တူညီဆန္ဒ ၅ ချက်အားအကောင်အထည်ဖော်ရာ တွင် မြန်မာနိုင်ငံမှအာဆီယံနှင့်ဆက်လက်ပူး ပေါင်းဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန် ကြီးဦးဝဏ္ဏမောင်လွင်ပြော

0
244

(Unicode)

တူညီဆန္ဒ ၅ ချက်အားအကောင်အထည်ဖော်ရာ တွင် မြန်မာနိုင်ငံမှအာဆီယံနှင့်ဆက်လက်ပူး ပေါင်းဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန် ကြီးဦးဝဏ္ဏမောင်လွင်ပြော

ကမ္ဘောဒီးယာနိုင်ငံဒုတိယဝန်ကြီးချုပ်၊နိုင်ငံခြား ရေးနှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးနှင့်အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စား လှယ် မစ္စတာပရပ်ဆုတ်ခွန်းနှင့်အာဆီယံ အတွင်း ရေးမှူးချုပ် မစ္စတာဒါတိုလင်ကျောက်ဟွိင်တို့အားတွေ့ဆုံစဥ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြည်ထောင် စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၌ မတ် ၂၁ ရက်မွန်းလွဲ ၂ နာရီကတွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း တက်ရောက်ခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်မှ တူညီဆန္ဒ ၅ ချက်အကောင်အထည် ဖော်ခြင်းသည် မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြစ်ရမည်ဟု ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာ နိုင်ငံသို့ ပထမအကြိမ်လာရောက်သည့် ခရီးစဉ်မှတစ်ဆင့် နားလည်မှုနှင့်ယုံကြည်မှုကို တည် ဆောက်နိုင်ကာ အာဆီယံတွင်ပူးပေါင်းဆောင် ရွက်မှုအား မြှင့်တင်နိုင်လိမ့်မည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

အလားတူ တူညီဆန္ဒ(၅)ချက်အား အကောင်အ ထည်ဖော်ရာတွင် မြန်မာနိုင်ငံမှအာဆီယံနှင့် ဆက် လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြည် ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်က ကတိပြုပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ကတိကဝတ်သည် အပြောသက် သက်မဟုတ်ဘဲ အလုပ်ဖြင့်သက်သေပြခဲ့သည်မှာ ဂျကာတာတွင် ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကပင်ဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။

(Zawgyi)









LEAVE A REPLY

Please enter your comment!
Please enter your name here