ကမာရွတ်သတင်းဌာန၏ အယ်ဒီတာကိုဟံသာညိန်း အလုပ်နှင့်ထောင်ဒဏ် ၂ နှစ် ယနေ့ချမှတ်ခံခဲ့ရ

0
249

(Unicode)

ကမာရွတ်သတင်းဌာန၏ အယ်ဒီတာကိုဟံသာညိန်း အလုပ်နှင့်ထောင်ဒဏ် ၂ နှစ် ယနေ့ချမှတ်ခံခဲ့ရ

ကမာရွတ်သတင်းဌာန၏ အယ်ဒီတာဖြစ်သူ ကိုဟံသာညိန်းသည် မတ် ၂၁ ရက်(ယနေ့)တွင် အင်းစိန်အကျဥ်းထောင်တွင်းတရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရသည်ဟု ရှေ့နေအသိုင်းအဝိုင်းမှသိရသည်။

ကိုဟံသာညိန်းသည် ဖမ်းဆီးခံရပြီးနောက် ရာဇ သတ်ကြီးပုဒ်မ-၅၀၅(က)ဖြင့်တရားစွဲဆိုခံခဲ့ရပြီး အကျဥ်းထောင်တွင်းတရားရုံး၌တရားရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များက ကိုဟံသာညိန်းနှင့်အယ်ဒီ တာချုပ်ကိုနေသန်မောင်တို့အား ၂၀၂၁ ခုနှစ်၊မတ် ၉ ရက်က ကမာရွတ်မြို့နယ်ရှိ ကမာရွတ်သတင်းဌာနရုံးခန်း၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“တစ်နှစ်ကျော်ကြာဖမ်းဆီးခံရပြီးချိန်မှာ အခုလိုပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ”ဟုရှေ့နေတစ်ဦးကပြောသည်။

ထို့ပြင် ကိုဟံသာညိန်းနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် အမေရိကန်နိုင်ငံသား အယ်ဒီတာချုပ်ကိုနေသန်မောင်မှာ ဖမ်းဆီးခံရပြီး ၄ လခန့်အကြာ(ဇွန်လ)၌ ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။

(Zawgyi)

ကမာ႐ြတ္သတင္းဌာန၏ အယ္ဒီတာကိုဟံသာညိန္း အလုပ္ႏွင့္ေထာင္ဒဏ္ ၂ ႏွစ္ ယေန႔ခ်မွတ္ခံခဲ့ရ

ကမာ႐ြတ္သတင္းဌာန၏ အယ္ဒီတာျဖစ္သူ ကိုဟံသာညိန္းသည္ မတ္ ၂၁ ရက္(ယေန႔)တြင္ အင္းစိန္အက်ဥ္းေထာင္တြင္းတရား႐ုံးမွ အလုပ္ႏွင့္ေထာင္ဒဏ္ ၂ ႏွစ္ခ်မွတ္ခံခဲ့ရသည္ဟု ေရွ႕ေနအသိုင္းအဝိုင္းမွသိရသည္။

ကိုဟံသာညိန္းသည္ ဖမ္းဆီးခံရၿပီးေနာက္ ရာဇ သတ္ႀကီးပုဒ္မ-၅၀၅(က)ျဖင့္တရားစြဲဆိုခံခဲ့ရၿပီး အက်ဥ္းေထာင္တြင္းတရား႐ုံး၌တရားရင္ဆိုင္ခဲ့ရေၾကာင္း သိရသည္။

လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက ကိုဟံသာညိန္းႏွင့္အယ္ဒီ တာခ်ဳပ္ကိုေနသန္ေမာင္တို႔အား ၂၀၂၁ ခုႏွစ္၊မတ္ ၉ ရက္က ကမာ႐ြတ္ၿမိဳ႕နယ္ရွိ ကမာ႐ြတ္သတင္းဌာန႐ုံးခန္း၌ ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

“တစ္ႏွစ္ေက်ာ္ၾကာဖမ္းဆီးခံရၿပီးခ်ိန္မွာ အခုလိုျပစ္ဒဏ္ခ်မွတ္ခံခဲ့ရတာပါ”ဟုေရွ႕ေနတစ္ဦးကေျပာသည္။

ထို႔ျပင္ ကိုဟံသာညိန္းႏွင့္အတူ ဖမ္းဆီးခံခဲ့ရသည့္ အေမရိကန္ႏိုင္ငံသား အယ္ဒီတာခ်ဳပ္ကိုေနသန္ေမာင္မွာ ဖမ္းဆီးခံရၿပီး ၄ လခန္႔အၾကာ(ဇြန္လ)၌ ျပန္လည္လြတ္ေျမာက္ခဲ့ေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here