သုံးခွမြို့နယ် မကျီးပေါက္ကံကျေးရွာမှ အမျိုးသား ၆ ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ ၂ ဦးသေဆုံး

0
230

သုံးခွမြို့နယ် မကျီးပေါက္ကံကျေးရွာမှ အမျိုးသား ၆ ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ ၂ ဦးသေဆုံး

ရန်ကုန်မြို့၊သုံးခွမြို့နယ်၊မကျီးပေါက္ကံကျေးရွာမှ အမျိုးသား ၆ ဦးသည် မတ် ၂၉ ရက်(ယနေ့)မွန်း လွဲပိုင်းက သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသဖြင့် ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မကျီးပေါက္ကံကျေးရွာရှိ သိုက်တူးကန်လမ်းဆုံတွင် မွန်းလွဲ ၂ နာရီခွဲကျော်ခန့်က ယင်းအမျိုးသား ၆ ဦးအား အမည်မသိလက်နက်ကိုင်အဖွဲ့မှ သေနတ်များဖြင့်ပစ်ခတ်၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

ပစ်ခတ်ခံရမှုကြောင့် အမျိုးသား ၂ ဦးမှာကျည်ထိမှတ်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေ ဆုံးခဲ့ပြီး အမျိုးသား ၄ ဦးတွင်လည်း ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းကားများဖြင့် ဆေးရုံသို့တင်ပို့ခဲ့ရကြောင်း သိရသည်။

“သေနတ်သံတွေ ၁၀ ချက်ကျော် ၁၅ ချက်လောက်ကြားရတယ် တစ်ဖက်ကပဲပစ်သွားတဲ့အသံပေါ့ အသံတွေတိတ်သွားလို့ထွက်ကြည့်မှ ၆ ယောက် လုံးကသွေးအိုင်ထဲမှာလဲကျနေကြတယ် သေနတ်ထိထားတဲ့ဒဏ်ရာတွေကတော့အများကြီးပဲ”ဟုဒေသခံတစ်ဦးကပြောသည်။

လက်ရှိအချိန်တွင် လုံခြုံရေးအဖွဲ့ဝင်များရောက်ရှိလာကာ အခင်းဖြစ်နေရာအား စစ်ဆေးမှုများပြု လုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here