အသွင်ကူးပြောင်းရေးကြားကာလ နိုင်ငံရေးသဘောတူညီမှုတစ်ခုအတွက် ပါသင့် ပါထိုက်သူများတွေ့ဆုံဆွေးနွေးရန် အာဆီယံ အထူးသံတမန်ကို ဦးကိုကိုကြီး တိုက်တွန်းပြောကြား

0
159

(Unicode)

အသွင်ကူးပြောင်းရေးကြားကာလ နိုင်ငံရေးသဘောတူညီမှုတစ်ခုအတွက် ပါသင့် ပါထိုက်သူများတွေ့ဆုံဆွေးနွေးရန် အာဆီယံ အထူးသံတမန်ကို ဦးကိုကိုကြီး တိုက်တွန်းပြောကြား

အာဆီယံအထူး သံတမန်အား မြန်မာနိုင်ငံအသွင်းကူးပြောင်းရေးကြားကာလ၌ နိုင်ငံရေးသဘောတူညီမှု တစ်ခုအတွက် ပါသင့် ပါထိုက်သူများတွေ့ဆုံဆွေးနွေးခွင့်ရရှိရန် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး တိုက်တွန်းပြောကြားခဲ့ကြောင်း ဆိုသည်။

ယနေ့ မတ်လ ၂၂ ရက် န့နက် ၁၁ နာရီ မှ ၁၂ နာရီ အထိ အာဆီယံ အထူးကိုယ်စားလှယ် ပရာဆော့ခွန်းနှင့် ဦးကိုကိုကြီးတို့ ရန်ကုန်မြို့၊ LOTTE Hotel တွင်တစ်နာရီ ကြာ တွေ့ဆုံစဉ် ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်ဟုဆိုသည်။

“အဓိက ကတော့ တစ်နှစ်ကျော်လာပြီး အခုမှ နိုင်ငံတကာ ခရီးစဉ်ပေါ့လေ တရားဝင် ခရီးစဉ် လာခွင့် ရတယ်။ အဲ့ဒီတော့ အဓိက ပါသင့် ပါထိုက်တဲ့ သူတွေ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ဖို့ အတွက်ပေါ့နော် အဲ့ဒီဟာကို အဓိကထားတိုက်တွန်းခဲ့ပါတယ်။ နောက်တစ်ခုကတော့ နစက အာဏာရယူပြီး နိုင်ငံရေးပဋိပက္ခကြောင့်ရော ကိုဗစ်ကပ်ရောဂါကြောင့် ရော အိုးအိမ်စွန့်ခွာပြီးတော့ တိမ်းရှောင်နေရတဲ့ သူတွေ အားလုံးအတွက် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီတွေကို ထိထိရောက်ရောက်ပံ့ပိုးပေးနိုင်ဖို့ ကျွန်တော်တို့ ဘက်ပြောဖြစ်ပါတယ်။” ဟု ဆိုသည်။

ဦးကိုကိုကြီး အနေဖြင့် နစက အား အကြံပြု တိုက်တွန်းရန် အချက်လေးချက်ကိုလည်း ပြောကြားခဲ့သည်။ ယင်းအချက်လေးချက်မှာ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်၊ အရပ်သားထိခိုက်သေဆုံးမှုများကို ဘက်အသီးသီးမှ အကာအကွယ်ပေးရန်၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများကို ကျယ်ကျယ်ပြန့်ပြန့် ကူညီထောက်ပံ့ပေးရန်၊ အသွင်ကူးပြောင်းရေးကြားကာလ နိုင်ငံရေးသဘောတူညီမှု တစ်ခုရရှိစေရန် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

(Zawgyi)

အသြင္ကူးေျပာင္းေရးၾကားကာလ ႏိုင္ငံေရးသေဘာတူညီမႈတစ္ခုအတြက္ ပါသင့္ ပါထိုက္သူမ်ားေတြ႕ဆုံေဆြးေႏြးရန္ အာဆီယံ အထူးသံတမန္ကို ဦးကိုကိုႀကီး တိုက္တြန္းေျပာၾကား

အာဆီယံအထူး သံတမန္အား ျမန္မာႏိုင္ငံအသြင္းကူးေျပာင္းေရးၾကားကာလ၌ ႏိုင္ငံေရးသေဘာတူညီမႈ တစ္ခုအတြက္ ပါသင့္ ပါထိုက္သူမ်ားေတြ႕ဆုံေဆြးေႏြးခြင့္ရရွိရန္ ျပည္သူ႔ပါတီ ဥကၠ႒ ဦးကိုကိုႀကီး တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း ဆိုသည္။

ယေန႔ မတ္လ ၂၂ ရက္ န႔နက္ ၁၁ နာရီ မွ ၁၂ နာရီ အထိ အာဆီယံ အထူးကိုယ္စားလွယ္ ပရာေဆာ့ခြန္းႏွင့္ ဦးကိုကိုႀကီးတို႔ ရန္ကုန္ၿမိဳ႕၊ LOTTE Hotel တြင္တစ္နာရီ ၾကာ ေတြ႕ဆုံစဥ္ ထိုသို႔ ေျပာၾကားလိုက္ျခင္း ျဖစ္သည္ဟုဆိုသည္။

“အဓိက ကေတာ့ တစ္ႏွစ္ေက်ာ္လာၿပီး အခုမွ ႏိုင္ငံတကာ ခရီးစဥ္ေပါ့ေလ တရားဝင္ ခရီးစဥ္ လာခြင့္ ရတယ္။ အဲ့ဒီေတာ့ အဓိက ပါသင့္ ပါထိုက္တဲ့ သူေတြ အားလုံးနဲ႔ ေတြ႕ဆုံေဆြးေႏြးမႈ က်ယ္က်ယ္ျပန႔္ျပန႔္ ျဖစ္ဖို႔ အတြက္ေပါ့ေနာ္ အဲ့ဒီဟာကို အဓိကထားတိုက္တြန္းခဲ့ပါတယ္။ ေနာက္တစ္ခုကေတာ့ နစက အာဏာရယူၿပီး ႏိုင္ငံေရးပဋိပကၡေၾကာင့္ေရာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ေရာ အိုးအိမ္စြန႔္ခြာၿပီးေတာ့ တိမ္းေရွာင္ေနရတဲ့ သူေတြ အားလုံးအတြက္ လူသားခ်င္းစာနာမႈ ဆိုင္ရာ အကူအညီေတြကို ထိထိေရာက္ေရာက္ပံ့ပိုးေပးႏိုင္ဖို႔ ကြၽန္ေတာ္တို႔ ဘက္ေျပာျဖစ္ပါတယ္။” ဟု ဆိုသည္။

ဦးကိုကိုႀကီး အေနျဖင့္ နစက အား အႀကံျပဳ တိုက္တြန္းရန္ အခ်က္ေလးခ်က္ကိုလည္း ေျပာၾကားခဲ့သည္။ ယင္းအခ်က္ေလးခ်က္မွာ ႏိုင္ငံေရးအက်ဥ္းသားအားလုံး လႊတ္ေပးရန္၊ အရပ္သားထိခိုက္ေသဆုံးမႈမ်ားကို ဘက္အသီးသီးမွ အကာအကြယ္ေပးရန္၊ လူသားခ်င္းစာနာေထာက္ထားမႈ ဆိုင္ရာ အကူအညီမ်ားကို က်ယ္က်ယ္ျပန႔္ျပန႔္ ကူညီေထာက္ပံ့ေပးရန္၊ အသြင္ကူးေျပာင္းေရးၾကားကာလ ႏိုင္ငံေရးသေဘာတူညီမႈ တစ္ခုရရွိေစရန္ သက္ဆိုင္သူအားလုံးႏွင့္ ေတြ႕ဆုံေဆြးေႏြးရန္ တိုက္တြန္းခဲ့ေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here