လူမှုကွန်ယက်စာမျက်နှာများအသုံးပြု၍ ငွေစ က္ကူအတုရရှိမည်ဟုပြောဆိုကာ ငွေကြေးလိမ် လည်သူ ၇ ဦးအားဖမ်းဆီးရမိဟု နစက ထုတ်ပြန်

0
172

လူမှုကွန်ယက်စာမျက်နှာများအသုံးပြု၍ ငွေစ က္ကူအတုရရှိမည်ဟုပြောဆိုကာ ငွေကြေးလိမ် လည်သူ ၇ ဦးအားဖမ်းဆီးရမိဟု နစက ထုတ်ပြန်

နစက ၏လုံခြုံရေးအဖွဲ့ဝင်များက ငွေစက္ကူအတုများဝယ်ယူရရှိနိုင်ကြောင်း ရေးသားပြောဆို၍ ငွေကြေးလိမ်လည်သူများအား အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းကာ နည်းပညာအကူအညီဖြင့် ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။

အထူးအမှုစစ်အဖွဲ့မှ လူမှုကွန်ယက်စာမျက်နှာတွင် Shine Money ငွေတုရောင်းဝယ်ရေး Page ပိုင်ရှင်ဖြစ်သည့် ဧရာဝတီတိုင်း၊မြန်အောင်မြို့ နယ်၊ကျွဲတဲကုန်းကျေးရွာအုပ်စု၊ညောင်ဝင်းကျေး ရွာနေ ဇွဲဝေဖြိုး(၂၂)နှစ်နှင့်အေးပပမျိုး(၁၈)တို့အား မတ် ၃ ရက်ည ၉ နာရီခွဲတွင် ငွေစက္ကူအတုများရရှိမည်ဖြစ်ဟုပြောဆိုကာ ငွေကြေးလိမ် လည်ရာ၌ အသုံးပြုသည့် Facebook Page များဖွင့်ထားသော ဖုန်း ၃ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် “ပိုင်ကြီးပိုင်ကြီး”Page၊“ကွီးကောင်းမြတ်” Page၊“ခြူးခြူး”Page၊ထိုင်းဘာသာဖြင့် ရေးသားထားသည့် Page များအသုံးပြုသည့် မြန်အောင်မြို့နယ်၊ကနောင်မြို့၊ကျွဲတဲကုန်းကျေးရွာအုပ်စု၊ညောင်ဝင်းကျေးရွာနေ သက်ပိုင်ဖြိုး (၃၀)နှစ်အား ယင်းနေ့ည ၉ နာရီ ၄၅ မိနစ်အချိန်၌ ထပ်မံဖမ်း ဆီးရမိခဲ့သည်။

အလားတူ မြန်အောင်မြို့နယ်၊ကနောင်မြို့၊ကျွဲတဲကုန်းကျေးရွာအုပ်စု၊ညောင်ဝင်းကျေးရွာနေသူ များဖြစ်သည့် “အောင်ကောင်းမာန်”ငွေတုစက္ကူဖြန့် ဖြူးရောင်းဝယ်ရေး Facebook Page ပိုင်ရှင် ဟိန်းထက်ဖြိုး (၁၈)နှစ်အား ည ၁၁ နာရီခွဲ၊“ငွေတုရောင်းဝယ်ရေး ”Facebook Page ပိုင်ရှင် သက်ဝေခိုင်(၁၈)နှစ်၊အေးပြည့်စုံ(၁၇)နှစ်၊အောင်ခန့်ပိုင်(၁၇)နှစ်တို့ကိုလည်း ည ၁၀ နာရီခွဲ၌ ဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ ၇ ဦးအား ကနောင်နယ် မြေရဲစခန်းက ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဂ) ဖြင့်အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here