မုန်တိုင်းတိုက်ခတ်ပြီး မိုးရွာသွန်းခဲ့၍ မကွေးတိုင်းရှိ ကြက်သွန်နီစိုက်ခင်းအများအပြားပျက်စီးဆုံးရှုံးခဲ့

0
278

မုန်တိုင်းတိုက်ခတ်ပြီး မိုးရွာသွန်းခဲ့၍ မကွေးတိုင်းရှိ ကြက်သွန်နီစိုက်ခင်းအများအပြားပျက်စီးဆုံး ရှုံးခဲ့

မြန်မာနိုင်ငံတစ်ဝှမ်း၌ နေရာအတော်များများတွင် မတ် ၂၁ ရက်ခန့်မှစတင်၍ မုန်တိုင်းတိုက်ခတ်ကာ မိုးရွာသွန်းမှုများ ဖြစ်ပွားခဲ့သည်။

ထိုသို့ မိုးရွာသွန်းမှုကြောင့် မကွေးတိုင်းအတွင်း၌ စိုက်ပျိုးထားသည့် ကြက်သွန်နီစိုက်ခင်းများအ တွင်းသို့ ရေဝင်ရောက်ခြင်းများဖြစ်ပေါ်ခဲ့သဖြင့် စိုက်ခင်းအများအပြားပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည်ဟု တောင်သူများထံမှသိရသည်။

“ဇန်နဝါရီလလောက်ထဲကစပြီးစိုက်ခဲ့တယ် ပုံမှန် မတ်လကုန်ပိုင်း ဧပြီလလောက်ရောက်ရင် ကြက် သွန်နီထွက်ပြီ အခုကြတော့ မိုးရွာလိုက်တော့ မိုး ရေဝင်ပြီးပျက်စီးကုန်ပြီပေါ့ဗျာ ပိဿာချိန်အ တော်များများဆုံးရှုံးသွားတယ်”ဟုကြက်သွန်နီစိုက်တောင်သူ ကိုဝင်းအောင်ကပြောသည်။

ကြက်သွန်နီစိုက်ခင်းများအား ပုံမှန်ရေလောင်းခြင်းပြုလုပ်ရန် ချောင်းများအနီး၌စိုက်ပျိုးထားကြသဖြင့် မိုးရွာသွန်းမှုကြောင့် စိုက်ခင်းများအ တွင်းရေဝင်ခြင်းနှင့်ချောင်းရေတက်ခြင်းကြောင့် ရေဝင်ခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“မိုးရေဝင်တာရယ် ချောင်းရေဝင်တာရယ်ကြောင့် ခူးချိန်နီးလာချိန်မှာ ကြက်သွန်နီတွေအကုန်လုံးနီးပါးပုတ်ကုန်တာပေါ့ စိုက်ခင်းတွေထဲကိုရေဝင်တော့အကုန်နစ်ကုန်ရောပဲ ကြက်သွန်နီ ၁ ဧကဆိုရင်ကုန်ကျစရိတ်ကလည်းအထိုက်အလျောက်ရှိတယ် ဒီနှစ်ကတော့သွားပြီပေါ့ဗျာ”ဟုတောင်သူကိုဝင်းအောင်ကပြောသည်။

မကွေးတိုင်းအတွင်းရှိ ယော၊ဆော၊မုန်း၊မန်း၊စလင်း၊ပင်း၊ယင်း၊ဒေါင်းနေ၊ဗွက်ကြီးအစရှိသည့် ချောင်းများအနီး၌ နှစ်စဥ်ကြက်သွန်နီစိုက်ပျိုးလေ့ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here