ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၌ ၂ ရက်အတွင်း မြန်မာနိုင်ငံသား ၇၉ ဦးဖမ်းဆီးခံရ

0
152

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၌ ၂ ရက်အတွင်း မြန်မာနိုင်ငံသား ၇၉ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်အတွင်း မတ် ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၇၉ ဦး၊၎င်းတို့အားသယ်ဆောင်လာသည့် ကားအချို့နှင့်ကားမောင်းသူ ၁ ဦးတို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

တာ့ခ်ခရိုင်၊စမ်ငေါင်မြို့၏ ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များမှ ချင်းရိုင်ခရိုင်နယ်စပ်မှတဆင့် ဗန်ကောက်မြို့သို့ပို့ဆောင်မည့် မြန်မာ နိုင်ငံသားများအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ပူးပေါင်းအဖွဲ့ဝင်များက မတ် ၂၆ ရက်တွင် ဖဟွန်ယိုထင်လမ်းမကြီးဘေးရှိ ရွတ်ကရာ့ဘတ်ကျေး ရွာနှင့်ဝမ်ကျောင့်ကျေးရွာကြားရှိ တောအတွင်းမှ မြန်မာနိုင်ငံသား ၆၀ ဦး၊ကား ၆ စီးနှင့်ထိုင်းလူမျိုး ကားမောင်းသူတစ်ဦးတို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အလားတူ မတ် ၂၇ ရက်တွင်လည်း ပူးပေါင်းအဖွဲ့ဝင်များက ထပ်မံရှာဖွေစစ်ဆေးရာမှ မြန်မာနိုင်ငံသား ၁၉ ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှ ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသား ၇၉ ဦးနှင့်ထိုင်းနိုင်ငံသားတို့အား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် သက်ဆိုင်ရာရဲစခန်းသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ထိုင်းကျန်းမာရေးအဖွဲ့မှလည်း ဖမ်းဆီးရမိသူများအား ကိုဗစ်(၁၉)ရောဂါပိုးရှိမရှိ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here