နိုင်ငံ့ဝန်ထမ်းများအား ထုတ်ပေးထားသည့် ချေးငွေပေးဆပ်ခြင်းကို ၃ လယာ ယီဆိုင်းငံ့မည်

0
551

နိုင်ငံ့ဝန်ထမ်းများအား ထုတ်ပေးထားသည့် ချေးငွေပေးဆပ်ခြင်းကို ၃ လယာ ယီဆိုင်းငံ့မည်

နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)များအား ကြိုတင်ထုတ် ပေးခဲ့သည့် လစာ ၂ လစာအတိုးမဲ့ချေးငွေပြန်လည်ကောက်ခံသည့် ချေးငွေပေးဆပ်ခြင်းကာလအား ၃ လယာယီဆိုင်းငံ့ခဲ့သည်ဟု နစက ၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှထုတ်ပြန်ကြေ ညာခဲ့သည်။

ပြည်ထောင်စုအဆင့်ဌာန၊အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး(သို့)ပြည်နယ်အဆင့်ဌာန၊အဖွဲ့အစည်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း) များအား ကြိုတင်ထုတ်ပေးခဲ့သည့် လစာ ၂ လစာ အတိုးမဲ့ချေးငွေများပြန်လည်ကောက်ခံရာတွင် နိုင်ငံ့ဝန်ထမ်းများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်နှင့်လစဉ် ပြန်လည်ပေးဆပ်မှုပမာဏ သက်သာစေရန် ပြန်ဆပ်ကာလ ၁ နှစ်အစား ၂ နှစ် ၆ လ (၂ဝ၂၁ ခုနှစ်၊အောက်တိုဘာလမှ ၂ဝ၂၄ ခုနှစ်၊မတ်လအထိ)သို့ တိုးမြှင့်သတ်မှတ်ထားခဲ့သည်။

သို့ရာတွင် ကိုဗစ်(၁၉)ရောဂါသက်ရောက်မှုများနှင့်လက်ရှိကုန်ဈေးနှုန်းကြီးမြင့်မှုများအရ နိုင်ငံ့ဝန်ထမ်းများ လစာလုံလောက်မှုရှိစေရန်အတွက် ရည်ရွယ်ကာ ၃ လထပ်မံ၍ ယာယီဆိုင်းငံ့ပေးခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ၂၀၂၁ ခုနှစ်၊အောက်တိုဘာလမှစတင်ကာ လစဥ်ပြန်လည်ကောက်ခံလျက်ရှိသည့် နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)များအား ကြိုတင်ထုတ်ပေးထားသည့် လစာ ၂ လစာ အတိုးမဲ့ချေးငွေအား ၂ဝ၂၂ ခုနှစ်၊မတ်လမှစတင်၍ ၃ လယာယီဆိုင်းငံ့ခဲ့ခြင်းဖြစ်သည်ဟုထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here