မင်္ဂလာဒုံတွင် ငွေကျပ် ၁ ဒသမ ၅၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

0
142

မင်္ဂလာဒုံတွင် ငွေကျပ် ၁ ဒသမ ၅၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းမိ

ရန်ကုန်မြို့၊မင်္ဂလာဒုံမြို့နယ်၊ပုလဲ(၂)ရပ်ကွက်၊ဂန္ဓမာလမ်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက မတ် ၂၅ ရက်နေ့လည်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ရာမှ ကွင်းဆက်များကိုပါထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ပူးပေါင်းအဖွဲ့ဝင်များသည် ဂန္ဓမာလမ်းပေါ်၌ နေ့လည် ၃ နာရီခန့်တွင် နီလင်းအောင်(ခ)မွန်လေး မောင်းကာ ခိုင်မိုးလင်း(ခ)ကိုခိုင် လိုက်ပါလာသည့် Nissan AD Van ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၄ သိန်းပြားအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်။

စစ်ဆေးချက်အရ အဆိုပါ စိတ်ကြွဆေးပြားများ သည် မင်္ဂလာဒုံမြို့နယ်၊ပုလဲ(၁)ရပ်ကွက်၊ခိုင်ရွှေဝါလမ်းရှိ အားလို(ခ)အိုက်စိုင်း ပိုင်ဆိုင်ကြောင်းသိရှိရသဖြင့် ၎င်း၏နေအိမ်အားရှာဖွေရာ ပြည့်စုံအောင်၊ဇော်မျိုးနိုင်(ခ)ဇေရဲ(ခ)ကုလားနှင့်မယုဝ တီအောင် တို့အားစိတ်ကြွဆေးပြား ၁၁ ဒသမ ၈ သိန်းနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၅၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၅ ဒသမ ၈ သိန်းအား ပူးပေါင်းအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်။

စိတ်ကြွဆေးပြားများနှင့်အတူဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူကာ ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here