နိုင်ငံရေးပါတီအားလုံးပါဝင်နိုင်မည့် နိုင်ငံရေးပါတီများအစုအဖွဲ့ရွေးချယ်ခြင်းအား ဧပြီ ၂၇ ရက်၌ပြုလုပ်သွားမည်

0
65

နိုင်ငံရေးပါတီအားလုံးပါဝင်နိုင်မည့် နိုင်ငံရေးပါတီများအစုအဖွဲ့ရွေးချယ်ခြင်းအား ဧပြီ ၂၇ ရက်၌ပြုလုပ်သွားမည်

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)မှ နိုင်ငံရေးပါတီအားလုံးပါဝင်နိုင်မည့် နိုင်ငံရေးပါတီများအစုအဖွဲ့(ကိုယ်စားလှယ်) ရွေးချယ်ခြင်းအား ဧပြီ ၂၇ ရက်၌ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရွေးချယ်မည့်နေ့အား မတ် ၁၈ ရက်ကပြုလုပ်ခဲ့သည့် နိုင်ငံရေးပါတီများအစုအဖွဲ့ ၃၂ ပါတီအစည်းအဝေးဆုံးဖြတ်ချက်အရ ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၌ တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၉၂ ပါတီရှိကာ ယင်းပါတီများမှ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (နိုင်ငံရေးပါတီများအစုအဖွဲ့)အဖြစ် အမြဲတမ်းကော်မတီဝင် ၁၆ ပါတီနှင့်အရန်ကော်မတီဝင် ၁၆ ပါတီအား ရွေးချယ်သွားမည်ဖြစ်သည်။

အဆိုပါ ရွေးချယ်ပွဲတွင်ပါဝင်ရွေးချယ်လိုသည့် နိုင်ငံရေးပါတီများ အနေဖြင့် ဧပြီ ၁ ရက်မှ ၁၂ ရက်အထိ UPDJC ရုံးအဖွဲ့မှူးထံ ဆက်သွယ်  အကြောင်းကြးရမည်ကာ ဧပြီ ၁၂ ရက်ထက်ကျော်လွန်၍ ဆက်သွယ်လာပါက ရွေးချယ်ခံပါတီ စာရင်း၌ ပါဝင်မည်မဟုတ်ကြောင်း သိရသည်။

UPDJC မှလည်း နိုင်ငံရေးပါတီ ၉၂ ပါတီအား ရွေးချယ်ခံပါတီများအဖြစ် ဝင်ရောက်ပေးရန် ဖိတ်ခေါ်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here