ချမ်းမြသာစည်မြို့နယ် ဇွဲထက်ရွှေဆိုင်တွင် လက်လုပ်ဗုံးပေါက်ကွဲမှုထပ်ဖြစ်

0
471

ချမ်းမြသာစည်မြို့နယ် ဇွဲထက်ရွှေဆိုင်တွင် လက်လုပ်ဗုံးပေါက်ကွဲမှုထပ်ဖြစ်


မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ ၆၂လမ်းနှင့်နှင်းဆီလမ်းဒေါင့်၊၁၀၉လမ်းနဲ့ ၁၁၀လမ်းကြားရှိ ဇွဲထက် စိန်ရွှေရတနာဆိုင်ခွဲ အမှတ်၁၂တွင် မတ်လ၃၀ရက် မွန်းလွဲ၁နာရီခန့်က လက်လုပ်ဗုံးဖြင့် ပစ်ခံရပြီး ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့အသိုင်း အဝိုင်းမှ သိရသည်။

“ဒီနေ့တစ်ရက်တည်း မန္တလေးက ဇွဲထက်ရွှေဆိုင်၂ဆိုင်ကို လက်လုပ်ဗုံးနဲ့ ပစ်ခံရတယ်။တစ်ဆိုင်က ၈၄လမ်းပေါ်ကဆိုင်၊နောက်ထပ်ပစ်ခံရတာက ၆၂လမ်း၊မနော်ဟရီလမ်းမြောက်ဘက်နားက ဆိုင်ပါ။၈၄လမ်းဆိုင်ကတော့ လူထိခိုက်ဒဏ်ရာရရှိတာတွေရှိခဲ့တယ်လို့ သိရပါတယ်။၆၂လမ်းဆိုင်ကတော့ လူထိခိုက်ဒဏ်ရာရရှိတာမရှိဘဲ ဆိုင်ကိုစျေးလာဝယ်တဲ့ ဟိုက်ဂျက်မော်တော်ယာဉ်တစ်စီး ပျက်စီးထိခိုက်မှုနည်းနည်းဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်´´ဟု မန္တလေးမြို့ခံတစ်ဦးကပြောသည်။
အလားတူ မတ်လ၃၀ရက်မွန်းလွဲ၁၂နာရီ၃၀မိနစ်ကလည်း မန္တလေးမြို့လယ်၊ချမ်းအေးသာစံမြို့နယ်၊ချမ်းအေးသာစံအလယ်ရပ်ကွက်၊၈၄လမ်းနှင့်လမ်း၃၀ဒေါင့်ရှိ အမှတ်၁၁ ဇွဲထက် စိန်ရွှေရတနာအရောင်းဆိုငကိုလက်လုပ်ဗုံးပစ်ခံရပြီး အမျိုးသား၅ဦး အမျိုးသမီး၁
ဦးထိခိုက်ဒဏ်ရာရရှိမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ချမ်းမြသာစည်မြို့နယ်တွင် မတ်လအတွင်းမှာ ယနေ့ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုအပြင် လက်လုပ်ဗုံးပေါက်ကွဲမှုနှင့်သေနတ်ဖြင့်ပစ်ခတ်မှုများသည် ၇ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here