လပွတ္တာမြို့ရှိ ရွေးနဒီရေပေါ်စျေးတွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် ဆိုင်ခန်းအချို့ပျက်စီး

0
194

(Unicode)

လပွတ္တာမြို့ရှိ ရွေးနဒီရေပေါ်စျေးတွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် ဆိုင်ခန်းအချို့ပျက်စီး

ဧရာဝတီတိုင်း၊လပွတ္တာမြို့နယ်အတွင်း ယနေ့ နေ့လည်ပိုင်း၌ မုန်တိုင်းတိုက်ခတ်ကာ မိုးသည်းထန်စွာရွာသွန်းလျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် လပွတ္တာမြို့ရှိ ရွေးနဒီရေပေါ်စျေးရှိ ဆိုင်ခန်းအချို့မှာပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လပွတ္တာခရိုင်မီးသတ်တပ်ဖွဲ့စခန်းမှတပ်ဖွဲ့ဝင်များ၊ကြက်ခြေနီအဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများမှ ပြိုကျပျက်စီးနေသည့် ပစ္စည်းများအား ရှင်းလင်းလျက်ရှိသည်။

လပွတ္တာမြို့နယ်အတွင်း မုန်တိုင်းတိုက်ခတ်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေများတက်နေပြီး လူနေအိမ်အချို့အတွင်းနှင့်ရပ်ကွက်များ၊လမ်းများတွင် ရေဝင်ခြင်း၊ရေကျော်ခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

“တစ်ချို့အိမ်တွေဆိုရင် မုန်တိုင်းတိုက်တဲ့အရှိန်နဲ့အမိုးတွေ အကာတွေလန်ပြီး ပျက်စီးသွားတယ် ရေကလည်းတက်နေတော့ပိုဆိုးတာပေါ့ ပျက်စီးသွားတဲ့အိမ်တွေက လူတွေနဲ့ရသလောက်ပစ္စည်းတွေကို ရေလွတ်တဲ့နေရာတွေကိုပို့ထားရတယ်”ဟု လပွတ္တာမြို့ခံတစ်ဦးဖြစ်သည့် ကိုသူရိန်စိုးကပြောသည်။

(Zawgyi)

လပြတၱာၿမိဳ႕ရွိ ေ႐ြးနဒီေရေပၚေစ်းတြင္ မုန္တိုင္းတိုက္ခတ္မႈေၾကာင့္ ဆိုင္ခန္းအခ်ိဳ႕ပ်က္စီး

ဧရာဝတီတိုင္း၊လပြတၱာၿမိဳ႕နယ္အတြင္း ယေန႔ ေန႔လည္ပိုင္း၌ မုန္တိုင္းတိုက္ခတ္ကာ မိုးသည္းထန္စြာ႐ြာသြန္းလ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ဳပ္မွ သိရသည္။

မုန္တိုင္းတိုက္ခတ္မႈေၾကာင့္ လပြတၱာၿမိဳ႕ရွိ ေ႐ြးနဒီေရေပၚေစ်းရွိ ဆိုင္ခန္းအခ်ိဳ႕မွာၿပိဳက်ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ လပြတၱာခ႐ိုင္မီးသတ္တပ္ဖြဲ႕စခန္းမွတပ္ဖြဲ႕ဝင္မ်ား၊ၾကက္ေျခနီအဖြဲ႕ဝင္မ်ားႏွင့္လူမႈကူညီေရးအသင္းမ်ားမွ ၿပိဳက်ပ်က္စီးေနသည့္ ပစၥည္းမ်ားအား ရွင္းလင္းလ်က္ရွိသည္။

လပြတၱာၿမိဳ႕နယ္အတြင္း မုန္တိုင္းတိုက္ခတ္ကာ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ျမစ္ေရမ်ားတက္ေနၿပီး လူေနအိမ္အခ်ိဳ႕အတြင္းႏွင့္ရပ္ကြက္မ်ား၊လမ္းမ်ားတြင္ ေရဝင္ျခင္း၊ေရေက်ာ္ျခင္းမ်ားျဖစ္ေပၚလ်က္ရွိေၾကာင္း သိရသည္။

“တစ္ခ်ိဳ႕အိမ္ေတြဆိုရင္ မုန္တိုင္းတိုက္တဲ့အရွိန္နဲ႔အမိုးေတြ အကာေတြလန္ၿပီး ပ်က္စီးသြားတယ္ ေရကလည္းတက္ေနေတာ့ပိုဆိုးတာေပါ့ ပ်က္စီးသြားတဲ့အိမ္ေတြက လူေတြနဲ႔ရသေလာက္ပစၥည္းေတြကို ေရလြတ္တဲ့ေနရာေတြကိုပို႔ထားရတယ္”ဟု လပြတၱာၿမိဳ႕ခံတစ္ဦးျဖစ္သည့္ ကိုသူရိန္စိုးကေျပာသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here