မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးခြင်းဆိုင်ရာ ဒုတိယအဆင့်အတွက်ပြင်ဆင်ထား

0
175

(Unicode)

မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးခြင်းဆိုင်ရာ ဒုတိယအဆင့်အတွက်ပြင်ဆင်ထား

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန် ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့်လှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးကိုကိုလှိုင်က ကမ္ဘောဒီးယာနိုင်ငံဒုတိယဝန်ကြီးချုပ်၊နိုင်ငံခြားရေးနှင့်အ ပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ၊အာဆီယံဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ် မစ္စတာ ပရပ်ဆုတ်ခွန်းနှင့်အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာဒါတိုလင်ကျောက်ဟွိုင်တို့နှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

အာဆီယံ ဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ်နှင့်အာဆီယံအတွင်းရေးမှူးချုပ်တို့အား ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်မှ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနရုံးတွင် လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးခြင်းဆိုင်ရာ ပထမအဆင့် လုပ်ငန်း စဉ်အကောင်အထည်ဖော်ခြင်း၊ဒုတိယအဆင့်အ တွက်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် အပြန် အလှန်စိတ်ဝင်စားမှုရှိသည့် ကိစ္စရပ်များအားဆွေးနွေးခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊မြန်မာနိုင်ငံသို့ AHA Center မှတစ်ဆင့် လှူဒါန်းသည့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီစီမံခန့်ခွဲရေးလုပ် ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌဒေါက်တာသက်ခိုင်ဝင်း၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊လုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌဒေါက်တာသက်သက်ခိုင်၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးနှင့်အ ဆင့်မြင့်အရာရှိကြီးများတက်ရောက်ခဲ့ကြသည်။

(Zawgyi)







LEAVE A REPLY

Please enter your comment!
Please enter your name here