ယာယီရပ်ဆိုင်းထားသည့် Online e-Visa လျှောက်ထားမှု ဧပြီ ၁ ရက်မှစတင်၍ ပြန်လည်ခွင့်ပြုသွားမည်ဖြစ်

0
84

ယာယီရပ်ဆိုင်းထားသည့် Online e-Visa လျှောက်ထားမှု ဧပြီ ၁ ရက်မှစတင်၍ ပြန်လည်ခွင့်ပြုသွားမည်ဖြစ်

ကိုဗစ်(၁၉)ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းမြင့်တက်ခဲ့သဖြင့် ၂၀၂၀ ပြည့်နှစ်၊မတ် ၂၀ ရက်မှစတင်၍ Online e-Visa လျှောက်ထားမှုများအား လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ယာယီရပ်ဆိုင်းထားခဲ့သည်။

မြန်မာနိုင်ငံသို့လာရောက်သည့် ခရီးသွားများအ ပေါ် ကြိုတင်ကာကွယ်မှုဆောင်ရွက်သည့် ကန့် သတ်ချက်များနှင့်အညီ ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ကိုဗစ်(၁၉)ရော ဂါကူးစက်ဖြစ်ပွားမှုနှုန်းလျှော့နည်းကျဆင်းလာကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား အထောက် အကူပြုရန် ကျန်းမာ ရေးဝန်ကြီးဌာနမှ ကိုဗစ် (၁၉)ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မြန်မာနိုင်ငံသို့ဝင်ရောက်ခွင့်ပြုမည်ဖြစ် သည်။

ထို့ကြောင့် Online e-Visa စနစ်အား ဧပြီ ၁ ရက်မှစတင်ကာ Business Visa(လုပ်ငန်းဗီဇာ)လျှောက် ထားမှုများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှပြန်လည် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ထိုသို့ Online e-Visa(Business)လျှောက်ထားရန် လိုအပ်သည့် သတ်မှတ်ချက်များအား လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ website ဖြစ်သည့် https://evisa.moip.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here