ရွှေကျင်သာသနာပိုင် မဟာထေရ်မြတ်၏ ဥတုဇရုပ်ကလာပ်တော်မြတ်အား နစကဥက္ကဌဖူးမြော်ကြည်ညို

0
181

(Unicode)

ရွှေကျင်သာသနာပိုင် မဟာထေရ်မြတ်၏ ဥတုဇရုပ်ကလာပ်တော်မြတ်အား နစကဥက္ကဌဖူးမြော်ကြည်ညို

မရမ်းကုန်းမြို့နယ်၊ မြစံပယ်လမ်း၊ ဝိဇောတာရုံစာသင်တိုက်ဦးစီးပဓာန မဟာနာယက ရွှေကျင်နိကာယာဓိပတိ ဥက္ကဋ္ဌ မဟာနာယက ဓမ္မသေနာပတိ ပန္နရသမ ရွှေကျင်သာသနာပိုင် ဝိဇောတာရုံဆရာတော်ဘုရားကြီးဘဒ္ဒန္တဝိဇ္ဇာတ မဟာထေရ်မြတ် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊နိုင်ငံတော်ဩဝါဒါစရိယ သိက္ခာတော်(၇၃)ဝါ၊ သက်တော်(၉၃)နှစ်၏ ဥတုဇရုပ်ကလာပ်တော်မြတ်အား နစကဥက္ကဌက ယနေ့တွင် သွားရောက် ဖူးမြော်ကြည်ညိုခဲ့သည်။

ပန္နရသမ ရွှေကျင်သာသနာပိုင် မဟာထေရ်မြတ်သည် ၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက်၊ ၂၀-၃-၂၀၂(တနင်္ဂနွေနေ့) နံနက် ၂:၁၂နာရီတွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်သည်။

ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်မြတ်အား ၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက်၊ ၂၂-၃-၂၀၂၂ (အင်္ဂါနေ့) မွန်းတည့် ၁၂ နာရီတွင် ဝိဇောတာရုံစာသင်တိုက်၌ အန္တိမဈာပနသာဓုကီဠနပူဇော်ပွဲ သဘင်ဆင်ယင်ကျင်းပ၍ ညနေ ၃ နာရီတွင် ပင့်ဆောင်ပြီး ညနေ ၄ နာရီတွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းပေါ်ရှိ သုဝဏ္ဏဘူမိ EVENT PARK ၌သံဃာတော်များဒါယကာ၊ဒါယိကာမများကနောက်ဆုံးပူဇော်လျက်ညနေ၅ နာရီတွင် အန္တိမအဂ္ဂိဈာပနသဘင် ကျင်းပမည်ဖြစ်ကြောင်း ရပ်ဝေးရပ်နီးမှ သံဃာတော်များ နှင့် ဒါယကာ၊ ဒါယိကာမအပေါင်းသိစေရန်ဈာပနကော်မတီက အကြောင်းကြားထားသည်ဟုသိရသည်။

(Zawgyi)

ေ႐ႊက်င္သာသနာပိုင္ မဟာေထရ္ျမတ္၏ ဥတုဇ႐ုပ္ကလာပ္ေတာ္ျမတ္အား နစကဥကၠဌဖူးေျမာ္ၾကည္ညိဳ

မရမ္းကုန္းၿမိဳ႕နယ္၊ ျမစံပယ္လမ္း၊ ဝိေဇာတာ႐ုံစာသင္တိုက္ဦးစီးပဓာန မဟာနာယက ေ႐ႊက်င္နိကာယာဓိပတိ ဥကၠ႒ မဟာနာယက ဓမၼေသနာပတိ ပႏၷရသမ ေ႐ႊက်င္သာသနာပိုင္ ဝိေဇာတာ႐ုံဆရာေတာ္ဘုရားႀကီးဘဒၵႏၲဝိဇၨာတ မဟာေထရ္ျမတ္ အဘိဓဇမဟာရ႒ဂု႐ု၊ အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက၊ႏိုင္ငံေတာ္ဩဝါဒါစရိယ သိကၡာေတာ္(၇၃)ဝါ၊ သက္ေတာ္(၉၃)ႏွစ္၏ ဥတုဇ႐ုပ္ကလာပ္ေတာ္ျမတ္အား နစကဥကၠဌက ယေန႔တြင္ သြားေရာက္ ဖူးေျမာ္ၾကည္ညိဳခဲ့သည္။

ပႏၷရသမ ေ႐ႊက်င္သာသနာပိုင္ မဟာေထရ္ျမတ္သည္ ၁၃၈၃ ခုႏွစ္၊ တေပါင္းလျပည့္ေက်ာ္ ၄ ရက္၊ ၂၀-၃-၂၀၂(တနဂၤေႏြေန႔) နံနက္ ၂:၁၂နာရီတြင္ ဘဝနတ္ထံ ပ်ံလြန္ေတာ္မူသြားခဲ့ျခင္းျဖစ္သည္။

ႂကြင္းက်န္ရစ္ေသာ ဥတုဇ႐ုပ္ကလာပ္ေတာ္ျမတ္အား ၁၃၈၃ ခုႏွစ္၊ တေပါင္းလျပည့္ေက်ာ္ ၆ ရက္၊ ၂၂-၃-၂၀၂၂ (အဂၤါေန႔) မြန္းတည့္ ၁၂ နာရီတြင္ ဝိေဇာတာ႐ုံစာသင္တိုက္၌ အႏၲိမဈာပနသာဓုကီဠနပူေဇာ္ပြဲ သဘင္ဆင္ယင္က်င္းပ၍ ညေန ၃ နာရီတြင္ ပင့္ေဆာင္ၿပီး ညေန ၄ နာရီတြင္ ရန္ကုန္ၿမိဳ႕၊ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ သံသုမာလမ္းေပၚရွိ သုဝဏၰဘူမိ EVENT PARK ၌သံဃာေတာ္မ်ားဒါယကာ၊ဒါယိကာမမ်ားကေနာက္ဆုံးပူေဇာ္လ်က္ညေန၅ နာရီတြင္ အႏၲိမအဂၢိဈာပနသဘင္ က်င္းပမည္ျဖစ္ေၾကာင္း ရပ္ေဝးရပ္နီးမွ သံဃာေတာ္မ်ား ႏွင့္ ဒါယကာ၊ ဒါယိကာမအေပါင္းသိေစရန္ဈာပနေကာ္မတီက အေၾကာင္းၾကားထားသည္ဟုသိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here