ဗန်းမော်မြို့ သူနာပြုသင်တန်းကျောင်းရှေ့တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား ဒဏ်ရာရသူများရှိခဲ့

0
245

ဗန်းမော်မြို့ သူနာပြုသင်တန်းကျောင်းရှေ့တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား ဒဏ်ရာရသူများရှိခဲ့

ကချင်ပြည်နယ်၊ဗန်းမော်မြို့ရှိ သူနာပြုသင်တန်းကျောင်းရှေ့တွင် မတ် ၂၈ ရက်(ယနေ့)နံနက်ပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ထိခိုက်ဒဏ်ရာရသူများရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

သူနာပြုသင်တန်းကျောင်းရှေ့တွင် လုံခြုံရေးကင်းလှည့်နေသည့် လုံခြုံရေးအဖွဲ့ကားတန်းအနီး၌ နံနက် ၁၀ နာရီကျော်ခန့်က မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းပေါက်ကွဲစဥ် အဆိုပါနေရာအနီး၌ ဖြတ်သန်းသွားလာနေသည့် ဒေသခံ ၅ ဦးခန့်မှာထိခိုက်ဒဏ် ရာများရရှိခဲ့သဖြင့် ဆေးရုံသို့လူနာတင်ကားဖြင့်ပို့ဆောင်ကာ ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

“ပေါက်ကွဲတာကတော့ လုံခြုံရေးကားတန်းနားမှာဖြစ်တာ အခုဒဏ်ရာရတဲ့လူတွေက ဖြတ်သွားတဲ့အချိန်ထိခိုက်မိတာပေါ့ ဘယ်လိုအခြေအနေရှိတယ်ဆိုတာကတော့မသိဘူး လူနာတင်ကားနဲ့ခေါ်သွားတယ် လုံခြုံရေးကားတန်းကလူတွေထိခိုက်တာရှိ မရှိကတော့ကျွန်တော်လည်းမသိဘူး”ဟုဒေသခံတစ်ဦးကပြောသည်။

ဖြစ်စဥ်နေရာတစ်ဝိုက်အား လုံခြုံရေးအဖွဲ့ဝင်များ ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here