မန္တလေးခရိုင်အတွင်း ညမထွက်ရအမိန့် ည၁၀နာရီအစား ည၁၂နာရီသို့ပြောင်းလဲသတ်မှတ်

0
165

မန္တလေးခရိုင်အတွင်း ညမထွက်ရအမိန့် ည၁၀နာရီအစား ည၁၂နာရီသို့ပြောင်းလဲသတ်မှတ်


မန္တလေးခရိုင်အတွင်း ယခင်က ညမထွက်ရအမိန့် ည၁၀နာရီမှ နံနက်၄နာရီအထိသတ်မှတ်ထားရာမှ ယခုအခါ ည၁၂နာရီမှ နံနက်၄နာရီသို့ ပြောင်းလဲ သတ်မှတ်၍ ညမထွက်ရအမိန့်ကို ၂နာရီဖြေလျော့ ပေးခဲ့ပြီဖြစ်ကြောင်း မန္တလေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

“ခုလို ပြောင်းလဲပေးတာ ဝမ်းသာပါတယ်။တစ်ခါတလေအလုပ်ကနောက်ကျရင် ည၁၀နာရီမထိုးခင်ပြန်ရတာဆိုတော့ အဆင်မပြေဘူး။ကိုယ်အလုပ်က အခန့်မသင့်လို့ ည၉နာရီခွဲလောက်မှ ပြီးရင် ပြန်ရတာက ပုသိမ်ကြီး အလုပ်လုပ်နေရတာက ပြည်ကြီးတံခွန်ထဲမှာ အချိန်နာရီဝက်နဲ့ အိမ်ပြန်ရောက်ဖို့ မလွယ်ဘူးဗျ´´ဟု မန္တလေးစက်မှုဇုန်နေလုပ်သားတစ်ဦးကပြောသည်။

အဆိုပါအမိန့်အပြည့်အစုံမှာ မန္တလေးခရိုင်(၇)မြို့နယ်အတွင်းရှိ အများပြည်သူတို့၏ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ပြုမူဆောင်ရွက်နေကြောင်း တွေ့ရှိရသဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် အများ ပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုစေသည့်အပြင် စုပေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ စီတန်းလှည့်လည် ခြင်း၊ လှုံဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားစေနိုင်၍ လမ်းမကြီးများ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်(သို့မဟုတ်)အများပြည်သူနှင့်ဆိုင်သောနေရာ များတွင် လူ ၅ ဦး(သို့မဟုတ်)၅ ဦးထက်ပို၍ စုဝေးခြင်းမပြုရန်နှင့် ည ၁၀ နာရီမှ နံနက် ၄ နာရီအချိန် ထိ ညမထွက်ရအမိန့်အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ အရ အမိန့်ထုတ်ပြန်ထားရှိရန် ညွှန်ကြားထားရှိ ခဲ့ပါသည်။ယခုအခါ မန္တလေးခရိုင်တွင်းရှိ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေ မြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်များတွင် နယ်မြေအခြေအနေမှာ ယခင်ကထက် တည်ငြိမ်အေးချမ်းလာသဖြင့် ယခင်ထုတ်ပြန်ခဲ့သည့် ည ၁၀ နာရီမှ နံနက် ၄ နာရီအချိန်ထိ ညမထွက်ရအမိန့်အစား ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်အဖြစ် (၂၂-၃-၂၀၂၂)ရက်နေ့မှစ၍ အချိန်ပြောင်းလဲသတ်မှတ်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

သို့ပါ၍ မန္တလေးခရိုင်အတွင်း ညမထွက်ရအမိန့်ပြောင်းလဲသတ်မှတ်ခြင်းအနေဖြင့် မတ်လ၂၃ရက်နေ့(ယနေ့)မှ စတင်သက်ရောက်မည်ဖြစ်ကြောင်းလည်း သိရသည်။

Zaw Gyi

မႏၲေလးခ႐ိုင္အတြင္း ညမထြက္ရအမိန္႔ ည၁၀နာရီအစား ည၁၂နာရီသို႔ေျပာင္းလဲသတ္မွတ္

မႏၲေလးခ႐ိုင္အတြင္း ယခင္က ညမထြက္ရအမိန္႔ ည၁၀နာရီမွ နံနက္၄နာရီအထိသတ္မွတ္ထားရာမွ ယခုအခါ ည၁၂နာရီမွ နံနက္၄နာရီသို႔ ေျပာင္းလဲ သတ္မွတ္၍ ညမထြက္ရအမိန္႔ကို ၂နာရီေျဖေလ်ာ့ ေပးခဲ့ၿပီျဖစ္ေၾကာင္း မႏၲေလးခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ သိရသည္။

“ခုလို ေျပာင္းလဲေပးတာ ဝမ္းသာပါတယ္။တစ္ခါတေလအလုပ္ကေနာက္က်ရင္ ည၁၀နာရီမထိုးခင္ျပန္ရတာဆိုေတာ့ အဆင္မေျပဘူး။ကိုယ္အလုပ္က အခန္႔မသင့္လို႔ ည၉နာရီခြဲေလာက္မွ ၿပီးရင္ ျပန္ရတာက ပုသိမ္ႀကီး အလုပ္လုပ္ေနရတာက ျပည္ႀကီးတံခြန္ထဲမွာ အခ်ိန္နာရီဝက္နဲ႔ အိမ္ျပန္ေရာက္ဖို႔ မလြယ္ဘူးဗ်´´
ဟု မႏၲေလးစက္မႈဇုန္ေနလုပ္သားတစ္ဦးကေျပာသည္။

အဆိုပါအမိန္႔အျပည့္အစုံမွာ မႏၲေလးခ႐ိုင္(၇)ၿမိဳ႕နယ္အတြင္းရွိ အမ်ားျပည္သူတို႔၏ လုံၿခဳံေရးႏွင့္တရားဥပေဒစိုးမိုးေရးကို ထိခိုက္ပ်က္ျပားေစရန္ ျပဳမူေဆာင္႐ြက္ေနေၾကာင္း ေတြ႕ရွိရသျဖင့္ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ အမ်ား ျပည္သူတို႔၏ လုံၿခဳံေရး၊ တရားဥပေဒစိုးမိုးေရးႏွင့္ ရပ္႐ြာေအးခ်မ္းသာယာေရးကို ထိခိုေစသည့္အျပင္ စုေပးျခင္း၊ ေဟာေျပာျခင္း၊ ယာဥ္တစ္မ်ိဳးမ်ိဳးကို အသုံးျပဳ၍ျဖစ္ေစ၊ လူကိုယ္တိုင္ျဖစ္ေစ၊ စီတန္းလွည့္လည္ ျခင္း၊ လႈံေဆာ္ဆႏၵျပျခင္း၊ ဖ်က္ဆီးျခင္း၊ ႐ုန္းရင္းဆန္ခတ္မႈမ်ား ျဖစ္ပြားေစႏိုင္၍ လမ္းမႀကီးမ်ား၊ အမ်ားျပည္သူသြားရာလမ္း၊ လမ္းသြယ္၊ လမ္းၾကား၊ ဥယ်ာဥ္(သို႔မဟုတ္)အမ်ားျပည္သူႏွင့္ဆိုင္ေသာေနရာ မ်ားတြင္ လူ ၅ ဦး(သို႔မဟုတ္)၅ ဦးထက္ပို၍ စုေဝးျခင္းမျပဳရန္ႏွင့္ ည ၁၀ နာရီမွ နံနက္ ၄ နာရီအခ်ိန္ ထိ ညမထြက္ရအမိန႔္အား ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ-၁၄၄ အရ အမိန႔္ထုတ္ျပန္ထားရွိရန္ ၫႊန္ၾကားထားရွိ ခဲ့ပါသည္။ယခုအခါ မႏၲေလးခ႐ိုင္တြင္းရွိ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ မဟာေအာင္ေျမ ၿမိဳ႕နယ္၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ အမရပူရၿမိဳ႕နယ္ႏွင့္ ပုသိမ္ႀကီးၿမိဳ႕နယ္မ်ားတြင္ နယ္ေျမအေျခအေနမွာ ယခင္ကထက္ တည္ၿငိမ္ေအးခ်မ္းလာသျဖင့္ ယခင္ထုတ္ျပန္ခဲ့သည့္ ည ၁၀ နာရီမွ နံနက္ ၄ နာရီအခ်ိန္ထိ ညမထြက္ရအမိန႔္အစား ည ၁၂ နာရီမွ နံနက္ ၄ နာရီအထိ ညမထြက္ရအမိန႔္အျဖစ္ (၂၂-၃-၂၀၂၂)ရက္ေန႔မွစ၍ အခ်ိန္ေျပာင္းလဲသတ္မွတ္ျပင္ဆင္ခဲ့ျခင္းျဖစ္သည္။

သို႔ပါ၍ မႏၲေလးခ႐ိုင္အတြင္း ညမထြက္ရအမိန္႔ေျပာင္းလဲသတ္မွတ္ျခင္းအေနျဖင့္ မတ္လ၂၃ရက္ေန႔(ယေန႔)မွ စတင္သက္ေရာက္မည္ျဖစ္ေၾကာင္းလည္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here