ပြည်သူ့ပါတီဥက္ကဌ နှင့်တရုတ်သံအမတ်ကြီးတို့တွေ့ဆုံ

0
228

ပြည်သူ့ပါတီဥက္ကဌ နှင့်တရုတ်သံအမတ်ကြီးတို့တွေ့ဆုံ

ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး တို့ ယနေ့ မတ်လ၂၉ရက်မနက်ပိုင်းတွင် တွေ့ဆုံကြသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး H.E. Mr.CHEN Hai က ပြည်ထောင်စုရိပ်သာလမ်းရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးတွင် လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံမှုနှင့်ပတ်သတ်ပြီး ပြည်သူ့ပါတီဘက်က လက်ရှိ မြန်မာနိုင်ငံရေးအခြေအနေများနှင့် ရှေ့ဆက်ဖြစ်ပေါ်လာနိုင်မည့် အနာဂတ်နိုင်ငံရေး အလားအလာ အခြေအနေများအပေါ် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟုသတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် မတ်လ၉ရက်နေ့ကလည်း ပြည်သူ့ပါတီ(ဗဟိုဌာနချုပ်) သို့ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး နှင့် ပြင်သစ်သံအမတ်ကြီး H.E. Mr.Christian Lechervy တို့သည် ပြည်သူ့ပါတီ (ဗဟိုဌာနချုပ်) သို့ သီခြားစီလာရောက်တွေ့ဆုံခဲ့မှုများရှိခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here