မုန်တိုင်းအခြေအနေကြောင့် ချောင်းသာကမ်းခြေအား ယနေ့မှစ၍ယာယီပိတ်

0
277

မုန်တိုင်းအခြေအနေကြောင့် ချောင်းသာကမ်းခြေအား ယနေ့မှစ၍ယာယီပိတ်

ဧရာဝတီတိုင်း၊ပုသိမ်မြို့ရှိ ချောင်းသာကမ်းခြေအား မုန်တိုင်းတိုက်ခတ်မည့်အခြေအနေကြောင့် မတ် ၂၁ ရက်(ယနေ့)နေ့လည်ပိုင်းမှစတင်၍ ယာယီပိတ်ခဲ့ကြောင်း ဟိုတယ်အသိုင်းအဝိုင်းမှ သိရသည်။

ထို့အတူ ချောင်းသာကမ်းခြေသို့ ရောက်ရှိနေသည့် ဧည့်သည်များအား မုန်တိုင်းတိုက်ခတ်မည့် အခြေအနေကြောင့် ပြန်လည်စေလွှတ်လျက်ရှိကြောင်း သိရသည်။

“ဟုတ်ပါတယ် ဧည့်သည်တွေအကုန်လုံးကို မုန်တိုင်းအခြေအနေကြောင့်ပြန်လွှတ်နေပါတယ် ရောက်နေတဲ့ဧည့်သည်တွေကိုပြန်လွှတ်နေတာပါ အသစ်လည်းအဝင်မခံတော့ပါဘူး”ဟုချောင်းသာကမ်းခြေဟိုတယ်နှင့်ဘန်ဂလိုများဝန်ဆောင်မှုမှ ကိုမျိုးဝင်းထွန်းကပြောသည်။

ချောင်းသာကမ်းခြေ၌ ရောက်ရှိနေသည့် ဧည့်သည်များအား မတ် ၂၁ ရက်(ယနေ့)မွန်းတည့် ၁၂ နာရီကျော်ခန့်မှစ၍ ပြန်လည်စေလွှတ်နေခြင်းဖြစ်ကြောင်း သိရသည်။

“မုန်တိုင်းအခြေအနေပြန်ကောင်းလာတဲ့အခါကြရင် မတ် ၂၄ ရက်လောက်ဆိုရင်တော့ ဧည့်သည်တွေပြန်ပြီးလက်ခံသွားဖို့ရှိတယ်”ဟုကိုမျိုးဝင်းထွန်းကပြောသည်။

ချောင်းသာကမ်းခြေသို့ရောက်ရှိနေသည့် ဧည့်သည်များအားပြန်လွှတ်လျက်ရှိကာ ပုသိမ်မြို့နယ်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီအဖွဲ့များ၊လူမှုကူညီရေးအသင်းများ၊ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများမှ မုန်တိုင်းခတ်ခတ်လာပါက ဖြစ်ပေါ်လာမည့်အခက်အခဲများအား ကူညီမှုများပြုလုပ်ပေးနိုင်ရန် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

“နာဂစ်ဖြစ်ခဲ့တာကိုနမူနာယူပြီး အချိန်မီကူညီကယ်ဆယ်ရေးတွေလုပ်ဆောင်နိုင်ဖို့အတွက် ပြင်ဆင်ထားပါတယ် တပ်ဖွဲ့ဝင်တွေအကုန်လုံးလည်း ကယ်ဆယ်ရေးအတွက်အဆင်သင့်ဖြစ်နေကြပါပြီ မုန်တိုင်းသတိပေးလက်ကမ်းစာစောင်တွေလည်းလိုက်ပြီးဝေငှပေးထားပါတယ်”ဟုပုသိမ်မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

Zaw Gyi

မုန္တိုင္းအေျခအေနေၾကာင့္ ေခ်ာင္းသာကမ္းေျခအား ယေန႔မွစ၍ယာယီပိတ္

ဧရာဝတီတိုင္း၊ပုသိမ္ၿမိဳ႕ရွိ ေခ်ာင္းသာကမ္းေျခအား မုန္တိုင္းတိုက္ခတ္မည့္အေျခအေနေၾကာင့္ မတ္ ၂၁ ရက္(ယေန႔)ေန႔လည္ပိုင္းမွစတင္၍ ယာယီပိတ္ခဲ့ေၾကာင္း ဟိုတယ္အသိုင္းအဝိုင္းမွ သိရသည္။

ထို႔အတူ ေခ်ာင္းသာကမ္းေျခသို႔ ေရာက္ရွိေနသည့္ ဧည့္သည္မ်ားအား မုန္တိုင္းတိုက္ခတ္မည့္ အေျခအေနေၾကာင့္ ျပန္လည္ေစလႊတ္လ်က္ရွိေၾကာင္း သိရသည္။

“ဟုတ္ပါတယ္ ဧည့္သည္ေတြအကုန္လုံးကို မုန္တိုင္းအေျခအေနေၾကာင့္ျပန္လႊတ္ေနပါတယ္ ေရာက္ေနတဲ့ဧည့္သည္ေတြကိုျပန္လႊတ္ေနတာပါ အသစ္လည္းအဝင္မခံေတာ့ပါဘူး”ဟုေခ်ာင္းသာကမ္းေျခဟိုတယ္ႏွင့္ဘန္ဂလိုမ်ားဝန္ေဆာင္မႈမွ ကိုမ်ိဳးဝင္းထြန္းကေျပာသည္။

ေခ်ာင္းသာကမ္းေျခ၌ ေရာက္ရွိေနသည့္ ဧည့္သည္မ်ားအား မတ္ ၂၁ ရက္(ယေန႔)မြန္းတည့္ ၁၂ နာရီေက်ာ္ခန္႔မွစ၍ ျပန္လည္ေစလႊတ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“မုန္တိုင္းအေျခအေနျပန္ေကာင္းလာတဲ့အခါၾကရင္ မတ္ ၂၄ ရက္ေလာက္ဆိုရင္ေတာ့ ဧည့္သည္ေတြျပန္ၿပီးလက္ခံသြားဖို႔ရွိတယ္”ဟုကိုမ်ိဳးဝင္းထြန္းကေျပာသည္။

ေခ်ာင္းသာကမ္းေျခသို႔ေရာက္ရွိေနသည့္ ဧည့္သည္မ်ားအားျပန္လႊတ္လ်က္ရွိကာ ပုသိမ္ၿမိဳ႕နယ္အတြင္းရွိ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ၾကက္ေျခနီအဖြဲ႕မ်ား၊လူမႈကူညီေရးအသင္းမ်ား၊ဌာနဆိုင္ရာအသီးသီးမွတာဝန္ရွိသူမ်ားမွ မုန္တိုင္းခတ္ခတ္လာပါက ျဖစ္ေပၚလာမည့္အခက္အခဲမ်ားအား ကူညီမႈမ်ားျပဳလုပ္ေပးႏိုင္ရန္ ႀကိဳတင္ျပင္ဆင္လ်က္ရွိေၾကာင္း သိရသည္။

“နာဂစ္ျဖစ္ခဲ့တာကိုနမူနာယူၿပီး အခ်ိန္မီကူညီကယ္ဆယ္ေရးေတြလုပ္ေဆာင္ႏိုင္ဖို႔အတြက္ ျပင္ဆင္ထားပါတယ္ တပ္ဖြဲ႕ဝင္ေတြအကုန္လုံးလည္း ကယ္ဆယ္ေရးအတြက္အဆင္သင့္ျဖစ္ေနၾကပါၿပီ မုန္တိုင္းသတိေပးလက္ကမ္းစာေစာင္ေတြလည္းလိုက္ၿပီးေဝငွေပးထားပါတယ္”ဟုပုသိမ္ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕စခန္းမွတာဝန္ရွိသူတစ္ဦးကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here