ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်းတယတွင် ကြံ့ခိုင်ရေးပါတီမြို့နယ်အလုပ်အမှုဆောင် သေနတ်ဖြင့်ပစ်သတ်ခံရ

0
116

(Unicode)

ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်းတယတွင် ကြံ့ခိုင်ရေးပါတီမြို့နယ်အလုပ်အမှုဆောင် သေနတ်ဖြင့်ပစ်သတ်ခံရ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ပင်းတယမြို့၊ဈေးတန်းရပ်ကွက်တွင် မိတ္တူဆိုင်ဖွင့်လှစ်ထားသော ပင်းတယမြို့နယ်ကြံ့ခိုင်ရေးပါတီ၊မြို့နယ်အလုပ်အမှုဆောင် ဦးမိုး
မြင့်သူသည် ၎င်း၏ဆိုင်တွင် ရှိနေစဉ် မတ်လ၂၁ရက်၊ညနေ၆နာရီခန့် လက်နက်ကိုင်အချို့မှ သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

“သတ်ဖြတ်ခံရတဲ့ ကိုမိုးမြင့်သူဟာ သာရေး နာရေး လူမှုရေးတွေမှာ အမြဲတက်တက်ကြွကြွလုပ်ကိုင်တတ်သူတစ်ယောက်ပါ။နောက်ပြီးတော့ သူရဲ့ကျောက်ကပ်တစ်ခြမ်းကိုလည်း လိုအပ်တဲ့သူဆီလှူဒါန်းခဲ့တဲ့သူပါ“ဟု ပင်းတယမြို့ခံတစ်ဦးမှပြောသည်။

ဖြစ်စဉ်မှာ ကြံ့ခိုင်ရေးပါတီမြို့နယ်အလုပ်အမှုဆောင်ဦးမိုးမြင့်သူသည် ၎င်း၏ စာစီစာရိုက်မိတ္တူဆိုင်တွင် ရှိနေစဉ် အမည်မသိအမျိုးသားနှစ်ဦးမှာ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့်သုံးချက်ပစ်၍ ထွက်ပြေးသွားခဲ့ကာ ဦးမိုးမြင့်သူသည် သေနတ်ပစ်ခံရသောဒဏ်ရာများဖြင့်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့အသိုင်းအဝိုင်းမှ သိရသည်။

သေဆုံးသွားသည့် ကြံ့ခိုင်ရေးပါတီမြို့နယ်အလုပ်အမှုဆောင်ဦးမိုးမြင့်သူတွင် ဇနီးနှင့်အရွယ်မရောက်သေးသည့် သားတစ်ဦး ကျန်ရစ်ခဲ့ကြောင်းလည်း သိရသည်။

(Zawgyi)

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ပင္းတယတြင္ ႀကံ့ခိုင္ေရးပါတီၿမိဳ႕နယ္အလုပ္အမႈေဆာင္ ေသနတ္ျဖင့္ပစ္သတ္ခံရ

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ပင္းတယၿမိဳ႕၊ေဈးတန္းရပ္ကြက္တြင္ မိတၱဴဆိုင္ဖြင့္လွစ္ထားေသာ ပင္းတယၿမိဳ႕နယ္ႀကံ့ခိုင္ေရးပါတီ၊ၿမိဳ႕နယ္အလုပ္အမႈေဆာင္ ဦးမိုး
ျမင့္သူသည္ ၎၏ဆိုင္တြင္ ရွိေနစဥ္ မတ္လ၂၁ရက္၊ညေန၆နာရီခန႔္ လက္နက္ကိုင္အခ်ိဳ႕မွ ေသနတ္ျဖင့္ လာေရာက္ပစ္ခတ္သြားေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

“သတ္ျဖတ္ခံရတဲ့ ကိုမိုးျမင့္သူဟာ သာေရး နာေရး လူမႈေရးေတြမွာ အၿမဲတက္တက္ႂကြႂကြလုပ္ကိုင္တတ္သူတစ္ေယာက္ပါ။ေနာက္ၿပီးေတာ့ သူရဲ႕ေက်ာက္ကပ္တစ္ျခမ္းကိုလည္း လိုအပ္တဲ့သူဆီလႉဒါန္းခဲ့တဲ့သူပါ“ဟု ပင္းတယၿမိဳ႕ခံတစ္ဦးမွေျပာသည္။

ျဖစ္စဥ္မွာ ႀကံ့ခိုင္ေရးပါတီၿမိဳ႕နယ္အလုပ္အမႈေဆာင္ဦးမိုးျမင့္သူသည္ ၎၏ စာစီစာ႐ိုက္မိတၱဴဆိုင္တြင္ ရွိေနစဥ္ အမည္မသိအမ်ိဳးသားႏွစ္ဦးမွာ ဆိုင္ကယ္ျဖင့္ေရာက္ရွိလာၿပီး ေသနတ္ျဖင့္သုံးခ်က္ပစ္၍ ထြက္ေျပးသြားခဲ့ကာ ဦးမိုးျမင့္သူသည္ ေသနတ္ပစ္ခံရေသာဒဏ္ရာမ်ားျဖင့္ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕အသိုင္းအဝိုင္းမွ သိရသည္။

ေသဆုံးသြားသည့္ ႀကံ့ခိုင္ေရးပါတီၿမိဳ႕နယ္အလုပ္အမႈေဆာင္ဦးမိုးျမင့္သူတြင္ ဇနီးႏွင့္အ႐ြယ္မေရာက္ေသးသည့္ သားတစ္ဦး က်န္ရစ္ခဲ့ေၾကာင္းလည္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here