ဖလူးလေး စစ်ရှောင်စခန်းအပါအဝင် အခြားစစ်ရှောင်စခန်းများအတွက် စနစ်ကျသည့် ထောက်ပံ့မှု များဆောင်ရွက်ပေးနေ

0
284

ဖလူးလေး စစ်ရှောင်စခန်းအပါအဝင် အခြားစစ်ရှောင်စခန်းများအတွက် စနစ်ကျသည့် ထောက်ပံ့မှု များဆောင်ရွက်ပေးနေ

ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်းရှိ ဖလူးလေး စစ်ရှောင်စခန်အပါအဝင် အခြားသော စစ်ရှောင်စခန်းများအတွက် စနစ်ကျသည့် ထောက်ပံံ့ကူညီမှုများ ဆောင်ရွက်ပေးလျှက်ရှိသည်ဟု စစ်ရှောင်အရေးကူညီပေးနေသူ ကိုထွားက ပြောသည်။

ကရင်ပြည်နယ်အတွင်း နှစ်ဘက်ထိတွေ့တိုက်ပွဲများကြောင့် နေရာအနှံ့ ပြန့်ကျဲနေသော စစ်ရှောင်များ၏ အိမ်ထောင်စုအလိုက်စာရင်းကို ပြုစုလျှက်ရှိပြီး စနစ်တကျ ထောက်ပံ့မှု များပြုလုပ်ပေးလျှက်ရှိနေသည်ဟု ဆိုသည်။

“ အခက်အခဲကတော့ ငှက်ဖျားဖြစ်တာတွေများတယ်။လက်ရှိမှာ ရေမသန့်တဲ့ ပြဿနာကြောင့် မိုးတွင်းမှာ ဝမ်းရောဂါ အတွက် စိုးရိမ်နေရတယ်။ ကိုဗစ်လည်း အဖြစ်များတာကြောင့် ကာကွယ် ကုသရေးလုပ်ငန်းအတွက် ကာကွယ်ဆေးထိုးတာကိုလည်း ကြိုးစားလုပ်ဆောင်နေပါတယ်။” ဟုပြောသည်။

ယမန်နေ့ မတ်လ ၂၂ ရက်တွင် မုန်တိုင်းဒဏ်ကြောင့် လေပြင်တိုက်ခတ်ခြင်းနှင့် မိုးသဲထန်းစွာ ရွာသွန်းခြင်းတို့ကြောင့် ဖလူးလေး စစ်ဘေးရှောင် စခန်းရှိ လူနေတဲများ အမိုးလန်ထွက်ခြင်း၊ စာနပ်ရိက္ခာမျးရေစိုပျက်ဆီးမှုများကြောင့် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သိရသည်။

လက်ရှိတွင် ဖလူးလေး စစ်ဘေးရှောင်စခန်းသို့ လာရောက်ခိုလုံသူများမှာ လေးကေ့ကော်၊ ရသေ့ဂူ၊ မယ်ဝါးခီဒေသခံ ပြည်သူများလာရောက်ခိုလုံလျှက်ရှိကြောင်း သိရသည်။

Zaw Gyi

ဖလူးေလး စစ္ေရွာင္စခန္းအပါအဝင္ အျခားစစ္ေရွာင္စခန္းမ်ားအတြက္ စနစ္က်သည့္ ေထာက္ပံ့မႈ မ်ားေဆာင္႐ြက္ေပးေန

ကရင္ျပည္နယ္၊ ျမဝတီခ႐ိုင္အတြင္းရွိ ဖလူးေလး စစ္ေရွာင္စခန္အပါအဝင္ အျခားေသာ စစ္ေရွာင္စခန္းမ်ားအတြက္ စနစ္က်သည့္ ေထာက္ပံံ့ကူညီမႈမ်ား ေဆာင္႐ြက္ေပးလွ်က္ရွိသည္ဟု စစ္ေရွာင္အေရးကူညီေပးေနသူ ကိုထြားက ေျပာသည္။

ကရင္ျပည္နယ္အတြင္း ႏွစ္ဘက္ထိေတြ႕တိုက္ပြဲမ်ားေၾကာင့္ ေနရာအႏွံ႔ ျပန႔္က်ဲေနေသာ စစ္ေရွာင္မ်ား၏ အိမ္ေထာင္စုအလိုက္စာရင္းကို ျပဳစုလွ်က္ရွိၿပီး စနစ္တက် ေထာက္ပံ့မႈ မ်ားျပဳလုပ္ေပးလွ်က္ရွိေနသည္ဟု ဆိုသည္။

“ အခက္အခဲကေတာ့ ငွက္ဖ်ားျဖစ္တာေတြမ်ားတယ္။လက္ရွိမွာ ေရမသန႔္တဲ့ ျပႆနာေၾကာင့္ မိုးတြင္းမွာ ဝမ္းေရာဂါ အတြက္ စိုးရိမ္ေနရတယ္။ ကိုဗစ္လည္း အျဖစ္မ်ားတာေၾကာင့္ ကာကြယ္ ကုသေရးလုပ္ငန္းအတြက္ ကာကြယ္ေဆးထိုးတာကိုလည္း ႀကိဳးစားလုပ္ေဆာင္ေနပါတယ္။” ဟုေျပာသည္။

ယမန္ေန႔ မတ္လ ၂၂ ရက္တြင္ မုန္တိုင္းဒဏ္ေၾကာင့္ ေလျပင္တိုက္ခတ္ျခင္းႏွင့္ မိုးသဲထန္းစြာ ႐ြာသြန္းျခင္းတို႔ေၾကာင့္ ဖလူးေလး စစ္ေဘးေရွာင္ စခန္းရွိ လူေနတဲမ်ား အမိုးလန္ထြက္ျခင္း၊ စာနပ္ရိကၡာမ်းေရစိုပ်က္ဆီးမႈမ်ားေၾကာင့္ အေရးေပၚအကူအညီမ်ား လိုအပ္ေနေၾကာင္း သိရသည္။

လက္ရွိတြင္ ဖလူးေလး စစ္ေဘးေရွာင္စခန္းသို႔ လာေရာက္ခိုလုံသူမ်ားမွာ ေလးေက့ေကာ္၊ ရေသ့ဂူ၊ မယ္ဝါးခီေဒသခံ ျပည္သူမ်ားလာေရာက္ခိုလုံလွ်က္ရွိေၾကာင္း သိရသည္။


LEAVE A REPLY

Please enter your comment!
Please enter your name here