မလေးရှားသို့ အလုပ်သမားစေလွှတ်နိုင်ရေး အေဂျင်စီများ ပြင်ဆင်

0
309

မလေးရှားသို့ အလုပ်သမားစေလွှတ်နိုင်ရေး အေဂျင်စီများ ပြင်ဆင်

ပြီးခဲ့သည့် ကိုဗစ်ကပ်ရောဂါ ကာလနှင့် နိုင်ငံရေး အပြောင်းအလဲများကြောင့် မလေးရှားနိုင်ငံသို့ အလုပ်သမားစေလွှတ်ရေးကိစ္စများ ယာယီ ရပ်တန့်နေရာမှ ယခုအခါ အလုပ်သမားများ ပြန်လည်စေလွှတ်နိုင်ရေးအတွက် အေဂျင်စီများ ပြင်ဆင်နေကြပြီ ဖြစ်ကြောင်း သိရသည်။

“မလေးရှားကို တရားဝင် ပို့လို့ရပြီ။ပို့မယ့်သူတွေနဲ့ ပတ်သက်ပြီး လုပ်ငန်းရှင်ကိစ္စတွေကို ပြောကြတယ်။ကိုဗစ်ကာလနဲ့ နိုင်ငံရေးအပြောင်းအလဲတွေဖြစ်တဲ့ကာလမှတော့ မပို့ခဲ့ကြဘူး။အခုပို့လို့ရတော့မယ်။မလေးကို ပို့တဲ့ အေဂျင်စီတွေအနေနဲ့ နဂိုက ပုံမှန်အတိုင်း ပဲ ရှိနေကြတယ်။မလေးက ခေါ်ယူခွင့် အလုပ်ခေါ်စာတွေကို စပြီးတော့လုပ်နေပြီ။အခုကတော့ ပြီးခဲ့တဲ့ ကိုဗစ်ကာလ မတိုင်ခင်က သွားဖို့ လုပ်ခဲ့သူတွေ သွားနေကြပြီ”ဟု မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်တာဝန်ရှိသူက ပြောသည်။

မတ်လ ၂၆ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ် ၊ ဗိုလ်အောင်ကျော်လမ်းရှိ နယူးဧရာဟိုတယ် မေခ ခန်းမတွင် မလေးရှားနိုင်ငံသို့ အလုပ်သမားစေလွှတ်အေဂျင်စီများ အနေဖြင့် ၂ နှစ်ကျော် ကာလအတွင်း ပထမဆုံး လုပ်ငန်းညှိုနှိုင်းအစည်းအဝေးကျင်းပ ခဲ့ကြသည်။

ယင်းအစည်းအဝေးတွင်မလေးရှားနိုင်ငံသို့ထွက်ခွာမည့်အလုပ်သာမားများ ဆေးစစ်ခြင်းနှင့်စေလွှတ်ရေးလုပ်ငန်းစဉ်များအတွက် အသေးစိတ် ဆွေးနွေးခဲ့ကြကြောင်း၊အလုပ်ကမ်းလှမ်းစာများကို တရားဝင်လိုင်စင်(စီ)ရထားသော မလေးရှားအေဂျင်စီများ(သို့မဟုတ်)အလုပ်ရှင်တို့ဖြင့် တိုက်ရိုက်သာဆက်သွယ်ဆောင်ရွက်ကြရန်နှင့် ဝန်ဆောင်ခများပိုမိုပေးဆောင်ခြင်းမပြုရန် ၊ ရန်ကုန်ရှိမလေးရှားသံရုံးသို့လိုအပ်သောအထောက်အထားများအချိန်မီပေးပို့တင်ပြနိုင်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here