ပန္နရသမ ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနသဘင် မတ်လ၂၂ရက်တွင်ကျင်းပမည်

0
140

(Unicode)

ပန္နရသမ ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနသဘင် မတ်လ၂၂ရက်တွင်ကျင်းပမည်

မရမ်းကုန်းမြို့နယ်၊ မြစံပယ်လမ်း၊ ဝိဇောတာရုံစာသင်တိုက်ဦးစီးပဓာန မဟာနာယက ရွှေကျင်နိကာယာဓိပတိ ဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိ ပန္နရသမ ရွှေကျင်သာသနာပိုင် ဝိဇောတာရုံဆရာတော်ဘုရားကြီးဘဒ္ဒန္တဝိဇ္ဇာတ မဟာထေရ်မြတ် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊
နိုင်ငံတော်ဩဝါဒါစရိယ၏ အန္တိမအဂ္ဂိဈာပနအား ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းပေါ်ရှိ သုဝဏ္ဏဘူမိ EVENT PARK ၌သံဃာတော်များ၊ဒါယကာ၊ဒါယိကာမများကနောက်ဆုံးပူဇော်လျက် မတ်လ ၂၂ရက်နေ့ ညနေ၅ နာရီတွင် အန္တိမအဂ္ဂိဈာပနသဘင် ကျင်းပမည်ဟု ဈာပနကော်မတီက အသိပေးကြေညာထားသည်။

ဆရာတော်ကြီး၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်မြတ်ကို အဆိုပါနေ့ မွန်းတည့် ၁၂ နာရီတွင် ဝိဇောတာရုံစာသင်တိုက်၌ အန္တိမဈာပနသာဓုကီဠနပူဇော်ပွဲ သဘင်ဆင်ယင်ကျင်းပပြီး ညနေ ၃ နာရီတွင်ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းပေါ်ရှိ သုဝဏ္ဏဘူမိ EVENT PARKသို့ ပင့်ဆောင်ပြီး ညနေ ၄ နာရီတွင် အန္တိမအဂ္ဂိဈာပနသဘင် ကျင်းပမည်ဖြစ်သည်။

ပန္နရသမ ရွှေကျင်သာသနာပိုင် မဟာထေရ်မြတ်သည်သိက္ခာတော်(၇၃)ဝါ၊ သက်တော်(၉၃)နှစ်ရှိပြီး ၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက်၊ ၂၀-၃-၂၀၂(တနင်္ဂနွေနေ့) နံနက် ၂:၁၂နာရီတွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့သည်။

ဆရာတော်ဘုရားကြီး ဘဝနတ်ထံပျံလွန်တော်မူခြင်းက သာသနာတော်ကြီးအတွက် အထူးဆုံးရံှုးမှုတစ်ရပ်ဖြစ်ကြောင်း သာသနာရေးက ဝမ်းနည်းစကားဆိုထားသည်။

(Zawgyi)

ပႏၷရသမ ေ႐ႊက်င္သာသနာပိုင္ဆရာေတာ္ႀကီး၏ အႏၲိမအဂၢိဈာပနသဘင္ မတ္လ၂၂ရက္တြင္က်င္းပမည္

မရမ္းကုန္းၿမိဳ႕နယ္၊ ျမစံပယ္လမ္း၊ ဝိေဇာတာ႐ုံစာသင္တိုက္ဦးစီးပဓာန မဟာနာယက ေ႐ႊက်င္နိကာယာဓိပတိ ဥကၠ႒ မဟာနာယက ဓမၼေသနာပတိ ပႏၷရသမ ေ႐ႊက်င္သာသနာပိုင္ ဝိေဇာတာ႐ုံဆရာေတာ္ဘုရားႀကီးဘဒၵႏၲဝိဇၨာတ မဟာေထရ္ျမတ္ အဘိဓဇမဟာရ႒ဂု႐ု၊ အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက၊
ႏိုင္ငံေတာ္ဩဝါဒါစရိယ၏ အႏၲိမအဂၢိဈာပနအား ရန္ကုန္ၿမိဳ႕၊ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ သံသုမာလမ္းေပၚရွိ သုဝဏၰဘူမိ EVENT PARK ၌သံဃာေတာ္မ်ား၊ဒါယကာ၊ဒါယိကာမမ်ားကေနာက္ဆုံးပူေဇာ္လ်က္ မတ္လ ၂၂ရက္ေန႔ ညေန၅ နာရီတြင္ အႏၲိမအဂၢိဈာပနသဘင္ က်င္းပမည္ဟု ဈာပနေကာ္မတီက အသိေပးေၾကညာထားသည္။

ဆရာေတာ္ႀကီး၏ ႂကြင္းက်န္ရစ္ေသာ ဥတုဇ႐ုပ္ကလာပ္ေတာ္ျမတ္ကို အဆိုပါေန႔ မြန္းတည့္ ၁၂ နာရီတြင္ ဝိေဇာတာ႐ုံစာသင္တိုက္၌ အႏၲိမဈာပနသာဓုကီဠနပူေဇာ္ပြဲ သဘင္ဆင္ယင္က်င္းပၿပီး ညေန ၃ နာရီတြင္ရန္ကုန္ၿမိဳ႕၊ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ သံသုမာလမ္းေပၚရွိ သုဝဏၰဘူမိ EVENT PARKသို႔ ပင့္ေဆာင္ၿပီး ညေန ၄ နာရီတြင္ အႏၲိမအဂၢိဈာပနသဘင္ က်င္းပမည္ျဖစ္သည္။

ပႏၷရသမ ေ႐ႊက်င္သာသနာပိုင္ မဟာေထရ္ျမတ္သည္သိကၡာေတာ္(၇၃)ဝါ၊ သက္ေတာ္(၉၃)ႏွစ္ရွိၿပီး ၁၃၈၃ ခုႏွစ္၊ တေပါင္းလျပည့္ေက်ာ္ ၄ ရက္၊ ၂၀-၃-၂၀၂(တနဂၤေႏြေန႔) နံနက္ ၂:၁၂နာရီတြင္ ဘဝနတ္ထံ ပ်ံလြန္ေတာ္မူသြားခဲ့သည္။

ဆရာေတာ္ဘုရားႀကီး ဘဝနတ္ထံပ်ံလြန္ေတာ္မူျခင္းက သာသနာေတာ္ႀကီးအတြက္ အထူးဆုံးရံႈးမႈတစ္ရပ္ျဖစ္ေၾကာင္း သာသနာေရးက ဝမ္းနည္းစကားဆိုထားသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here