အနုပညာရှင် စည်သူဗိုလ်ကလေးတင့်အောင်၊ ကောလိပ်ဂျင်နေဝင်း၊ဝင်းဦးအပါအဝင် စာရေးဆရာကြီးများအား အင်္လကာကျော်စွာဘွဲ့ အပ်နှင်းချီးမြှင့်

0
412

အနုပညာရှင် စည်သူဗိုလ်ကလေးတင့်အောင်၊ ကောလိပ်ဂျင်နေဝင်း၊ဝင်းဦးအပါအဝင် စာရေးဆရာကြီးများအား အင်္လကာကျော်စွာဘွဲ့ အပ်နှင်းချီးမြှင့်

နစကက အမိန့်ကြော်ငြာစာအမှတ် ၂၆/၂၀၂၂ ၊၂၀၂၂ မတ်လ ၂၇ရက်တွင် အင်္လကာကျော်စွာဘွဲ့ အား အနုပညာရှင်(၄)ဦး၊ စာရေးဆရာ(၁၉ )ဦး၊တေးဂီတပညာရှင်(၁)ဦး၊ဒါရိုက်တာ၊စာရေးဆရာ(၁)ဦးတို့ကို အပ်နှင်းချီးမြှင့်လိုက်သည်ဟုသိရသည်။

အင်္လကာကျော်စွာဘွဲ့ ရ အနုပညာရှင်(၄)ဦးမှာ စည်သူဗိုလ်ကလေးတင့်အောင်၊ညွှန့်ဝင်း၊ဝင်းဦးနှင့်ကောလိပ်ဂျင်နေဝင်းတို့ဖြစ်သည်။

စာရေးဆရာ(၁၉ )ဦးတို့မှာ ဦးကျော်ဇင်ညွှန့်(တက္ကသိုလ်မြတ်သူ)၊ ဦးလေးမြိုင်၊ဒေါက်တာခင်မောင်ညွှန့်၊ဒေါက်တာသော်ကောင်း၊ဒေါက်တာခင်အေး(မောင်ခင်မောင်-ဓနုဖြူ)၊ဦးတင်လှိုင်(လယ်တွင်းသားစောချစ်)၊ဦးမြင့်ကြည်(တက္ကသိုလ်မြတ်စိုး)၊ဦးခင်မောင်စိုး(မောင်ပေါ်ထွန်း)၊ဦးကိုလေး(ကိုလေး-အင်းဝဂုဏ်ရည်)၊ဦးတင်ခ(တက္ကသိုလ်တင်ခ)၊ဦးကျောက်ဆောက်သာနိုး(မောင်သာနိုး)၊ဦးသန်းထွန်း(သိန်းသန်းထွန်း)၊ဦးမြင့်လွင်(ဖိုကျော့)၊ဦးထွန်းရီ(ထွန်းရီ-ရှေးဟောင်းသုတေသီ)၊ဦးတင်မောင်မြင့်(တင်မောင်မြင့်)၊ဦးထွန်းအောင်ချိန်၊မောင်မောင်လတ်(နောင်)၊ဦးစိန်လှိုင်(သူရဇော်)၊ဒေါ်ချိုချိုတင်(မစန္ဒာ)တို့ဖြစ်သည်။

အလားတူ တေးဂီတပညာရှင် ဂီတလုလင်မောင်ကိုကိုအားလည်း အင်္လကာကျော်စွာဘွဲ့ အပ်နှင်းခဲ့သည်။

ယင်းအပြင် ဒါရိုက်တာ၊စာရေးဆရာ ဦးကြည်စိုးထွန်းပါ အင်္လကာကျော်စွာဘွဲ့ ချီးမြှင့်ခံခဲ့ရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here