NLD အစိုးရလက်ထက်က တင်ဒါခေါ်ထားခဲ့သည့် စစ်တွေမြို့ မှ အထပ်မြင့်ဈေးတစ်ခုကို အမြန်တည်ဆောက်ရန် ပြင်ဆင်

0
110

NLD အစိုးရလက်ထက်က တင်ဒါခေါ်ထားခဲ့သည့် စစ်တွေမြို့ မှ အထပ်မြင့်ဈေးတစ်ခုကို အမြန်တည်ဆောက်ရန် ပြင်ဆင်

NLD အစိုးရလက်ထက်ကပင် တင်ဒါခေါ်ထားခဲ့သည့် စစ်တွေမြို့ မှ အထပ်မြင့်ဈေးတစ်ခုကို တစ်နှစ်အတွင်း အမြန်ဆုံးတည်ဆောက်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က စစ်တွေအမှတ် ၁ ရဲစခန်း ဘေးပတ်ပတ်လည်ရှိ ဈေးဆိုင် အခန်း ၈၀ ခန့်သည် ရဲစခန်းလုံခြုံရေးတိုးမြှင့်မည်ဆိုသည့် အကြောင်းပြချက်ဖြင့် ဖယ်ရှားခံခဲ့သည့်အတွက် အဆိုပါ ဈေးဆိုင်ခန်းများကို ပြန်လည် နေရာချထားရန် အဓိက ရည်ရွယ်၍ အမြန်ဆုံး တည်ဆောက်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း အစိုးရအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ဈေးတည်ဆောက်မည့်နေရာမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မိဇံရပ်ကွက်ပန်းခြံအနီး၊မြို့လယ်ချောင်းဘေးတွင်တည်ရှိပြီး မြေအကျယ် ၄၅ ပေ ၊ ၃၃ဝ ပေါ်တွင် တစ်နှစ်အတွင်း တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

“ဈေးဆောက်ပြီးရင် ရဲစခန်းဘေးက ဖယ်ခံထားရတဲ့ ဈေးဆိုင်ခန်းသမားတွေကို ၁၀ ပတ်လည် ဆိုင်ခန်းတစ်ခန်းစီ သတ်မှတ်ဈေးတစ်ခုနဲ့ရောင်းပေးဖို့ ရှိတယ်လို့ သိရပါတယ်။ အဲဒီ ဆိုင်သမားတွေကိုတော့ ဦးစားပေးမယ်လို့လည်း အရင်အစိုးရလက်ထက်က ပြောထားတာ ရှိတယ်”ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ပြည်နယ်အစိုးရအနေဖြင့် အထပ်မြင့်ဈေးသစ်ဆောက်လုပ်ရန် ကုန်ကျမည့်ငွေပမာဏ၊ မည်သည့်အချိန်တွင်စတင်ဆောက်ပြီး မည်သည့်အချိန်တွင်ပြီးစီးမည်ဆိုသည်နှင့် ဆိုင်ခန်းပေါင်း မည်မျှပါဝင်မည်စသည့် အသေးစိတ်အချက်အလက်များကို ညှိနှိုင်းနေဆဲဖြစ်ကြောင်းလည်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here