အာရှလမ်းမကြီးရှိ ကော့နွဲ့ကွေ့တွင် ပြောင်းဆန်တင်တွဲကားအရှိန်လွန်တိမ်းမှောက် ၂ ဦးထိခိုက်

0
172

အာရှလမ်းမကြီးရှိ ကော့နွဲ့ကွေ့တွင် ပြောင်းဆန်တင်တွဲကားအရှိန်လွန်တိမ်းမှောက် ၂ ဦးထိခိုက်

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်၊အာရှလမ်းမကြီးပေါ်ရှိ ကောနွဲ့ကွေ့တွင် မတ် ၃၀ ရက်(ယနေ့) နံနက်ပိုင်းက ပြောင်းဆန်တင်တွဲကားတစ်စီး အ ရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်ဟု ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့မှသိရသည်။

ကော့ကရိတ်မြို့အထွက်ရှိ အာရှလမ်းမကြီး၏ ကော့နွဲ့ကွေ့တွင် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က မြဝတီမြို့ဘက်သို့ထွက်ခွာသည့် ပြောင်းဆန်တင် ၂၂ ဘီးတွဲကားတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

“ကားပေါ်မှာက ကားမောင်းတဲ့လူနဲ့စပယ်ယာပဲပါတယ် ကော့နွဲ့ကွေ့ကိုအရှိန်နဲ့တက်လိုက်တော့မထိန်းနိုင်ဘဲမှောက်သွားတာ ၂ ယောက်လုံးက တော့ ဒဏ်ရာတွေရသွားတာပေါ့”ဟုပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြော သည်။

ဖြစ်စဥ်တွင် ကားမောင်းသူမှာ ဝဲဘက်လက်ပိနေသဖြင့် ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့မှအသင်း ဝင်များက ကရိန်းကားဖြင့်ပြောင်းဆန်တင်တွဲကားအား မ၍ကယ်ထုတ်ခဲ့ရသည်။ ထို့ပြင် ကားစပယ်ယာဖြစ်သူမှာလည်း ဦးခေါင်း၌ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ရှေ့လေကာမှန်ကွဲကြေသွားပြီး လူကအတွင်းပိုင်းမှာလက်ညှပ်ပြီးထုတ်မရတာ ကရိန်းမပါရင် မ လွယ်ဘူး”ဟု ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်၌ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် ကားမောင်းသူနှင့်စပယ်ယာဖြစ်သူတို့အား ပုလဲဖြူလူ မှုကယ်ဆယ်ရေးအသင်းကားဖြင့် ကော့ကရိတ်မြို့ပြည်သူ့ဆေးရုံသို့ ဆေးကုသရန်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Photo-ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here