စွမ်းရည်ဘွဲ့ တံဆိပ်များ ပေးအပ်ခြင်းကိစ္စ အစိုးရအနေဖြင့် ပေးအပ်ခြင်းမဟုတ်ဘဲ နိုင်ငံတော်ကပေးအပ်ခြင်းဟု နစကဥက္ကဋ္ဌ ပြောကြာ

0
234

စွမ်းရည်ဘွဲ့ တံဆိပ်များ ပေးအပ်ခြင်းကိစ္စ အစိုးရအနေဖြင့် ပေးအပ်ခြင်းမဟုတ်ဘဲ နိုင်ငံတော်ကပေးအပ်ခြင်းဟု နစကဥက္ကဋ္ဌ ပြောကြား

စွမ်းရည်ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်မှုနှင့်ပတ်သက်၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ အတွင်း ကျရောက်မည့် စိန်ရတုလွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အတွက် နိုင်ငံရေးအရ၊ လူမှုရေးအရ၊ စီးပွားရေးအရ၊ နည်းပညာအရ၊ အနုပညာအရ စွမ်းစွမ်း တမံကြိုးပမ်း ဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်များကို ဂုဏ်ပြုချီးမြှင့်ရန် သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့် ညှိနှိုင်းတိုင်ပင်၍ စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌက ရှင်းလင်းပြောကြားသည်။

ယခုကဲ့သို့ စွမ်းရည်ဘွဲ့ တံဆိပ်များ ပေးအပ်ခြင်းသည် အစိုးရအနေဖြင့် ပေးအပ်ခြင်းမဟုတ်ဘဲ ပြဋ္ဌာန်းထား သည့် ဥပဒေနှင့်အညီ နိုင်ငံတော်မှ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ပြောသည်။

၂၀၂၂ မတ်လ ၂၇ရက်က အမိန့်ကြေညာစာအမှတ် ၂၆/ ၂၀၂၂ ဖြင့် တရားသူကြီးချုပ်အပါအဝင် တရားသူကြီးများ၊ပြည်ထောင်စုဝန်ကြီးများ၊အမြဲတန်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များအပါအဝင် အနုပညာရှင်၊ဂီတပညာရှင်၊အတတ်ပညာရှင်၊စာရေးဆရာ၊တပ်မတော်သား၊ရဲတပ်ဖွဲ့ဝင်များ၊ လူပုဂ္ဂိုလ်များစသည့် စုစုပေါင်း ၈၈၁ဦးအားစွမ်းရည်ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။

နစကဥက္ကဋ္ဌက အများစုမှာ ဝမ်းသာ အားရဖြစ်ကြသော်လည်း ဝေဖန်မှုတစ်ချို့လည်းရှိကြောင်း မတ်လ ၂၉ ရက်က ကျင်းပပြုလုပ်သော နစကအစည်းအဝေး (၃/၂၀၂၂)တွင် ထည့်သွင်းပြောကြားသွားသည်။

စွမ်းရည်ဘွဲ့တံဆိပ်များ ချီးမြှင့်မှုကို၂၀၂၃ ခုနှစ် စိန်ရတု လွတ်လပ်ရေးနေ့မတိုင်မီ အခမ်းအနားဖြင့် အားလုံး ကိုပေးအပ်ချီးမြှင့်နိုင်ရေး ဆောင်ရွက်သွားမည်ဟုလည်း နစကဥက္ကဋ္ဌကပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here