မြန်မာနိုင်ငံသို့ပြည်ပမှဝင်ရောက်လာသူများအား အသွားအလာကန့်သတ်ရက် တစ်ပတ်မှ ၅ ရက်သို့လျော့ချ

0
111

မြန်မာနိုင်ငံသို့ပြည်ပမှဝင်ရောက်လာသူများအား အသွားအလာကန့်သတ်ရက် တစ်ပတ်မှ ၅ ရက်သို့လျော့ချ

နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည် နယ်အသီးသီးသို့ ပြည်ပမှ အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ဂိတ်များနှင့်နယ်စပ် ဝင်/ထွက်ဂိတ်များမှတဆင့် ဝင်ရောက် လာသူများအား ကိုဗစ်(၁၉) ရောဂါနှင့်ပတ်သက်၍ အသွားအလာကန့်သတ်နေထိုင်ခြင်းရက်များအား တစ်ပတ်မှ ၅ ရက်သို့လျော့ချခဲ့သည်။

ထိုသို့ လျော့ချရာတွင် ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးစီးသူများအား သက်မှတ်နေရာ (Facility Quarantine , Hotel Quarantine များတွင် အသွားအလာကန့်သတ်နေထိုင်စေခြင်းအား တစ်ပတ်မှ ၅ ရက်သို့လျော့ချခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အသွားအလာကန့်သတ်ထားရှိသည့်ရက်မှစ၍ ၁ ရက်မြောက်နေ့တွင် COVID-19 Antigen HLIT ဖြင့် ဓာတ်စွဲစစ်ဆေးရမည်ဖြစ်ပြီး ၄ ရက်မြောက်နေ့တွင် COVID-19 RT-PCR နည်းပညာဖြင့်စစ်ဆေးသွားမည်ဖြစ်သည်။

အလားတူ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံထားခြင်းမရှိသူများနှင့်ကာကွယ်ဆေးထိုးနှံထားခြင်း မရှိသူများကိုလည်း သတ်မှတ်နေရာ(Faclity Quarantire , Hotel Quarantine များ၌ အသွားအလာကန့် သတ်နေထိုင်ခြင်းအား ၁၀ ရက်မှ ၇ ရက်သို့လျှော့ချပေးခဲ့သည်။

ထို့သို့ လျော့ချနေထိုင်ရာမှ ၁ ရက်မြောက်နေ့တွင် COVID-19 Antigen RDT ဖြင့် ဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ်ကာ ၆ ရက်မြောက်နေ့တွင်လည်း COVID-19 RT-PCR နည်းပညာဖြင့် စစ်ဆေးသွားမည်ဖြစ်သည်။

အဆိုပါ အသွားအလာကန့်သတ်ခြင်းနှင့်ဓာတ်ခွဲစစ်ဆေးခြင်းတို့အား ဖေဖော်ဝါရီ ၂၃ ရက်မှစတင်၍ ပြောင်းလဲပြုလုပ်သွားမည်ဖြစ်ပြီး ကိုဗစ်(၁၉)ရောဂါအနီးကပ်ထိတွေ့သူများနှင့်ပြည်ပနိုင်ငံများမှတဆင့် မြန်မာနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ဂိတ်များ၊နယ်စပ် ဝင်/ထွက်ဂိတ်များမှ ဝင်ရောက်လာမည့် ခရီးသွားများအတွက် ဆောင်ရွက်သွားမည်ဖြစ်သည်။

ယင်းသို့ ပြုလုပ်ရာတွင် နိုင်ငံခြားသံတမန်များနှင့် မိသားစုများ၊သံတမန်အဆင့် ရရှိထားသည့် ကုလ သမဂ္ဂအဖွဲ့အစည်းများမှဝန်ထမ်းများ – Diplomat and UN official )တို့မပါဝင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here