မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာမြို့)၏ ကူညီကယ်ဆယ်မှုများ ယာယီရပ်နားထားမည်

0
192

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာမြို့)၏ ကူညီကယ်ဆယ်မှုများ ယာယီရပ်နားထားမည်

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာမြို့)သည် မြင်းမူမှ ဆိုင်ကယ်အက်စီးဒန့်ဖြစ်ထားသော လူနာအား မတ်လ၂၂ရက်နေ့ကမုံရွာတိုးဂိတ်ထိ သွားရောက်ခေါ်ဆောင်ပြီး မုံရွာဆေးရုံကြီးသို့ပို့ဆောင်စဉ် မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရသဖြင့် အဖွဲ့သားများ၏ အသက်အန္တရာယ်အတွက် အဖွဲ့၏ကူညီကယ်ဆယ်မှုများယာယီရပ်နားလိုက်ပြီဖြစ်ကြောင်း အဖွဲ့၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့် အသိပေးကြေညာခဲ့သည်။

“ကျနော်တို့က ညကတော့ ရက်အကန်အသတ်မရှိယာယီရပ်နားလိုက်ပြီလို့ ထုတ်ပြန်လိုက်တာပေါ့။ဒါပေမယ့် လုပ်တဲ့အဖွဲ့က သူတို့မှားယွင်းလုပ်တာလို့ စာထုတ်ထားတာတွေ့တယ်။ကျွန်တော်တို့ကိုတော့ တိုက်ရိုက်ထုတ်တာမဟုတ်ဘူး။ဒါ့ကြောင့် ကူညီမှုတွေကိုပြန်လုပ်ပါ့မယ်။၄၊၅ရက်လောက်နေရင် ပြန်လုပ်မယ်။ကားက ပြင်ရအုံးမှာ။ဒီကားက မြို့တွင်းသုံးတဲ့ကားပါ”ဟု အသင်းတာဝန်ရှိသူကပြောပြသည်။

မိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ်မှာ မြင်းမူမှ ဆိုင်ကယ်အက်စီးဒန့်ဖြစ်ထားသော လူနာအား မတ်လ၂၂ရက်နေ့က သွားရောက်ခေါ်ဆောင်စဉ် ကားကွင်း(အသစ်) မရောက်ခင်တွင် မိုင်းဆွဲခြင်းကိုခံခဲ့ရပြီး လူမှုကယ်ဆယ်ရေးအဖွဲ့မော်တော်ယာဉ်မှာ အသေးစား ပျက်စီးမှုများဖြစ်ပွားခဲ့ရကြောင်းလည်းသိရသည်။

“မုံရွာမြို့နဲ့ မုံရွာပတ်ဝန်းကျင်က ပြည်သူတွေရဲ့ ကျန်းမားရေးကိစ္စတွေ လူမှုရေးကိစ္စတွေကို အားတက်သရော ကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့ အခုလို ရပ်နားလိုက်တော့ တကယ့်ကို စိတ်မကောင်းဖြစ်ရပါတယ်။ အခုလို ပြည်သူကို အကူအညီပေးနေတဲ့ မော်တော်ယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက်တဲ့ ဘယ်အဖွဲ့ကိုမဆို ရှုတ်ချပါတယ်”ဟု မုံရွာမြို့ခံတစ်ဦးကပြောသည်။

စစ်ကိုင်းဒေသကြီအတွင်း မုံရွာ၊ရေဦး၊ဘုတလင်၊ချောင်းဦး၊တန့်ဆည်၊အင်းတော်၊ထီးချိုင့်၊ကလေးစသည့် မြို့နယ်များတွင် မော်တော်ယာဉ်အချို့ မိုင်းဆွဲတိုက်ခိုက်မှုများကြုံနေရသည်။

Zaw Gyi

ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(မုံ႐ြာၿမိဳ႕)၏ ကူညီကယ္ဆယ္မႈမ်ား ယာယီရပ္နားထားမည္

ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(မုံ႐ြာၿမိဳ႕)သည္ ျမင္းမူမွ ဆိုင္ကယ္အက္စီးဒန႔္ျဖစ္ထားေသာ လူနာအား မတ္လ၂၂ရက္ေန႔ကမုံ႐ြာတိုးဂိတ္ထိ သြားေရာက္ေခၚေဆာင္ၿပီး မုံ႐ြာေဆး႐ုံႀကီးသို႔ပို႔ေဆာင္စဥ္ မိုင္းဆြဲ တိုက္ခိုက္ခံခဲ့ရသျဖင့္ အဖြဲ႕သားမ်ား၏ အသက္အႏၲရာယ္အတြက္ အဖြဲ႕၏ကူညီကယ္ဆယ္မႈမ်ားယာယီရပ္နားလိုက္ၿပီျဖစ္ေၾကာင္း အဖြဲ႕၏ လူမႈကြန္ယက္စာမ်က္ႏွာမွတဆင့္ အသိေပးေၾကညာခဲ့သည္။

“က်ေနာ္တို႔က ညကေတာ့ ရက္အကန္အသတ္မရွိယာယီရပ္နားလိုက္ၿပီလို႔ ထုတ္ျပန္လိုက္တာေပါ့။ဒါေပမယ့္ လုပ္တဲ့အဖြဲ႕က သူတို႔မွားယြင္းလုပ္တာလို႔ စာထုတ္ထားတာေတြ႕တယ္။ကြၽန္ေတာ္တို႔ကိုေတာ့ တိုက္႐ိုက္ထုတ္တာမဟုတ္ဘူး။ဒါ့ေၾကာင့္ ကူညီမႈေတြကိုျပန္လုပ္ပါ့မယ္။၄၊၅ရက္ေလာက္ေနရင္ ျပန္လုပ္မယ္။ကားက ျပင္ရအုံးမွာ။ဒီကားက ၿမိဳ႕တြင္းသုံးတဲ့ကားပါ”ဟု အသင္းတာဝန္ရွိသူကေျပာျပသည္။

မိုင္းဆြဲတိုက္ခိုက္မႈျဖစ္စဥ္မွာ ျမင္းမူမွ ဆိုင္ကယ္အက္စီးဒန႔္ျဖစ္ထားေသာ လူနာအား မတ္လ၂၂ရက္ေန႔က သြားေရာက္ေခၚေဆာင္စဥ္ ကားကြင္း(အသစ္) မေရာက္ခင္တြင္ မိုင္းဆြဲျခင္းကိုခံခဲ့ရၿပီး လူမႈကယ္ဆယ္ေရးအဖြဲ႕ေမာ္ေတာ္ယာဥ္မွာ အေသးစား ပ်က္စီးမႈမ်ားျဖစ္ပြားခဲ့ရေၾကာင္းလည္းသိရသည္။

“မုံ႐ြာၿမိဳ႕နဲ႔ မုံ႐ြာပတ္ဝန္းက်င္က ျပည္သူေတြရဲ႕ က်န္းမားေရးကိစၥေတြ လူမႈေရးကိစၥေတြကို အားတက္သေရာ ကူညီေဆာင္႐ြက္ေပးေနတဲ့အဖြဲ႕ အခုလို ရပ္နားလိုက္ေတာ့ တကယ့္ကို စိတ္မေကာင္းျဖစ္ရပါတယ္။ အခုလို ျပည္သူကို အကူအညီေပးေနတဲ့ ေမာ္ေတာ္ယာဥ္ေတြကို မိုင္းဆြဲတိုက္ခိုက္တဲ့ ဘယ္အဖြဲ႕ကိုမဆို ရႈတ္ခ်ပါတယ္”ဟု မုံ႐ြာၿမိဳ႕ခံတစ္ဦးကေျပာသည္။

စစ္ကိုင္းေဒသႀကီအတြင္း မုံ႐ြာ၊ေရဦး၊ဘုတလင္၊ေခ်ာင္းဦး၊တန္႔ဆည္၊အင္းေတာ္၊ထီးခ်ိဳင့္၊ကေလးစသည့္ ၿမိဳ႕နယ္မ်ားတြင္ ေမာ္ေတာ္ယာဥ္အခ်ိဳ႕ မိုင္းဆြဲတိုက္ခိုက္မႈမ်ားႀကဳံေနရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here