လပွတ္တာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ၌ မုန်တိုင်းရှောင်ဦးရေ တစ်ထောင်ကျော်ရောက်ရှိနေ

0
209

(Unicode)

လပွတ္တာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ၌ မုန်တိုင်းရှောင်ဦးရေ တစ်ထောင်ကျော်ရောက်ရှိနေ

ဧရာဝတီတိုင်း၊လပွတ္တာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ၌ မုန်တိုင်းရှောင်ဦးရေ တစ်ထောင်ကျော်ရောက်ရှိနေကြောင်း လပွတ္တာမြို့အခြေ စိုက် နှလုံးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ သိရသည်။

အဆိုပါ မုန်တိုင်းရှောင်ဦးရေတစ်ထောင်ကျော် သည် မတ် ၂၁ ရက်မှစတင်ကာ ဘုန်းတော်ကြီးကျောင်းအသီးသီးသို့ရောက်ရှိလာကြခြင်းဖြစ်ပြီး ဘုန်းတော်ကြီးများနှင့်အလှူရှင်များက အစားအ သောက်နှင့်နေရာထိုင်ခင်းများအား စီစဥ်ပေးခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၅၀ ကျော်မှ မုန်တိုင်းရှောင်များသည် မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ မိမိတို့အစီအစဥ်ဖြင့်ရောက်ရှိလာကြခြင်းဖြစ်ကြောင်း သိရသည်။

လပွတ္တာမြို့ပေါ်ရှိ ကိုးနဝင်းပရိယတ္တိစာသင်တိုက်၊၄ ထပ်ကျောင်း၊စည်ပင်ကျောင်း၊သီရိရတနာကျောင်း၊တောရကျောင်း၊ကျိုက်ထီးရိုး ပရိယတ္တိစာသင်တိုက်နှင့်ခါတော်မီကျောင်း အစရှိသည့် ဘုန်းတော်ကြီးကျောင်းများအပါအဝင် ဘုန်းတော်ကြီးကျောင်း အသီးသီးသို့ရောက်ရှိလာကြခြင်းဖြစ်သည်။

” ၂၁ ရက်နေ့လောက်ထဲက ရောက်လာကြတာ လပွတ္တာမြို့ပေါ်မှာက ဘုန်းကြီးကျောင်းတွေအများကြီးရှိတယ် အဲဒီကိုသွားကြတာ အရင်နာဂစ်တုန်းကလည်း ဘုန်းကြီးကျောင်းတွေကိုပဲသွားကြတာဆိုတော့ အခုလည်းဘုန်းကြီးကျောင်းတွေကိုသွားကြတာ မုန်တိုင်းရှောင်တွေအတွက် စားရေးရိက္ခာနဲ့နေရာထိုင်ခင်းလိုအပ်ချက်ကတော့မရှိပါဘူး အကုန်ပြည့်စုံပါတယ်”ဟုနှလုံးသားကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့(လပွတ္တာ)မှကိုအောင်ကြီးကပြောသည်။

အဆိုပါ မုန်တိုင်းရှောင်ရွာသူ၊ရွာသားများသည် မုန်တိုင်းတိုက်ခတ်မှုပြီးပါက မတ် ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ၎င်းတို့၏နေရပ်များသို့ ပြန်လည်ထွက်ခွာကြမည်ဖြစ်ကြောင်း သိရသည်။

“နာဂစ်တုန်းကဖြစ်ရပ်လိုမျိုး ထပ်မဖြစ်အောင် မုန် တိုင်းသတိပေးချက်ရတာနဲ့ လပွတ္တာကိုမိသားစုလိုက်ထွက်လာကြတာ မုန်တိုင်းတိုက်တာကကျွန် တော်တို့အတွက် မဆန်းပေမယ့် ကြိုတင်ဂရုစိုက်တာကတော့မမှားဘူးလေ”ဟုမုန်တိုင်းရှောင် ကိုလွင်ဦးကပြောသည်။

(Zawgyi)

လပြတၱာၿမိဳ႕ေပၚရွိ ဘုန္းေတာ္ႀကီးေက်ာင္းမ်ား၌ မုန္တိုင္းေရွာင္ဦးေရ တစ္ေထာင္ေက်ာ္ေရာက္ရွိေန

ဧရာဝတီတိုင္း၊လပြတၱာၿမိဳ႕ေပၚရွိ ဘုန္းေတာ္ႀကီးေက်ာင္းမ်ား၌ မုန္တိုင္းေရွာင္ဦးေရ တစ္ေထာင္ေက်ာ္ေရာက္ရွိေနေၾကာင္း လပြတၱာၿမိဳ႕အေျခ စိုက္ ႏွလုံးသားက်န္းမာေရးေစာင့္ေရွာက္မႈအဖြဲ႕မွ သိရသည္။

အဆိုပါ မုန္တိုင္းေရွာင္ဦးေရတစ္ေထာင္ေက်ာ္ သည္ မတ္ ၂၁ ရက္မွစတင္ကာ ဘုန္းေတာ္ႀကီးေက်ာင္းအသီးသီးသို႔ေရာက္ရွိလာၾကျခင္းျဖစ္ၿပီး ဘုန္းေတာ္ႀကီးမ်ားႏွင့္အလႉရွင္မ်ားက အစားအ ေသာက္ႏွင့္ေနရာထိုင္ခင္းမ်ားအား စီစဥ္ေပးခဲ့ေၾကာင္း သိရသည္။

လပြတၱာၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာေပါင္း ၅၀ ေက်ာ္မွ မုန္တိုင္းေရွာင္မ်ားသည္ ၿမိဳ႕ေပၚရွိ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားသို႔ မိမိတို႔အစီအစဥ္ျဖင့္ေရာက္ရွိလာၾကျခင္းျဖစ္ေၾကာင္း သိရသည္။

လပြတၱာၿမိဳ႕ေပၚရွိ ကိုးနဝင္းပရိယတၱိစာသင္တိုက္၊၄ ထပ္ေက်ာင္း၊စည္ပင္ေက်ာင္း၊သီရိရတနာေက်ာင္း၊ေတာရေက်ာင္း၊က်ိဳက္ထီး႐ိုး ပရိယတၱိစာသင္တိုက္ႏွင့္ခါေတာ္မီေက်ာင္း အစရွိသည့္ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားအပါအဝင္ ဘုန္းေတာ္ႀကီးေက်ာင္း အသီးသီးသို႔ေရာက္ရွိလာၾကျခင္းျဖစ္သည္။

” ၂၁ ရက္ေန႔ေလာက္ထဲက ေရာက္လာၾကတာ လပြတၱာၿမိဳ႕ေပၚမွာက ဘုန္းႀကီးေက်ာင္းေတြအမ်ားႀကီးရွိတယ္ အဲဒီကိုသြားၾကတာ အရင္နာဂစ္တုန္းကလည္း ဘုန္းႀကီးေက်ာင္းေတြကိုပဲသြားၾကတာဆိုေတာ့ အခုလည္းဘုန္းႀကီးေက်ာင္းေတြကိုသြားၾကတာ မုန္တိုင္းေရွာင္ေတြအတြက္ စားေရးရိကၡာနဲ႔ေနရာထိုင္ခင္းလိုအပ္ခ်က္ကေတာ့မရွိပါဘူး အကုန္ျပည့္စုံပါတယ္”ဟုႏွလုံးသားက်န္းမာေရးေစာင့္ေရွာက္မႈအဖြဲ႕(လပြတၱာ)မွကိုေအာင္ႀကီးကေျပာသည္။

အဆိုပါ မုန္တိုင္းေရွာင္႐ြာသူ၊႐ြာသားမ်ားသည္ မုန္တိုင္းတိုက္ခတ္မႈၿပီးပါက မတ္ ၂၃ ရက္ႏွင့္ ၂၄ ရက္တို႔တြင္ ၎တို႔၏ေနရပ္မ်ားသို႔ ျပန္လည္ထြက္ခြာၾကမည္ျဖစ္ေၾကာင္း သိရသည္။

“နာဂစ္တုန္းကျဖစ္ရပ္လိုမ်ိဳး ထပ္မျဖစ္ေအာင္ မုန္ တိုင္းသတိေပးခ်က္ရတာနဲ႔ လပြတၱာကိုမိသားစုလိုက္ထြက္လာၾကတာ မုန္တိုင္းတိုက္တာကကြၽန္ ေတာ္တို႔အတြက္ မဆန္းေပမယ့္ ႀကိဳတင္ဂ႐ုစိုက္တာကေတာ့မမွားဘူးေလ”ဟုမုန္တိုင္းေရွာင္ ကိုလြင္ဦးကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here