံနက်ပိုင်းတွင် ဧရာဝတီတိုင်း၊ဟိုင်းကြီးကျွန်းအနီးနှင့် မတ် ၂၃ ရက်နံနက်ပိုင်းတွင် ရခိုင်ကမ်းရိုးတန်းအနီးတို့သို့ ရောက်ရှိနိုင်ကြောင်း မိုးဇလမှခန့်မှန်းထားသည်။

မုန်တိုင်းအရှိန်ကြောင့် ယနေ့နံနက်မှ မတ် ၂၃ ရက်အတွင်း နေပြည်တော်၊စစ်ကိုင်းတိုင်း၊မန္တလေး တိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊ဧရာဝ တီတိုင်း၊တနင်္သာရီတိုင်း၊ကချင်ပြည်နယ်၊ရှမ်း ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကယား ပြည်နယ်၊ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှနေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ အချို့ဒေသများ၌ ဒေသအလိုက်နှင့်နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလမှထုတ်ပြန်ထားသည်။

ထို့ပြင် မတ် ၂၂ ရက်နံနက်ပိုင်းတွင် ဧရာဝတီ တိုင်း၊ဟိုင်းကြီးကျွန်းအနီးသို့ ရောက်ရှိနိုင်၍ ဧရာ ဝတီတိုင်းနှင့်ရန်ကုန်တိုင်းတို့တွင် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိနှင့် မတ် ၂၃ ရက်တွင်လည်း ရခိုင်ကမ်းရိုးတန်းသို့ရောက်ရှိနိုင်ပြီး တစ်နာရီလျှင် မိုင် ၄၀ အထိ လေများတိုက်ခတ်နိုင်ကြောင်း သိရသည်။

ထို့ကြောင့် မုန်တိုင်းဝင်ရောက်နိုင်သဖြင့် ကြိုတင်ပြင်ဆင်ထားရမည့် အခြေအနေများအား ဌာနဆိုင်ရာဝန်ထမ်းများ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊မီး သတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းအဖွဲ့များက လိုက်လံနှိုးဆော်အသိပေးပးမှုများလုပ် ဆောင်လျက်ရှိကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန်လည်း ကြိုတင်ပြင်ဆင်ထားလျက်ရှိကြောင်း သိရသည်။

Zaw Gyi

လိေမၼာ္ေရာင္အဆင့္မုန္တိုင္းတိုက္ခတ္မႈေၾကာင့္ ရန္ကုန္ၿမိဳ႕ေနရာအခ်ိဳ႕၌ ယေန႔နံနက္အေစာပိုင္းက မိုး႐ြာသြန္း

ျမန္မာႏိုင္ငံ မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ လိေမၼာ္ေရာင့္အဆင့္အျဖစ္သတ္မွတ္ထားသည့္ မုန္တိုင္းငယ္(Depression)တိုက္ခတ္မႈေၾကာင့္ မတ္ ၂၁ ရက္(ယေန႔)နံနက္အေစာပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိေနရာအခ်ိဳ႕၌ မိုး႐ြာသြန္းမႈမ်ားျဖစ္ေပၚခဲ့သည္။

လိေမၼာ္ေရာင့္အဆင့္အျဖစ္သတ္မွတ္ထားသည့္ မုန္တိုင္းငယ္(Depression)သည္ လက္ရွိအေျခ အေနတြင္ ျမန္မာႏိုင္ငံဘက္သို႔ ဦးတည္ေ႐ႊ႕လ်ားလာမည့္ အေျခအေနရွိေၾကာင္းလည္း မိုးဇလမွခန္႔မွန္းထားသည္။

“မနက္အေစာႀကီး ၄ နာရီေက်ာ္ေလာက္မွာစၿပီး႐ြာတာ မုန္တိုင္းသတိေပးခ်က္အတိုင္း ႐ြာၿပီနဲ႔တူတယ္ အၾကာႀကီး႐ြာမသြားသလို အမ်ားႀကီးလည္းမ႐ြာဘူး နည္းနည္းပဲ သတိေပးခ်က္ထဲကလိုဆိုရင္ေတာ့အစပဲရွိေသးလို႔ျဖစ္မယ္”ဟု ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊စိုက္ေမြး(၁)ရပ္ကြက္ေန ကိုတင္ထြန္းေအာင္ကေျပာသည္။

မိုးဇလ၏ မတ္ ၂၁ ရက္(ယေန႔)နံနက္ ၇ ရီအခ်ိန္တိုင္းထြာထုတ္ျပန္ခ်က္အရ အျမင့္ဆုံးေလတိုက္ႏႈန္းမွာ တစ္နာရီလွ်င္ ၃၅ မိုင္မွ မိုင္ ၄၀ ႏႈန္းခန႔္အထိျဖစ္၍ ေနာက္ ၂၄ နာရီအတြင္း ဆိုင္ကလုန္းမုန္တိုင္း(Cyclonic Storm)အျဖစ္ေရာက္ရွိႏိုင္ေၾကာင္း သိရသည္။

အဆိုပါ မုန္တိုင္းငယ္(Depression)သည္ ယေန႔ေန႔လယ္ပိုင္း၌ ျမန္မာႏိုင္ငံ၊ကိုကိုးကြၽန္းအနီး၊မတ္ ၂၂ ရက္နံနက္ပိုင္းတြင္ ဧရာဝတီတိုင္း၊ဟိုင္းႀကီးကြၽန္းအနီးႏွင့္ မတ္ ၂၃ ရက္နံနက္ပိုင္းတြင္ ရခိုင္ကမ္း႐ိုးတန္းအနီးတို႔သို႔ ေရာက္ရွိႏိုင္ေၾကာင္း မိုးဇလမွခန္႔မွန္းထားသည္။

မုန္တိုင္းအရွိန္ေၾကာင့္ ယေန႔နံနက္မွ မတ္ ၂၃ ရက္အတြင္း ေနျပည္ေတာ္၊စစ္ကိုင္းတိုင္း၊မႏၲေလး တိုင္း၊မေကြးတိုင္း၊ပဲခူးတိုင္း၊ရန္ကုန္တိုင္း၊ဧရာဝ တီတိုင္း၊တနသၤာရီတိုင္း၊ကခ်င္ျပည္နယ္၊ရွမ္း ျပည္နယ္၊ခ်င္းျပည္နယ္၊ရခိုင္ျပည္နယ္၊ကယား ျပည္နယ္၊ကရင္ျပည္နယ္ႏွင့္မြန္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာကာ အခ်ိဳ႕ေဒသမ်ား၌ ေဒသအလိုက္ႏွင့္ေနရာကြက္၍ မိုးႀကီးႏိုင္ေၾကာင္း မိုးဇလမွထုတ္ျပန္ထားသည္။

ထို႔ျပင္ မတ္ ၂၂ ရက္နံနက္ပိုင္းတြင္ ဧရာဝတီ တိုင္း၊ဟိုင္းႀကီးကြၽန္းအနီးသို႔ ေရာက္ရွိႏိုင္၍ ဧရာ ဝတီတိုင္းႏွင့္ရန္ကုန္တိုင္းတို႔တြင္ တစ္နာရီလွ်င္ မိုင္ ၄၀ မွ ၄၅ မိုင္အထိႏွင့္ မတ္ ၂၃ ရက္တြင္လည္း ရခိုင္ကမ္း႐ိုးတန္းသို႔ေရာက္ရွိႏိုင္ၿပီး တစ္နာရီလွ်င္ မိုင္ ၄၀ အထိ ေလမ်ားတိုက္ခတ္ႏိုင္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ မုန္တိုင္းဝင္ေရာက္ႏိုင္သျဖင့္ ႀကိဳတင္ျပင္ဆင္ထားရမည့္ အေျခအေနမ်ားအား ဌာနဆိုင္ရာဝန္ထမ္းမ်ား၊ၾကက္ေျခနီတပ္ဖြဲ႕ဝင္မ်ား၊မီး သတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္လူမႈကူညီေရးအသင္းအဖြဲ႕မ်ားက လိုက္လံႏႈိးေဆာ္အသိေပးပးမႈမ်ားလုပ္ ေဆာင္လ်က္ရွိကာ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားလုပ္ေဆာင္ရန္လည္း ႀကိဳတင္ျပင္ဆင္ထားလ်က္ရွိေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here