ရန်ကုန်မြို့တွင် ရပ်ထားသည့်ကားများအတွင်းမှ Wheel Tag ခိုးယူမှုများရှိနေ

0
379

ရန်ကုန်မြို့တွင် ရပ်ထားသည့်ကားများအတွင်းမှ Wheel Tag ခိုးယူမှုများရှိနေ

ရန်ကုန်မြို့တွင် ရပ်ထားသည့်ကားများအတွင်းမှ ကား Wheel Tag များခိုးယူခံရမှုများပြားလာကြောင်း ခိုးယူခံရသည့်ကားပိုင်ရှင်များထံမှ သိရသည်။

“ကား Wheel Tax ကိုခိုးတာက အကြောင်းရှိတယ်ဗျ Without ကားတွေကိုသယ်လာရင် နံပါတ်ပြားကိုဆိုင်မှာရေးပြီးကပ်လိုက်တယ် လမ်းမှာစစ် ဆေးတဲ့အခါ Wheel Tag မှာပါတဲ့နံပါတ်နဲ့ကားမှာကပ်ထားတဲ့နံပါတ်တူနေတယ်ဆိုရင် သေချာမစစ်မိတဲ့အခါကြတော့လွတ်သွားတာပေါ့ စစ်တဲ့လူတွေကိုလည်း နားလည်တယ် သူတို့မှာက တစ်စီး နှစ်စီးထဲစစ်ရတာမဟုတ်ဘူးလေ တစ်နေ့တစ်နေကားတွေအများကြီးကိုစစ်နေရတာ”ဟုကားဝယ်ရောင်းသမားတစ်ဦးဖြစ်သည့် ကိုဝဏ္ဏအောင်ကပြောသည်။

ကားတစ်စီးတွင် အုံနာဘုတ်မှာအရေးကြီးဆုံးဖြစ်၍ ကားပိုင်ရှင်များမှာအုံနာဘုတ်အား နေအိမ်တွင်သာထားလေ့ရှိပြီး လမ်းခရီး၌ကားများအား တားဆီးစစ်ဆေးရာတွင်လည်း ကားနှင့် Wheel Tag ကိုသာအဓိကထား၍ စစ်ဆေးခံရလေ့ရှိကြောင်း သိရသည်။

လော့ချရပ်ထားသည့်ကားများအတွင်းမှ ကား Wheel Tag များခိုးယူရာတွင် အချို့ခိုးယူသူများမှာ ဘေးပတ်ဝန်းကျင်၌လူမရှိပါက ကားမှန်များအား ရိုက်ခွဲ၍ယူဆောင်သူများရှိကာ ချထားသည့်လော့အားဖွင့်ကာ ခိုးယူသွားခြင်းများလည်းရှိနေကြောင်း သိရသည်။

“အရင်ကဆိုရင် ပုံမှန်တိုက်အောက်မှာရပ်နေကြပဲဘာမှမဖြစ်ဘူး တစ်ရက်ကတော့ညပိုင်းရပ်နေကြနေရာမှာရပ်ထားခဲ့တာ မနက်မိုးလင်းတော့အလုပ်သွားဖို့ဆင်းလာတော့ ကားမှန်ကကွဲနေတယ် ကားထဲမှာလည်းဖွထားတယ် ကား Wheel Tag ကိုရှာတော့မတွေ့တော့ဘူး နောက်ကားထဲကတန်ဖိုးရှိမယ်ထင်တာတွေအ​တော်များများယူသွားတယ်၊ ယုတ်စွအဆုံးကားထိုင်ခုံစွတ်ကအစ ဖြုတ်ခိုးသွားတယ်ဗျာ”ဟုမင်္ဂလာတောင်ညွှန့်မြို့နယ်နေ ကိုအောင်နိုင်ကပြောသည်။

ကား Wheel Tag များအားခိုးယူခြင်းအပြင် ရှေ့ နောက်ကားနံပါတ်ပြားများအားဖြုတ်၍ခိုးယူခြင်း၊ကားဘတ်မှန်များအားခိုးယူခြင်း၊ရေသုတ် ဝှိုက်ဘာ တံများအားခိုးယူခြင်းများလည်း ရှိနေကြောင်း သိရသည်။

“ကားပစ္စည်းတွေခိုးခံရလို့လာတိုင်ကြတာတွေရှိတယ် ကျွန်တော်တို့ဘက်ကလည်း စုံစမ်းတာတွေလုပ်နေပါတယ်။ ညဘက်ဆိုရင်လည်းကင်းလှည့်ပြီး လိုက်စစ်နေပါတယ်။ တစ်ယောက်ကိုဖမ်းမိလိုက်ရင်တော့ ကျန်တဲ့ကွင်းဆက်တွေ ခိုးရာပါ ပစ္စည်းဝယ်တဲ့လူတွေကိုလည်းဖမ်းမိပါလိမ့်မယ်” ဟုရဲအရာရှိတစ်ဦးကပြောသည်။

ထိုသို့ ခိုးယူခံရမှုများပြားလာသဖြင့် အချို့ရပ် ကွက်များအတွင်းနေထိုင်သည့် ကားပိုင်ရှင်အများစုသည် စုပေါင်း၍ လုံခြုံရေးဝန်ထမ်းများအား ဌားရမ်းထားရခြင်းများ၊ရပ်ကွက်လုံခြုံရေးအ တွက် စုပေါင်းလုပ်ဆောင်ထားရခြင်းများလည်းရှိနေကြောင်း သိရသည်။

Photo Credit _ Ko Ko Sein fb ,Thein Naing fb


LEAVE A REPLY

Please enter your comment!
Please enter your name here