ရုပ်ရှင်ရုံများပြန်လည်ဖွင့်လှစ်ရာတွင် လျှပ်စစ်မီးရရှိရေးအတွက် ရုပ်ရှင်ရုံများအားအချိန်ညှိနှိုင်း၍ ဓာတ်အားပေးသွားမည်

0
165

ရုပ်ရှင်ရုံများပြန်လည်ဖွင့်လှစ်ရာတွင် လျှပ်စစ်မီးရရှိရေးအတွက် ရုပ်ရှင်ရုံများအား အချိန်ညှိနှိုင်း၍ ဓာတ်အားပေးသွားမည်

ရန်ကုန်တိုင်းအတွင်းရှိ ရုပ်ရှင်ရုံများအား ကိုဗစ် (၁၉)ရောဂါစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဧပြီ ၁၇ ရက်(မြန်မာနှစ်ဆန်းတစ်ရက်)နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်ပြသသွားမည်ဖြစ် သည်။

ထိုသို့ ပြသရာတွင် မျှဝေရရှိထားသည့် လျှပ်စစ်ဝန်အားအပေါ်အခြေခံ၍ ရုပ်ရှင်ရုံတစ်ရုံနှင့်တစ်ရုံအား အချိန်ညှိနှိုင်း၍ ဓာတ်အားဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်း(YESC)မှသိရသည်။

“လက်ရှိဓာတ်အားလျော့နည်းနေတဲ့အတွက်ကြောင့် လုံခြုံရေးအနေအထားအရ ဂုံးတံတားတွေ၊ရ ထားလမ်းဂုံး၊ကားလမ်းကျော်ဂုံးတွေကို ညတိုင်းလမ်းမီးရဖို့အတွက်ကြိုးစားဆောင်ရွက်နေပါတယ် ရုပ်ရှင်ရုံတွေအတွက်ဓာတ်အားလိုအပ်လာမယ်ဆိုရင်လည်း အသေးစိတ်စီစစ်ပြီးတော့ပေးနိုင်တဲ့အနေအထားကိုကြိုးစားပြီးတော့ ဓာတ် အားပေးသွားမှာဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)၏ အမှုဆောင်အရာရှိချုပ် ဦးကျော်သူကပြောသည်။

အလားတူ ရုပ်ရှင်ရုံများအနေဖြင့် ဓာတ်အားပေးမှုနည်းသည့်အချိန်တွင် သီးသန့်ဓာတ်အားသုံးစွဲလိုပါက YESC နှင့်လာရောက်ညှိနှိုင်းဆောင်ရွက်ပါက ဓာတ်အားသုံးစွဲနိုင်ရေးအချိန်နှင့်ညှိ၍ ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဘက်က ဓာတ်အားပေးနိုင်ဖို့အ တွက် ရုပ်ရှင်ရုံတစ်ရုံချင်းအလိုက်ကို စီစဥ်ဆောင် ရွက်ပေးသွားမှာပါ ရုပ်ရှင်ရုံတွေပြန်လည်ပြသတဲ့အခြေအနေကိုတော့ အလွန်သဘောကျပါတယ်” ဟု အမှုဆောင်အရာရှိချုပ်ဦးကျော်သူကပြော သည်။

နစက ၏ပြန်ကြားရေးဝန်ကြီးဌာနမှလည်း ရုပ်ရှင်ရုံ ၆၀ ခန့်အားပြန်လည်ဖွင့်လှစ်ပြသသွားမည်ဟု ထုန်ပြန်အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here