မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက်ပဋိညာဉ်စာ တမ်းတွင်ပြဋ္ဌာန်းထားသည့် အခြေခံမူများအား တက်ကြွစွာပူးပေါင်းဆောင်ရွက်သွားမည်

0
57

မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက်ပဋိညာဉ်စာ တမ်းတွင်ပြဋ္ဌာန်းထားသည့် အခြေခံမူများအား တက်ကြွစွာပူးပေါင်းဆောင်ရွက်သွားမည်

သီရိလင်္ကာနိုင်ငံ၊ကိုလံဘိုမြို့၌ Hybrid စနစ်ဖြင့် ကျင်းပသည့် ၁၈ ကြိမ်မြောက် ဘင်းမ်စတက်နိုင် ငံခြားရေးဝန်ကြီးများအစည်းအဝေးအား မတ် ၂၉ ရက်နံနက် ၁၀ နာရီ ၂၅ မိနစ်ကကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးဝ ဏ္ဏမောင်လွင်မှ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်၍ မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘုံရည်မှန်းချက်အတွက် အဖွဲ့ဝင်နိုင်ငံများအ ကြားနက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ခဲ့ရာ ဇွန် ၆ ရက်တွင် ၂၅ နှစ်ပြည့်ငွေရတုမှတ်တိုင် စိုက်ထူထားနိုင်ပြီဖြစ်သည်ကို ကျေနပ်ဖွယ်တွေ့မြင်ရသည်ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

“သဘာဝဘေးအန္တရာယ်၊ရာသီဥတုပြောင်းလဲမှု၊ ကပ်ရောဂါနဲ့လူဦးရေတိုးတက်လာမှုတို့ဟာ ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးအပေါ် သက်ရောက်မှုတွေဖြစ်ပေါ် လျက်ရှိပါတယ် ဘင်းမ်စတက်ပူး ပေါင်းဆောင်ရွက်မှု မူဘောင်အောက်က လယ် ယာစိုက်ပျိုးရေးနဲ့စားနပ်ရိက္ခာဖူလုံရေးကဏ္ဍရဲ့ ဦးဆောင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းမှာ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့ စားသောက်ကုန်တွေ တိုးမြှင့်ထုတ်လုပ်နိုင်ဖို့အတွက် စိုက်ပျိုးရေး၊ငါးလုပ်ငန်းနဲ့မွေးမြူရေးကဏ္ဍတွေမှာ အဖွဲ့ဝင်နိုင်ငံတွေကြား ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုမြှင့်တင်သွားမှာဖြစ်ပါတယ်” ဟုပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်ကပြော သည်။

အလားတူ ပဉ္စမအကြိမ်မြောက် ဘင်းမ်စတက်ထိပ်သီးအစည်းအဝေး၌ အတည်ပြုမည့်“ဘင်းမ်စတက်ပို့ဆောင်ဆက်သွယ်မှုမြှင့်တင်ရေးစီမံချက်”သည် ဒေသတွင်းပေါင်းစည်းနိုင်မှုအား ပိုမိုမြှင့်တင်ပေးနိုင်ရုံသာမက ဒေသတွင်းကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကိုလည်း တိုးမြှင့်ပေးနိုင်မည်ကိုယုံကြည်သည်ဟု ပြည်ထောင်စုဝန်ကြီးကပြော သည်။

ထို့ပြင် ဒေသတွင်းအကြမ်းဖက်မှုနှင့်နိုင်ငံဖြတ်ကျော်မှုခင်းများ နှိမ်နင်းရာတွင် အဖွဲ့ဝင်နိုင်ငံများ ၏ စည်းလုံးညီညွတ်မှုနှင့်နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုတို့သည် ခိုင်မာသည့် ခွန်အားတစ် ရပ်ဖြစ်စေမည်ဟု ပြောသည်။

“ဘင်းမ်စတက်ဒေသဟာ သဘာဝဘေးအန္တရာယ်တွေ မကြာခဏကျရောက်လေ့ရှိပါတယ် အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘာဝဘေးအန္တရာယ်တုံပြန်ရေးနဲ့စီ မံခန့်ခွဲရေးဆိုင်ရာစွမ်းဆောင်ရည်တွေ တိုးတက်လာစေဖို့အတွက် သင်တန်းတွေနဲ့ PANEX-21လို ပူးပေါင်းလေ့ကျင့်ခန်းတွေ ဆောင်ရွက်ပေးနေတဲ့ အိန္ဒိယနိုင်ငံကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်ကပြောသည်။

ထို့အတူ မတူကွဲပြားသည့် ဘာသာတရား၊ယဉ် ကျေးမှုနှင့်ဓလေ့ထုံးစံများအပေါ် အပြန်အလှန်နားလည်မှုမြှင့်တင်ပေးရန် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုအား တိုးမြှင့်ပေးရန်လိုအပ်သည်ဟု ပြောသည်။

“မြန်မာနိုင်ငံအနေနဲ့ ဘင်းမ်စတက်ပဋိညာဉ် စာ တမ်းမှာပြဋ္ဌာန်းထားတဲ့ အချုပ်အခြာအာဏာတန်းတူညီတူရှိမှု၊ပြည်တွင်းရေးကိုဝင်ရောက်မစွက်ဖက်မှု၊ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှု၊အ ပြန်အလှန်လေးစားမှုနဲ့တူညီဆန္ဒ စတဲ့အခြေခံမူတွေကို တိကျစွာလိုက်နာကျင့်သုံးပြီး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားဖို့ သန္နိဌာန်ထားရှိမှုကို ထပ်လောင်းအတည်ပြုပါတယ်”ဟုပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်ကပြောသည်။

အစည်းအဝေးတွင် ဘင်းမ်စတက်အလှည့်ကျဥက္ကဋ္ဌ သီရိလင်္ကာနိုင်ငံမှနိုင်ငံခြားရေးဝန်ကြီး မစ္စတာဂါမနိလပ်က်ရှ်မင်းန်ပီးရဲစ် ကအစည်းအ ဝေး သဘာပတိအဖြစ်ဆောင်ရွက်ကာ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ဘူတန်၊အိန္ဒိယ၊နီပေါနှင့်ထိုင်းနိုင်ငံတို့မှ နိုင်ငံခြား ရေးဝန်ကြီးများနှင့်ဘင်းမ်စတက် အတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြသည်။

ယင်းအစည်းအဝေး၌ ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက်မှုအလှည့်ကျဥက္ကဋ္ဌတာဝန်ထမ်းဆောင်မည့် ထိုင်းနိုင်ငံ၊ဒုတိယဝန်ကြီးချုပ်နှင့်နိုင် ငံခြားရေးဝန်ကြီးမစ္စတာဒွန်ပရာမွတ်(ဒ်)ဝီနိုင်း ထံ သို့ သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂါမနိ လပ်က်ရှ်မင်းန် ပီးရဲစ် ကလွှဲပြောင်းပေးအပ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here