အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ယနေ့နံနက်ပိုင်းက ပြန်လည်ထွက်ခွာ

0
224

အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ယနေ့နံနက်ပိုင်းက ပြန်လည်ထွက်ခွာ

အာဆီယံအလှည့်ကျဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်သည် မတ် ၂၃ ရက်(ယနေ့)နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နံနက် ၇ နာရီ ၂၀ မိနစ်၌ ပြန်လည်ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

အာဆီယံဥက္ကဋ္ဌ၏ မြတ်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ကမ္ဘောဒီးယားနိုင်ငံဒုတိယဝန် ကြီးချုပ်၊နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာပူပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာပရပ်ဆုတ်ခွန်းနှင့်အာဆီယံအတွင်းရေးမှူးချုပ်မစ္စတာဒါတိုလင်ကျောက်ဟွိုင် တို့ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မတ် ၂၁ ရက်နံနက်ပိုင်းမှစတင်၍ မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးကျော်မျိုးထွဋ်၊မဟာဗျုဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ခေတ္တညွှန်ကြားရေးမှူးချုပ်ဦးဇော်ဖြိုးဝင်း၊သံတမန်ရေးရာဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဇော်ထွန်းဦးနှင့်တာဝန်ရှိသူ များကရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

အာဆီယံ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ရောက်ရှိချိန်၌ နစက ဥက္ကဋ္ဌ၊ ဝန်ကြီးဌာနအချို့မှ ပြည်ထောင်စုဝန်ကြီးများ၊နိုင်ငံရေးပါတီအချို့နှင့်လည်း တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

Zaw Gyi

အာဆီယံဥကၠ႒၏ ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္ ယေန႔နံနက္ပိုင္းက ျပန္လည္ထြက္ခြာ

အာဆီယံအလွည့္က်ဥကၠ႒ အျဖစ္တာဝန္ယူခဲ့သည္ ကေမာၻဒီးယားႏိုင္ငံ၏ အာဆီယံဥကၠ႒၏ ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္သည္ မတ္ ၂၃ ရက္(ယေန႔)နံနက္ပိုင္းတြင္ ကေမာၻဒီး ယားႏိုင္ငံသို႔ ျပန္လည္ထြက္ခြာသြားခဲ့သည္။

ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွ နံနက္ ၇ နာရီ ၂၀ မိနစ္၌ ျပန္လည္ထြက္ခြာသြားခဲ့ျခင္းျဖစ္သည္။

အာဆီယံဥကၠ႒၏ ျမတ္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္၊ကေမာၻဒီးယားႏိုင္ငံဒုတိယဝန္ ႀကီးခ်ဳပ္၊ႏိုင္ငံျခားေရးႏွင့္အျပည္ျပည္ဆိုင္ရာပူေပါင္းေဆာင္႐ြက္ေရးဝန္ႀကီး မစၥတာပရပ္ဆုတ္ခြန္းႏွင့္အာဆီယံအတြင္းေရးမႉးခ်ဳပ္မစၥတာဒါတိုလင္ေက်ာက္ဟြိဳင္ တို႔ဦးေဆာင္သည့္ ကိုယ္စာလွယ္အဖြဲ႕သည္ မတ္ ၂၁ ရက္နံနက္ပိုင္းမွစတင္၍ ျမန္မာႏိုင္ငံသို႔ေရာက္ရွိလာခဲ့ၾကျခင္းျဖစ္သည္။

ႏိုင္ငံျခားေရးဝန္ႀကီးဌာန၊ဒုတိယဝန္ႀကီးဦးေက်ာ္မ်ိဳးထြဋ္၊မဟာဗ်ဳဟာေလ့လာေရးႏွင့္ေလ့က်င့္ေရးဦးစီးဌာန၊ေခတၱၫႊန္ၾကားေရးမႉးခ်ဳပ္ဦးေဇာ္ၿဖိဳးဝင္း၊သံတမန္ေရးရာဦးစီးဌာန၊ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ဦးေဇာ္ထြန္းဦးႏွင့္တာဝန္ရွိသူ မ်ားကရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ပို႔ ေဆာင္ႏႈတ္ဆက္ခဲ့ၾကေၾကာင္း သိရသည္။

အာဆီယံ ဥကၠ႒၏ ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္သည္ ျမန္မာႏိုင္ငံသို႔ေရာက္ရွိခ်ိန္၌ နစက ဥကၠ႒၊ ဝန္ႀကီးဌာနအခ်ိဳ႕မွ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ႏိုင္ငံေရးပါတီအခ်ိဳ႕ႏွင့္လည္း ေတြ႕ဆုံေဆြးေႏြးမႈမ်ားျပဳလုပ္ခဲ့သည္။


LEAVE A REPLY

Please enter your comment!
Please enter your name here